ကျနော်ရဲ့ ဇာတိမြို့လေး

0
147

 (၁)
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
Nike, Giordano, Crocodile တွေမသိဘူး။
ကျနော်သိတာက . . . .
အဖေကိုယ်တိုင် ချုပ်ပေးတဲ့ ရှပ်အင်္ကျီလေး နဲ့
သဲတော၀မ်းတွင်းက ထွက်တဲ့ လုံချည်တွေပဲသိတယ်။
(၂)
Toyota, Mzada, Nissan, Suzuki ဆိုတဲ့ ကားတွေမသိဘူး။
ကျနော်သိတာက……..
နွားတစ်ရှဉ်းဆွဲတဲ့ နွားလှည်း နဲ့
မြင်းတစ်ကောင်ဆွဲတဲ့ မြင်းလှည်းပဲသိတယ်။

(၃)
Telephone, Handphoneတွေ မသိဘူး။
ကျနော်သိတာက . . . .
၇ အိမ်ကြား ၈အိမ်ကြား အော်သံတွေနဲ့
“ရွာအနောက်ပိုင်းကို ညည်းရောက်ရင်
သာလှကို အိမ်ကိုလာဖို့ပြောပေးပါ” ဆိုတဲ့
လှမ်းမှာသံတွေပဲကြားရတယ်။

(၄)
VCD, DVD, TV, Internet တွေ မသိဘူး။
ကျနော်သိတာက . . . .
သူကြီးအိမ်က ၁၄ လက်မ Black and White TVလေးပါပဲ။

(၅)
ဘာဂါ၊ ပီဇာ၊ ဒိုးနပ်တွေ မသိဘူး။
ကျနော်သိတာက . . . .
အရီးလေးရဲ့ ဘိန်းမုန့် နဲ့ မုန့်ပျားသလက်ပါပဲ။

(၆)
မနက်စာအဖြစ်စားကြတဲ့
ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ကို မသိဘူး။
ကျနော်သိတဲ့ . . . .
မနက်စာကတော့ မနေ့ညက ကျန်တဲ့
ထမင်းကြမ်းကို ပဲပေါင်း နဲ့ စားတာပါပဲ။

(၇)
လျှပ်စစ်မီး၊ အင်ဗက်တာ မသိဘူး။
ကျွန်တော်သိတာက . . . .
လပြည့်ည နဲ့ ရေနံ့ဆီနီးခွက်လေးပါပဲ။

(၈)
အဲယားကွန်း၊ ရေခဲသတ်တာတွေ မသိဘူး။
ကျနော်သိတာက . . . .
သင်ဖြူးဖျာလေး နဲ့ မြေအိုးလေးထဲက ရေလေးတွေပါပဲ။

(၉)
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။

(၁၀)
အခု ကျနော်မသိတာတွေ သိတယ်။

 

+ ဖိုးဂျယ် +

ပဲပေါင်း=ပဲပြုတ် (ပျဉ်းမနားက ပဲပြုတ်ကိုပဲပေါင်း ဟုခေါ်ပါသည်။)

Via: (ဖိုးဂျယ်)