ကျွန်တော်တော်တော်ညံ့ခဲ့တယ်။

0
164
ဂျူးကတော့နိုင်ငံနဲ့ချီပြီးပြောသွားတယ်။ကျွန်တော်ကတော့ကျွန်တော့်အကြောင်းလေးဘဲပြောပါမယ်။ 
နာမည်
အိမ်ကအဒေါ်ကခေါ်တော့ငဆော့တဲ့။ကျောင်းကအထက်တန်းဆရာမကတော့ကုတ်ကမြင်းတဲ့။တက္ကသိုလ်ရောက်တော့ ဆရာမက အိုဘားမားတဲ့။သူငယ်ချင်းတွေကတော့...။နာမည်တွေကလည်း ထူးဆန်းတယ်ဗျာ။သူငယ်ချင်းအချင်းချင်း နာမည်ရင်းတွေကို တောင် မေ့နေကြတယ်။နာမည်ပြောင်တွေကိုဘယ်တော့မှမမေ့ကြဘူး။တခြားနာမည်တွေကြားရင်ပိုတောင်ဆန်းသေးတယ်။ ဆယ်ပြား၊ချပ်ပြား၊လုံးစိ၊စုတ်ချီး၊ခိုကြီး၊ပြောင်ကြီးတို့ဆိုပြီးရှိသေးတယ်။အဓိပ္ပါတယ်တော့မပြောပြတော့ပါ။တော်ကြာရွာတောင် ပြန်မရမှာစိုးလို့ပါ။ စာအုပ်စာပေ ငယ်ငယ်တုန်းကတော့စိမ်းလန်းသစ်ပင်လေးစဖွင့်ခါစတော့ရောက်ဖြစ်သေးတယ်။နောက်ပိုင်းတော့မရောက်ဖြစ်တော့ဘူး။ အဲဒီ တုန်းက ဒေါ်မိမိလေးစာပေဟော်ပြောပွဲနေ့မှာ စင်ပေါ်တက်စကားပြောရင်း ငိုတာကိုဘာကြောင့်မှန်းမသိဘူး။ အခုမှနာလည်လာ တယ်။ ကိုယ်မြို့ကိုယ်ရွာအတွက်ဘယ်လောက်များ ၀မ်းသာလိုက်မလဲလို့။ စာဖတ်အားကောင်းပုံကြွားရဦးမယ်။ ဒဂုန်တာရာနဲ့ တာရာမင်းဝေကသားအဖလား။ကြည်အေးဆိုတာယောက်ျားလေး၊မိန်းကလေးတောင်မကွဲဘူး။ဒါပေမဲ့ချစ်ဦးညိုလောက်တော့ မဆိုးသေးပါဘူး။သူကျတော့ သူနာမည်ကို မော်တော်နာမည်ဆိုပြီး အထင်ခံရတာ။တိုတဲ့တုတ်နဲ့သွားတိုင်းရတာပေါ့ဗျာ။
နွားခြေရာခွက်ထဲကစာကလေး
သူများတွေတော့မသိဘူး။ကျွန်တော်တို့ကျောင်သားဘ၀တုန်းကအားကျစရာသိပ်မရှိလှဘူးဗျာ။ကျောင်းစာဆိုလည်း အထင်မကြီး ကြဘူး။ စာကျက်နိုင်တဲ့သူကအမှတ်များကြတာ၊ကျက်ဖြေ"ဆိုပြီးကျောင်းသားတိုင်းရဲ့အကြောင်းပြချက်လေးပေါ့ ဗျာ။ကျောင်းသား၊ ကျောင်းသူတွေက ဗိုလ်ချုပ်ရဲ့မွေးနေ့သာမသိသာနေမယ်။ ချစ်သူများနေကြသိကြတယ်။
ပညာရေး
ဆရာလယ်တွင်သားစောချစ်ပြောသလိုပထမဆိုတဲ့တံခါးကိုဘယ်တော့မှမခေါက်ခဲ့ပါဘူ။ကိုယ်ဟာကိုယ်နောက်မှဘဲနေတာပါ။ ဒါတောင်နောက်တန်းရဖို့လုရသေးတယ်။နောက်တန်းကလွတ်လပ်တာကို။တစ်ခါတော့ ပညာလိုချင်စိတ်လေး ဖြစ်ခဲ့ဖူးတယ်ဗျာ။ မရှိတာစာရရင်တော့တော်သေးတာပေါ့နော်။ကိုးတန်းကဆရာတစ်ယောက်ပါ။ကျောင်းခန်းထဲ၀င်၀င်ချင်းမင်းတို့တွေ Think Power ရှိရမယ်ဆိုပြီး၊ပညာရဲ့တန်ဖိုးတွေပါပြောသွားတယ်။
အားကစား
"စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့" ဆိုတဲ့အသံချဲစက်ကအသံလေးကြားရင်မြို့ကလေးလည်းဆောင်း ရာသီမနက်ခင်းလေးမှာ နိုးထလာခဲ့ပါပြီး။တချို့လည်းသူငယ်ချင်းတွေနဲ့၊တချို့လည်းမိသားစုနဲ့အဖွဲ့လိုက်လမ်းလျှောက်ကြပါတယ်။ အများအားဖြင့်ရွာသာယာ၊လည်ငေါက်ဘက်များပါတယ်။စုရပ်ရောက်ရင်ထမင်းနှဲ၊ကောက်ညှင်းတို့ဝေလေ့ရှိတယ်။တစ်ချို့လည်း ရွတ်နောက်နောက်နဲ့ နှစ်ခါ၊သုံခါတန်းစီးကြတယ်။ကျွန်တော်လည်းအပါအဝင်ပေါ့။တစ်ခါတည်းပါဗျာ။ကျွန်တော်တို့ငယ်ငယ်တုန်းက ဘောလုံးကွင်း ထဲမှာဘောလုံးပြိုင်ပွဲတွေရှိသေးတယ်။အကော်ဒီယံအုန်းကျော်ရဲ့"ရတနာရွှေပြည်အလွန်ကြွယ်၀သည်။ သယံဇာတ ပေါတဲ့တို့ရဲ့တိုင်းပြည် " ဆိုတဲ့သီချင်းသံကြားတိုင်း ဘောလုံကွင်းထဲရောက်သွားသလို ခံစားရတယ်။အားလပ်ချိန်ပေးတိုင်း အသံ ချဲ့စက်က ဒီသီချင်းဘဲ အမြဲဖွင့်နေကြကိုး။မြို့ခံရပ်ကွက်ပွဲတွေထက် ရွာပွဲတွေက ပိုစည်တယ်။ရွာထဲမှာတော့ ပြန်လှည့်ပွဲက လူပိုများတယ်။ရွာလုံကျွတ်ဘဲ။ဘောလုံးပွဲအပြင် တစ်ခါတစ်လေရန်ပွဲလည်း ကြည့်ရသေးတယ်ဗျ။ဘောလုံးသမားတွေထဲ တခြား သူတွေတော့ မမှတ်မိဘူး။ရွာသာက မီးခဲတော့ မှတ်မိတယ်။ပြိုင်ဘက်အသင်းကပရိသတ်က တောင်ချီးကျူးရတယ်။ အဲဒီတုန်းက မျိုးဆက်သစ်တွေကို ကျောင်းတွေကမွေးထုတ်နိုင်သေးတယ်။ တချို့ကျောင်းသားတွေဆို ကျောင်းသားပွဲတွေကနေ မြို့နယ်၊ တိုင်းအထိတောင် အရွေးခံရတယ်။၀မ်းနည်းစရာကောင်းတာက နောက်ပိုင်းအားကစာသမားတွေအတော်များများက အရက် သမား ဖြစ်သွားတာများတယ်။ ပိုက်ကျော်ခြင်းပွဲလည်းခေတ်စားခဲ့သေးတယ်ဗျာ။အများအားဖြင့်တော့ ကုလားတန်းကိုမင်းဒင် အဖွဲ့က အမြဲရတာများတယ်။ပြိုင်ပွဲတွေပြီးရင်ချိန်းပွဲဆိုပြီးရှိသေးတယ်။တခြားမြို့ကအဖွဲတွေနဲ့ပြိုင်ကြတာများတယ်။ ကြေးစား ပွဲပေါ့။အဲဒီပွဲတွေက ပိုကောင်းတယ်။ပရိသတ်လည်းကျိတ်ကျိတ်တိုးဘဲ။
တိုးတက်လာတာလား၊ဆုတ်ရုတ်လာတာလား
ကျွန်တော်တို့ငယ်ငယ်တုန်းကညနေခင်းဆို ဘောလုံးကွင်းမှာ လူတွေပြည့်နေတာများတယ်။ ကလေးရော၊လူကြီးပါဘောလုံး ကန်ကြတယ်။ အခုတော့ကန်တော့ကန်နေကြတယ်။ဘောလုံကွင်းမှာမဟုတ်တော့ပါ။TV Game တွေထဲမှာပါ။ကလေးကအစ မန်ယူ၊အာကြီး၊ချယ်ဆီးတို့ကိုသူတို့ရဲ့ငယ်ပေါင်းများပမာ ပြောတတ်နေကြပါပြီ။လူကြီးတွေကအရင်တုန်းကကွမ်းယာဆိုင်က ဆယ်တောက်ခုံတွေမှာများတယ်။အခုတော့ကျူတံလေးတွေကိုင်လို့ ဘိလိယက်ခုံရောက်နေကြပါပြီ။အခုယင်းမာပင်မှာ ဘီယာ ဆိုင်တောင်ရှိပြီလေ။
အလုပ်အကိုင်
ကျွန်တော်အထင်ပြောရရင်ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိလှဘူးဗျ။မိန်းကလေးဆို စျေးရောင်းရင်ရောင်း၊ ဆရာမလုပ်လုပ်ရင်လုပ်။ယောက်ျာဆိုကွမ်းယာ ရောင်းရင်ရောင်း၊ဆီဆိုင် လုပ်ကြတာများတယ်။နိုင်ငံရေးလောကမှာ "အမေက မွေးထောင်ကကျွေး"ဆိုပြီး ရှိတယ်။ ကျွန်တော်တို့ မြို့လေးကတော့"အမေကမွေး မလေးမှာ အလုပ်လုပ်" ပြောင်းရမလိုဖြစ်နေပြီး။ ရွာတွေမှာဆို လယ်လုပ်ဖို့ယောက်ျားတွေတောင်အတော်ရှားသွားတယ်။
လာချင်ရင်အနီးလေး
အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာတယ်။ရန်ကုန်ကိုတောင်တိုက်ရိုက်ကားဆွဲနေပြီ။ဖုန်းလိုက်တွေလည်း ကောင်းမွန်လာ တယ်။အင်တာနက်ကတော့အင်တာနှေးနေဆဲပါ။
ပွဲလမ်းသဘင်
အခုနှစ်တွေအတွင်းပွဲလမ်းသဘင်တွေလည်းအတော်နည်းသွားတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ပွဲလမ်းသဘင်တွေအတော် များတယ်။လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့၊ရွှေစေတီဘုရားပွဲ ကြားပွဲတွေလည်းအများကြီးရှိသေးတယ်။သီတင်းကျွတ်ဆိုလည်း ည ၇:၀၀ နာရီနဲ့ ၈:၀၀ ကြားကြည့်မဘဲမီးထွန်းပွဲမြင်ရတယ်။နောက်ကျရင်ဖြစ်ဖြစ်၊စောရင်ဖြစ်ဖြစ်အကုန်မမြင်ရဘူး။ အဆိုးဆုံး ကတော့ သင်္ကြန်မှာ မဏ္ဍန်မပါတာဘဲ။လူငယ်တွေ တရားစခန်းဘဲဝင်ရမလိုဖြစ်နေတယ်။မိတ်ဆွေ၊အပေါင်းအသင်း၊သူငယ်ချင်း၊ မိသားစုဝင်တော်တော်များများက သင်္ကြန်ပြန်ဆုံကြတာများတယ်။