ကွန်ပျူတာ သင်တန်း

0
155

ယင်းမာပင်မှာ ကွန်ပျူတာ သင်တန်း ဖွင့်ခဲ့တာ ကြာပါပြီ။ ကိုစန်း၀င်းမောင်နဲ့ မလင်းလင်းဦးတို့က သင်တန်းကို ဦးဆောင် သင်ပေးနေကြပါတယ်။ နှစ်ယောက်စလုံး ရန်ကုန်၊ မန္တလေးမြို့တွေမှာ သင်တန်းတက်၊ အလုပ်လုပ်ခဲ့ဖူးပြီး ယခုအခါကိုယ်မြို့၊ ကိုယ့်ရွာမှာ ကွန်ပျူတာ နည်းပညာ များကို မျှဝေပေးလျက် ရှိပါ တယ်။ အခုလိုသင်တန်းတွေရှိလာတဲ့အတွက် ယင်းမာပင်က လူငယ်များအတွက် ကျောင်းအားရက်မှာ သင်တန်းတွေတက်နိုင်လာပြီး ကွန်ပျူတာနဲ့ ပိုပြီးနီးစပ်လာစေပါတယ်။ မိဘတွေ ကလည်း စိတ်ပါဝင်စားမှု ရှိကြတဲ့အကြောင်းလည်း သိရပါတယ်။

ယခင်ကတော့ အင်တာနက် သင်တန်းဆိုရင် ယင်းမာပင်မှာ စာတွေ့အရင်သင်ပြီး လက်တွေ့ကို သင်တန်းမှ ဆရာ၊ ဆရာမများ လိုက်ပြီး မုံရွာမှာ သွားရောက် လေ့ကျင့် သင်ကြားမှ ရပါတယ်။ ယခုအချိန်မှာတော့ ယင်းမာပင်မှာ အင်တာနက် သုံးလို့ရလာပြီ ဆိုတော့ အင်တာ နက်သင်ရင် ယင်းမာပင်မှာပဲ ကျင့်လို့ ရပါပြီ။ Internet ၁၀ လိုင်းယူထားပြီး ၉ လိုင်းကိုတော့ private အဖြစ် အသုံးပြုနေကြပါပြီ။ Public အနေနဲ့ စရီဇာမှာ တပ်ဆင်ထားပြီး အခုတော့ ကွန်ပျူတာတစ်လုံးနဲ့ စဖွင့်ထားတယ်လို့ သိရပါတယ်။