ခါးချိတ်ဖုန်း တကယ်ဖြစ်တော့မည်

1
207
စစ်ကိုင်းတိုင်း အတွင်း ၂၀၁၁ ဇန်နဝါရီလတွင် ပထမအဆင့်အဖြစ် GSM တယ်လီဖုန်း အလုံးရေ ငါးသောင်း ချထားပေးနိုင်ရန်အတွက် ကသာ၊ ရွှေဘို၊ မုံရွာ၊ ကလေး၊ စစ်ကိုင်း၊ ခင်ဦး၊ ရေဦး၊ ဟုမ္မလင်း၊ ဘုတလင် စတဲ့မြို့များမှာ GSM တာဝါတိုင်ပေါင်း ၁၇ တိုင်ကို စိုက်ထူနေတယ်လို့ သိရပါတယ်။ တာဝါတိုင် တစ်တိုင်ကို GSM မိုဘိုင်းဖုန်း သုံးထောင်အထိ အသုံးပြုနိုင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

၂၀၁၁ နို၀င်ဘာလက ကလေးဝမြို့မှာ CDMA 450 လိုင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ဖုန်းအလုံးရေ (၇၅၀) အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲဒီလိုပါပဲ ယင်းမာပင်မြို့နဲ့ အိမ်နီးချင်း ပုလဲမြို့မှာလည်း CDMA 450 တယ်လီဖုန်းရုံး အဆောက်အအုံသစ်ကို ပုလဲမြို့ အော်တိုအိတ်ချိန်းရုံးအတွင်းမှာ ဆောက်လုပ်နေတာ မို့ မကြာခင်မှာ ပုလဲမြို့မှာလည်း CDMA 450 ချပေးတော့မှာ သေချာပါတယ်။ အဲဒီအချိန်ကျရင်​တော့ကျွန်တော်တို့ ယင်းမာပင်သူ/သားတွေ ဟန်းဖုန်းလေးကို ခါးမှာချိတ်လို့ စတိုင်များလို့ ရသွားပြီပေါ့ဗျာ… (ခုလောလောဆယ်မှာတော့ ဟန်းဖုန်းတွေက ကြိုးဖုန်းနဲ့ ဘာမှ မကွာပါဘူး၊ ဆိုင်ထဲ အိမ်ထဲမှာပဲ ထိုင်ပြောနေရတုန်းပါပဲ…)

အင်္ဂလိပ်လို MobilePhone ဆိုတာကို ကျွန်တော်တို့ အညာက မြန်မာမှုပြုတော့ “ခါးချိတ်ဖုန်း” တဲ့၊ Mobile ကို မူရင်းအတိုင်းမယူဘဲ “ခါးချိတ်” ဆိုပြီး ဘာသာပြန်လိုက်တာကိုပဲ ချီးကျူးမိပါရဲ့…. :D/ မျက်လုံးထဲမှာ ရှင်းကနဲ ပေါ်သွားတယ်။

1 COMMENT