တစိမ်းဆန်တဲ့မုံရွာ

0
193

၆-၁၁-၂၀၁၂

အော်ဒီနေ့က အလှူငွေထည့်တဲ့ အမတစ်ယောက်ရဲ့ငွေကို မုံရွာဘဏ်မှာ သွားထုတ်ရမယ်။ အကိုတစ်ယောက်နဲ့ ချိန်ပြီး စောစော
ထွက်ဖြစ်တယ်။ဦးဘဲဥ လို့ခေါ်တဲ့ မော်တော်ပီကယ် ဖမ်းမှာစိုးလို့ ပိုးမျှင်တက်နေတဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းလို့ မုံရွာမြို့ကြီးကို
မစီးရတာကြပြီဖြစ်တဲ့ ဆိုင်ကယ်လေးနဲ့ ချီတက်ခဲ့ပါတော့တယ်။ ကျောင်းသားဘဝက သွားနေကျဖုန်အလိမ်းလိမ်း(အခုတော့
မထတော့ပါဘူး)နဲ့တံတားဘက်က သွားရင်ကြာမှာ စိုးလို့ အောက်ကူးတို့က ပတ်သွားမှ ပိုဆိုးတော့တယ်။

အဲ့ဒီမှာ စတွေ့တာဘဲ။ အတက်အဆင်းအတွက်က တစ်ခုဘဲ ရှိတယ်။ တက်ရမဲ့ ဆိုင်ကယ်တွေနဲ့ ဆင်းလာတဲ့ဆိုက်ကယ်တွေနဲ့
ပိတ်နေလို့ တစ်နာရီလောက် ကြာသွားတယ်။

Chin-Twin

အရင်ကဆို မုံရွာဖက်ကို သွားဖို့အတွက် အတော်အချိန်ယူရတယ်။ အနည်းဆုံး တစ်နေ့လောက် အချိန်ပေးရတာကိုး။ အခုကျတော့
မုံရွာကို ဟိုနားဒီနားသွားသလို ဆိုင်ကယ်အားကိုးနဲ့ သွားနိုင်ကြပြီ။မုံရွာဘက်ရောက်တော့ နည်းနည်းစောသေးလို့ ဘုရားကြီးပွဲကို
လျှောက်လည်ဖြစ်သေးတယ်။ မနက်ပိုင်းထက် စာရင် ညပိုင်းက ပိုစည်တယ်လို့သိရပါတယ်။

ပွဲခင်းကလည်း အရင်အတိုင်းပါဘဲ။ ဆိုင်တွေလည်း ဒီဆိုင်တွေပါဘဲ။ စားသွားပါဦးလား၊ မြည်းသွားပါဦးလားလို့
ခေါ်တက်တဲ့ မုန်ဆိုင်က မမတွေကလည်း ဖော်ရွေနေဆဲ၊ လှပနေဆဲပါဘဲ။ဘာကြောင့် ငယ်ငယ်က ခံစားမှုမျိုး မခံစားရတာလဲ။
ကလေးဘဝတုန်းကလို ပျော်ရွင်မှုမျိုး မရနိုင်တော့တာလဲ။ အသက်အရွယ်ကြောင့်လား။ သေချာတာတစ်ခုကတော့ အရင်လို
မိသားစုတွေ တပျော်တပါး မလာနိုင်တော့တာလည်း ပါမယ်ထင်တယ်။

Monywa-Pagoda-Pwe

နေ့လည်းခင်းကျတော့ ကျောင်းသားဘဝတုန်းက ကျောင်းပြေးပြီးထိုင်နေကျ အရိပ်စစ် ဆိုင်လေးကို သွားထိုင်ဖြစ်သေးတယ်။
အရိပ်စစ်ဆိုင်လေးကဘဲ နေရောင်လေးတွေကျပြီး အရိပ်မစစ်တော့လို့လား။ စားပွဲထိုးလေတွေရဲ့ အားကစား အင်္ကျီ တွေက
နောက်အသင်းအင်္ကျီ ပြောင်းသွားလို့လား။

ကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေနဲ့ ခုံသုံးလေးခုံ ဆက်ပြီး ပျော်ပျော်ပါးပါးစားကြ၊သောက်ကြနဲ့။ကိုယ်မှာတဲ့ မုန့်တစ်ခါစားပြီး
ကိုယ်အလှည့်ပြန်ရောက်တော့ မုန့်မရှိတော့သလိုလုစားကြရတဲ့ ခံစားမှုမျိုးလွမ်းဆွတ်တမ်းတမိတယ်။အခုတော့လည်း ခုံလေးတွေက
ကိုယ်ကို ကြည့်ပြီး လှောင်ပြောင်နေသလို။ မှာနေကျ ကော်ဖီလေးကလည်း အရင်လို မခါးသလို၊အေးစက်စက်နဲ့ တစ်ခုခုလို နေသလို
ခံစားနေရတယ်။ အဝေးသင် ကျောင်းသား၊ ကျောင်းသူလေးတွေကလည်း ကိုယ်နဲ့ မဆိုင်တော့သလို ဘေးကထိုင်ကြည်နေမိတယ်။

မစားရတာကြာပြီ ဖြစ်တဲ့ မုံရွာကွမ်းယာလေးကလည်း စားရင်း၊ ဝါးရင်း ကံဆိုးစွာဘဲ ပါးစပ်ထဲမှာထုံးပေါက်သွားတယ်။ပေ(၈၀)
ဓာတ်ဆီရောင်းတဲ့ဆိုင်လေးမှာ ဆီထည့်ပြီး ညနေတိုင်းစီးနေကျ ကျောက္ကာလမ်းလေးပေါ် စီနှင်းရင်းတစိမ်းဆန်တဲ့ ပတ်ဝန်းကျင်ကို
ငေးကြည့်နေမိတော့တယ်။

အိမ်အပြန်လမ်းကိုတော့ တံတားဖက်က ပြန်ဖြစ်တယ်။ ဂိတ်ဝင်ကြေး တောင်းတိုင်း နောက်ကလူပေးမယ်ဆိုပြီးနောက်ဆုံးက ကျတဲ့
သူငယ်ချင်းကို နှိပ်စက်ဖူးတယ်။ဒဏ်ရာဒဏ်ချက်တွေနဲ့ အရိုးပြိုင်းပြိုင်းထနေတဲ့ ချင်တွင်းမြစ်ကြီးကိုလည်း လူနာမေးခဲ့ပါသေးတယ်။

Chin-Twin-River

တယ်ပင်ကံရွာက တစ်ဦးတည်းအလှူရှင်မှ လှူဒါန်းထားတဲ့ မူလတန်းကျောင်းလေးဖြစ်ပါတယ်။

Yinmarbin-Village-Primary-School

တယ်ပင်ကံရွာအဝင်တံတားအောက်က ချောင်းလေးဖြစ်ပါတယ်။

Yinmarbin-Stream

သမိုင်းဝင် အင်းကြင်းတောင်တော် ပုပ္ပါးတောရကျောင်းလေးဖြစ်ပါတယ်။

Yinmarbin-Pagoda

ဘယ်တော့မှ ကြည့်တိုင်းမရိုးနိုင်တဲ့ ရှေးဟောင်းသမိုင်းဝင်ဖိုလ်ဝင်တောင် လမ်းခွဲလေးပါ။

Phoe-Win-Taung

ဒီလိုနဲ့ဘဲ ဒုတိယရက်ကိုတစိမ်းဆန်တဲ့ မုံရွာမြို့လေးကိုသွားရင်း ကုန်ဆုံးခဲ့ပါတော့တယ်။