နွေဦးတေးသံ

0
224

(၁)
ရွက်ဝါတိုကြွေ
လေအနှောက်
နွေပေါက်လို့ လာပြန်ပေါ့ . . .။

(၂)
ရွက်ကြွေကျသံ
ငှက်တွေက ညံ
မြိုင်ယံ လူသံတိတ်ပေမယ့်
မဆိတ်အောင် ညံ. . .။

(၃)
ကွင်းတစ်လျောက်
ထင်းကောက်တဲ့ အသံ
တဘက်ခင်း
သရက်ကင်းကောက်တဲ့အသံ
သုတ်လေအနှောမှာ
အုတ်ရွှေသြက တွန်လိုက်ပြန်
နွားခလောက်သံ နွားငေါက်သံ
ရိုးပြတ်တောက ဟောဟောညံ
အဲဒီအသံတွေ
အဆိုတော်ကြီး မေလှမြိုင် ဆိုမသွားရတဲ့
နွေဦးတေးသံတွေ . . .။

+ မောင်လင်းကြည် +

Via : ချင်းတွင်းမဂ္ဂဇင်း (ဧပြီ၊ ၂၀၀၉)