ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲ

1
251

ယင်းမာပင်မြို့ အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ
၃၁ ရက်နံနက် ၉ နာရီက အဆိုပါကျောင်းရှိ တေဇ အဆောင်၌ ကျင်းပရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၇၀ ဦး၊ ကန်တော့ပွဲ ကျင်းပရေး
ကော်မတီ ဝင်များနှင့် ကျောင်းသား၊ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ကန်တော့ ခံဆရာကြီး၊ဆရာမကြီး (၇၀)ဦးအား ကျောင်းသား၊ကျောင်းသူဟောင်းများက တစ်ဦးလျှင် ငွေကျပ် ၇၀,၀၀၀ နှင့်အတူ ကန်တော့ခံပစ္စည်း များဖြင့် ကန်တော့ကြပြီး အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဌ ဦးစိုးမြင့်ချိုက ကန်တော့ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးသုံးဦးက သြဝါဒစကားချီးမြင့်ပြီး ကျောင်းသားတစ်ဦးက ကျေးဇူးတင်းစကား ပြောကြားသည်။

အဆိုပါ မြတ်ဆရာပူဇော်ကန်တော့ပွဲ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကို ဒီဇင်ဘာ ၃၀ ရက် က အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပရာ စာရေးဆရာကျော်ရင်မြင့်က ပတ္တမြားစန္ဒကူးခေါင်းစဉ်ဖြင့် ဟောပြောပြီး၊ ဦးဘုန်း(ဓာတု)က ကျောင်းရှေ့က ခေါင်းလောင်းသံ ခေါင်းစဉ်နှင့် ဆရာမ ဒေါ်မမနိုင်(ရုပ်သေး မန္တလေး) က ကကြိုးခေါင်းစဉ်တို့ ဖြင့် ဟောပြောခဲ့ကြကြောင်း သိရသည်။

1 COMMENT

  1. Very nice,more congratulation to every body, I knew only one is Saya U Hla Tun.I am very glad for his good
    health, and also more remember my parents.I feel very hard and special request to Paya,Please they may have good place,peace and pleasure.