ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်

0
195

လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ များအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသားကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်တော့ ဒီနှစ်တော့ အညာမြို့လေးကို ပြန်ခွင့်ရခဲ့ပြီ။ အပြန်ကျရင်တော့
ညီအစ်ကိုမောင်နှမ များအတွက် အလွမ်းဖြေစရာလေးတွေ ပါနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အော် ဒီနှစ်တော့ အညာမြေရဲ့ သင်္ကြန်ကို ကိုယ်တိုင်ဆင်နွဲရတော့မယ်။ မြို့မရဲ့ မွန်းကျက်တဲ့ဘဝထဲကနေ ခဏတာအဖြစ် ထွက်ပြေးခွင့်ရခဲ့ပြီ။ ဒီနှစ်တော့ အတိုးချပြီး ပျော်လိုက်တော့မယ်။ ယင်းမာပင်မြို့ကို ကိုယ်စားပြုတဲ့
တမာပင်တွေ အစီအရီပေါက်နေတဲ့ တမာနံ့လေး သင်းနေတဲ့ ကတ္တရာလမ်းနဲ့၊ အိမ်ရှေ့မိုးရွားတိုင်း ရွံထတဲ့ မြေနီလမ်း တွေကို ကိုယ်တိုင်လျှောက်လမ်းခွင့် ရတော့မယ်။ သတိရတိုင်း R1 ကဓာတ်ပုံတွေကိုဘဲ ကြည့်ကြည့်နေရတဲ့ ဘဝကနေ
ကိုယ်တိုင် ကန်ဘောင်ပေါ်သွားပြီး ထိုင်ကြည်ခွင့်ရတော့ မယ်။

မမြင်တာကြာပြီဖြစ်တဲ့ သံတံတားအိုလေးလည်း ကားသွားတိုင်း တုန်နေသေးလား။ အရင်လို ဘုံးချောင်းလေး တသွင်သွင်စီးဆင်နေ သေးလား။ သရက်ပင်အို ကြီးရော အရင်လို ကလေးတွေ လက်တည့်စမ်းဖို့ သရက်သီးအကင်းလေးတွေ သီးနေသေးလား။ သိချင်လာပြီ အဝေးပြေးကားကြီးရေ ငါကို မြန်မြန်ပြန်ပို့ပါတော့တစ်ခါက ငါရဲ့ တမာမြို့လေးကို။