ဗြောသံ

0
183

(၁)
တောဆန်တယ် ပြောပြော
ဗြောသံကိုတော့
ကြားချင်တာ အမှန်။

(၂)
တောအပြန် ဗြောသံကြားတော့
နားမှာတွေ့လို့ မရိုးစရာဖန်
တရား ဓမ္မာတွေ့ဖို့ နိုးလာပြန်
ပလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ရိုးရာဗြောစည်သံ။

(၃)
တောအလှူ ဗြောဆူပေးတော့
တောသူလေးတို့ မြူးကြွဟန်
ချောမူသွေးမို့ အထူးလှပြန်
ပလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ဗြောစည်သံ။

(၄)
တောအလှူ ဗြောဆူတီးတော့
သက်ကြားအိုတို့ ကြည်နူးပြန်
မဂ်ခရီး ဖိုလ်သို့ ရည်စူးပန်
မလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ရိုးရာဗြောစည်သံ။

+ မြဝင်း (ဒဿန) [သဘင်မဂ္ဂဇင်း] +

Via : ချင်းတွင်းမဂ္ဂဇင်း (မေလ၊ ၂၀၀၉)