ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း

0
136

ယင်းမာပင်မြို့လေးရဲ့ မဟာဇော်တိကရာမ ဘုန်းတော်ကြီးပညာသင်ကျောင်းကို ၁၉၉၃ ဇွန်လ ၁ ရက်နေ့မှာ အစိုးရရန်ပုံငွေ အနည်းအကျင်းနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။အခုကျောင်းလေးမှာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၁၅ ဦးရှိပြီးအများအားဖြင့် ကျောင်းသား၊ကျောင်းသူ
များမှာ ရှမ်ပြည်နယ်တောင်ပိုင်နှင့်မြောက်ပိုင်းမှ ဆင်းရဲ့ချိုတဲ့သော ပအို့၊ပလောင် ကလေးများဖြစ်တယ်လို့သိရပါတယ်။ယောက်ျားလေးများကို
ရှင်သာမနေအဖြစ် ဘုန်းကြီးကျောင်းများမှာဘဲ သတင်းသုံးစေတယ်လို့ သိရပါတယ်။ဒါအပြင် မြို့လေးမှ ဆင်းရဲ့နွမ်းပါးသော ကလေးများလည်း တက်ရောက်သင်ကြားကြတယ်လို့သိရပါတယ်။သူငယ်တန်းမှ သ တ္တမတန်းအထိ ပညာနို့ချိုတိုက်ကျွေးပေးလျက်ရှိပါတယ်။

Yinmarbin-Jottika

မူလွန်ကျောင်းအဖြစ် ၇-၆-၂၀၀၅ တွင်မှ အဆင့်မြင့်တင်ခဲ့ပါတယ်။ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀ ဦးရှိပြီး ဦးဇင်တစ်ပါးမှလည်း သင်ကြား
ပေးလျက်ရှိပါတယ်။ ဆရာ၊ဆရာမများ အတွက် လစာအဖြစ် ၁ လလျှင် ၃ သောင်းပေးတယ်လို့သိရပါတယ်။ဒါပေမဲ့ ဆရာ၊ဆရာမ ၃ ဦးမှ
လစာမယူဘဲ သူတို့လစာကို ကျောင်းအတွက် ပြန်လည်အသုံးပြုတယ်လို့သိရပါတယ်။

ကျောင်းလေးကို ရှိုင်းဟုပ်ကုမ္ပဏီမှ ၁-၇-၂၀၁၁ မှ ၁-၇-၂၀၁၄ ခုနှစ်အထိ ကျပ်သိန်းပေါင်း ၇၂ သိန်းတိတိ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ဒါပေမဲ့ ၂၀၁၄ ခုနှစ်ပြီးသွားရင်တော့ နောက်ထပ်မထောက်ပံ့ တော့ဘူးလို့ သိရပါတယ်။ အခုအခါမှာ တော့ ကျောင်းလေးအတွက် နောက်ထပ်
အလှူရှင်ကို အင်တိုက်အားတိုက် ရှာဖွေနေတယ်လို့သိရပါတယ်။ ညီအစ်ကိုမောင်နှမများအနေနဲ့လည်း ပညာရေးအထောက်အပံ့ အဖွဲ့အစည်း
များနဲ့သိလျှင် ဆက်သွယ်အကြောင်းကြားပေးစေလိုပါတယ်။ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်များကတော့

ဖြိုးဝေအောင်(ရန်ကုန်)
၀၉-၄၄၉၀၀၄၁၄၉

မဟာဇောတိကရာမကျောင်းထိုင်ဆရာတော် ဦးကောဝိတ(ယင်းမာပင်)
၀၉-၄၀၀၅၂၉၇၃၃

ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါတယ်။