မြို့ကလေးအတွက် သီချင်း

0
224

Download [Mp3+Lyric]

ကိုယ့်ရဲ့ မြို့ကလေးဆီ − ရင်ဂို

နေ့စွဲများနဲ့ဘဝက
ချည်နှောင်လို့
အဆုံးသတ်လည်းမရှိ
နေ့တိုင်း အလွမ်းတေးတစ်ပုဒ်တော့
အကြိမ်ကြိမ် ဆိုညည်း
ငါကိုယ်တိုင် ထားပစ်ခဲ့တဲ့
ကိုယ့်မွေးရပ်မြေ မြို့လေး
တကယ်ကို ကြိုလင့်တော့
ပြန်လာခဲ့မယ်
မိုင်တွေအများကြီးအဝေးက
ကိုယ့်ရဲ့မြို့ကလေးဆီ
ပြန်လာခဲ့မယ်
မိုင်တွေအများကြီးဝေးတဲ့
တို့ရဲ့မြို့ကလေးဆီ

မေ့ထားဖို့ တကယ့်ကို မဖြစ်တဲ့
(အဓိပ္ပါယ်ရှိတဲ့….)
နေရာဟောင်းလေး
မြို့ကလေးရဲ့အဝေးမှာ
နာကျင်စွာနဲ့
ပစ်သွားပြီးမှ
ကိုယ့်အား ခွင့်မပြုခဲ့တဲ့
ချစ်တဲ့သူလေး ကျေနပ်စေဖို့
ဘဝလေးတစ်ခုကို တည်ဆောက်ဖို့
ပြန်လာခဲ့မယ်

မိုင်တွေအများကြီး ဝေးတဲ့
ချစ်တဲ့ မြို့ကလေးဆီ

CHO:[
ဟိုမှာ စီးဆင်းသွားတဲ့ မြစ်ရေစီးရာ
တို့မြို့ရဲ့ သီချင်းသံစဉ်ပဲ/သံစဉ်လေးပဲ
ရင်တွေခုန် မြန်နေ
အိပ်မက်လေးတိုင်းမှာ
ဘဝတစ်ခုပေး /ပေးခဲ့
]

ဟိုး ကိုယ်မြို့ကလေးက
ခုချိန်ဆို
မှတ်မိဦးမလားတွေး
သိပ်ပြီးသတိရလွန်းလို့
ကိုယ်ပြန်ခဲ့မယ်
မိုင်တွေအများကြီး ခြားတဲ့
ကိုယ့်ရဲ့ မြို့ကလေးဆီ

CHO: [ ] ဒီနေ့တော့လေ

အို့… ကိုယ့်မြို့ကလေးက
ခုချိန်ဆို
စိမ်းလို့ သွားမလားတွေး
သိပ်ပြီးသတိရလွန်းလို့
ကိုယ်ပြန်ခဲ့မယ်…
မိုင်တွေအများကြီး ခြားတဲ့
ကိုယ့်ရဲ့ မြို့ကလေးဆီ
ကိုယ် ပြန်ခဲ့မယ်
မိုင်တွေ ဝေးကွာလွန်းတဲ့
ချစ်တဲ့ မြို့ကလေးဆီ


မင်းရှိနေတဲ့ မြို့ − ဂရေဟမ်

လွန်ခဲ့သော အတိတ်ရဲ့နေ့တွေကို
အတွေးထဲ ဆုံလိုက်တိုင်း
လွယ်လွယ်နဲ့ မေ့ဖျောက်မရနိုင်သလို
ကိုယ်ချစ်သောမြို့ရဲ့နောက်
ထွက်သွားတဲ့ နှစ်တွေရယ်ကြာ
ရင်မှာ လွမ်းဆွတ်လို့
ပြန်လာခဲ့တဲ့ည သူရှိတဲ့ဆီကို

နေပျော်ဖို့ ကောင်းတဲ့အရပ်ကို
ထားရစ်လို့ ချန်ခဲ့ပြီး
မနေချင်တဲ့ အရပ်သို့ ရောက်နေသလို
ဒီမြို့ကလေး လွမ်းဆွေးသမျှကို
ပြောပြလိုက်ချင်ပြီ
ချစ်တဲ့စိတ်နဲ့ ပြန်လာခဲ့တဲ့ည
သူရှိတဲ့ဆီကို…

CHO: [
ကိုယ်ဟာ
မင်းအနီးနားကို ပြေးလာနိုင်ဖို့ အားတင်း
ပျော်ရွှင်ခဲ့တဲ့အတိတ်ကို သိမ်းဆည်းထားတဲ့အတိုင်း
ဟိုတုန်းကလို
မင်းမျှော်နေတော့မယ်
ဒီ လူသားတစ်ယောက်အချစ်ကို/ဝေးနေသေးတဲ့ ကိုယ်ဖက်ကို
လာချင်သေးတဲ့ ခရီး နီးသလို
သူရှိတဲ့ဆီကို
]

ကြယ်စင်များ လမ်းပြလှည့်ပါ
မင်းရှိတဲ့ဆီကို
အမှောင်တွေနဲ့ မည်းမည်း ဘဝလေးကို
မနေချင်ဘူး အနောက်ဖက်အရပ်မှာ
မင်းမရှိတဲ့ ဒီမြို့
စွဲလမ်းခြင်းနဲ့
ရင်မှာ အမြဲတမ်း လွမ်းဆဲ
သူရှိတဲ့ဆီကို

CHO: [ ]
ကိုယ်လေ
ပျော်ရာ ဆုံးဖြတ်ထွက်ခဲ့တယ်
သူရှိတဲ့ဆီကို