ယင်းမာပင်မြိုနယ်ကိုဖြတ်မည့်အာဆီယံလမ်း

0
177

ယင်းမာပင်မြို့နယ်ကိုဖြတ်သွားမည့် အာဆီယံလမ်းမကြီးအတွက် ပဏာမတိုင်းတာမှုများကို  အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံ၊ နေပြည်တော်က စေလွှတ်သည့် ပညာရှင်များ ပူးပေါင်း အဖွဲ့က စတင်ဆောင်ရွက်နေပါသည်။  အာဆီယံလမ်းမကြီးစီမံကိန်းတွင် ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းပိုင်းပါဝင်နေပြီး ယင်းသည် ယင်းမာပင်၊ ပုလဲနှင့် ဂန့်ဂေါမြို့ တို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။ လမ်းပိုင်းပေါ်ရှိ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကို ဆက်သွယ်ပေးမည့် နှောရိုးရွာလမ်းခွဲမှ မြေသားလမ်း စတင်ဖောက်လုပ် လျက် ရှိနေပြီး နှောရိုးလမ်းခွဲ-ကနီလမ်းပိုင်း လမ်းဆောက်လုပ်ရေးအဖွဲ့က ယင်းမာပင်တွင် အခြေချကာ ပုသိမ်-မုံရွာလမ်းမကြီး နှင့် မုံရွာ-ကလေးဝ လမ်းမကြီးကို ဆက်သွယ် ပေးမည့် လမ်းဖြစ်ကြောင်းသိရှိရသည်။ နှောရိုး-ကနီလမ်းပိုင်းပေါ်ရှိ ယမားချောင်းကူးတံတားအတွက်  ယင်းမာပင်မြို့နှင့် (၅)မိုင်ခန့်အကွာ ပြန်လှည့်ရွာအနီးတွင် မြောက်ယမားချောင်း တံတားစီမံကိန်းကို  အောက်ခံမြေသားစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို မြေတူးစက်များဖြင့် စတင်ဆောင်ရွက်လျက် ရှိနေပါသည်။