ယင်းမာပင်အကြာင်း

0
245

ပေါက်ရောက်သောအပင်များ

ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်းဒေသတွင်သာ ပေါက်ရောက်နိုင်သည် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့်ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး ပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှစ်ဝါး၊ တင်းဝါး၊ သနပ်ခါး စ သည်တို့ ပေါက်ရောက်ကြ ပါသည်။ ဆေးဘက်၀င်အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုး ခါ (မင်းကိုးဒါး) စသော ဆေးဘက်၀င်အပင်များ ပေါက်ရောက်ပါသည်။


လူမှူရေး

၀န်ထမ်းတွေအများဆုံးနေထိုင်တဲ့ တောမကျ မြို့မကျ မြို့လေးမို့ ခေတ်နောက်ကျ မကျန်ခဲ့သလို ခေတ်ရှေ့လည်း ပြေးမနေပါဘူး။ မြို့သူမြို့သား အချင်းချင်းလည်း သိနေကြတာမို့ တစ်ခါ တစ်ခါ ရွာလေးနဲ့ တောင် တူနေပါတယ်။ အရင်က လူမှုရေးကိစ္စတွေ ပေါ် လာတိုင်း ဝိုင်း၀န်းအကြံပေး ကူညီတတ်ကြပေမယ့် ခုနောက်ပိုင်းမှာ နည်းနည်းစိမ်းသွားတယ်လို့ ခံစားရပါတယ်။ ခင်ရာ ခင်ကြောင်းတွေလောက်ပဲ ရောက်လာကြတော့တယ်။ ဒါကလည်း နောက်တက်လာတဲ့မျိုးဆက်သစ် လူငယ်တွေရဲ့ ခံယူချက် အ ပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီ နောက်တက်လူငယ်တွေဟာ ရှေးအစွဲအချို့ကို လျော့ချခဲပါတယ်။ ဥပမာ- ဒီမြို့ပေါ်မှာ တိုက်မဆောက်ရဘူး၊
ဆောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် . . . တို့ ၊ အမေရေယာဉ်ရဲ့ နယ်မို့ လှေကို “လှေ” လို့ မပြောရဘူး… “ခေါင်း”လို့ ပြောရမယ် တို့ ၊ ဒီမြို့နယ်သားဖြစ်ရင် တစ်နှစ်တစ်ခါ အမေရေယာဉ် နတ်နန်းဆီလာပြီး ရေစင်ဆက်ရမယ်တို့ ….. ။

ပညာရေး

ဒါပေမယ့် … ရန်ကုန်မှာ နေတယ်၊ နိုင်ငံခြား သွားတယ် ဆိုတာနဲ့ ရမ်းစမ်းပြီး အထင်ကြီး ပစ်တတ်ကြတဲ့ အစွဲလေးတွေတော့ ရှိဆဲ ပါပဲ။

အရင်တုန်းက … မူကြိုကျောင်း (၁) ကျောင်း၊ အ.မ.က (၁) မူလတန်းကျောင်း (၁) ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက် တန်းကျောင်း (၁) ကျောင်း … ဒါပဲ ရှိတယ်။ ၁၉၉၂ ခုနှစ် လောက်ကစပြီး အ.မ.က (၂) ဆိုတာ ထပ်ဖွင့်တယ်၊ နေရာကတော့ (ခ) ရပ်ကွက်ထဲမှာပဲ (အရင် စာတိုက်ဟောင်းနေရာပေါ့)။ ဒီတော့ (က)ရပ်ကွက် (ကုလားတန်းလို့လည်း ခေါ်ကြတယ်) ဖက်က ကလေးတွေ အများဆုံး တက်ကြတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို “ဇောတိက ကျောင်း တိုက်” ထဲမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီကျောင်းက လေးတန်းအထိရှိပြီး ငွေကြေးနွမ်းပါးတဲ့ကလေးတွေနဲ့ စာသင်သံဃာတော်တွေ အတွက် ရည်ရွယ်ပါတယ်။

ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလ တန်းကျောင်း (၂) ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့ အထက်တန်း ကျောင်း (၁) ကျောင်း ရှိလာတယ်ဆိုပါတော့ …။

အဲဒီနောက်ပိုင်း … တခြားကျောင်းတွေအနေနဲ့ ဘာမှအပြောင်းအလဲ မရှိပေမယ့် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်တဲ့ အ.မ.က (၁) နဲ့ အ.မ.က(၂) ကတော့ မူလတန်းလွန်ကျောင်း တွေအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ (“မူလွန်ကျောင်း” ဆိုတဲ့ အခေါ်အဝေါ်က နည်းနည်းတော့ စိမ်းပါတယ်၊ ပြောရရင် တစ်နှစ်ကို တစ်တန်းစီတိုးသွားတာမျိုးပါ။) အ.မ.က (၁) အနေနဲ့ ခုဆိုရင် ( ) တန်းထိ တိုးတက်လာပြီး ၊ အ.မ.က(၂) ကတော့ (၇)တန်း ထိရောက်နေပါပြီ။

နောက်ပြီး … ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါသေးတယ် (မူလတန်းကနေ ရှစ်တန်း အထိပေါ့)။ ဘယ် တုန်းက စဖွင့်ခဲ့လဲဆိုတာတော့ မမှတ်မိဘူး ဖြစ်နေပါတယ်။

စာသင်ကျောင်း မဟုတ်ပေမယ့် အမျိုးသမီးရေးရာ က ဖွင့်လှစ် ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု ကျောင်းကို လည်းထည့်တွက်မယ် ဆိုရင် ထည့်တွက်လို့ ရပါတယ်၊ ဒီကျောင်းကို ၂၀၀၅ လောက်က ဖွင့်လှစ် လိုက်တာပါ။ နေရာကတော့အရင် စက်မှုလယ်ယာ ရုံး ၀င်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီး တွေ နေရာမှာပါ။

စိုက်ပျိုရေး

ယင်းမာပင်မြို့နယ်တွင် စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးရာသီ၌ မိုးကြိုစပါးစိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေ ပဲ၊ ဝါကလေး၊ ပဲစိမ်းငုံသီးနှံများ အဓိကထား၍ စိုက်ပျိုးပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်း ရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်ပါသည်။ ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧ က ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်ပါသည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးက်ပျိုးမရသည့် မြေစု စုပေါင်းမှာ (၄၀၉၈၂) ဧက ရှိပါသည်။

ရာသီတု

ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိပါသည်။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် (၃၀) လက်မ နှင့် (၄၀) လက်မ အကြားသာ ရွားသွန်း လေ့ရှိပါသည်။ မိုးရေချိန် အနည်းဆုံးလမှာ ဧပြီလဖြစ်၍ အများဆုံးလ မှာ အောက်တိုဘာလ ဖြစ်ပါ သည်။ ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့်အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုး သက်လေ ပြင်းများ ကျရောက်လေ့ ရှိပါသည်။အပူချိန်အနေဖြင့် အနိမ့်ဆုံး (၄၀) ဒီဂရီ ဖာရင်ဟိုက်ဖြစ်၍ အမြင့်ဆုံးအပူချိန်မှာ (၁၁၀) ဒီ ဂရီ ဖာရင်ဟိုက် ဖြစ်ပါသည်။ အအေးဆုံးလမှာ ဇန်နဝါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်ပါသည်။

တည်နေရာ

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း ချင်းတွင်းမြစ်၏အနောက်ဘက် မြောက်လတ္တီကျု၂၁ံ ၅၉’ နှင့် ၂၂ ံ ၁၉’ အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ ံ၃၆’ နှင့် ၉၅ ံ ၁၅’ အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင်မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင်ကနီမြို့နယ်တို့ ရှိကြပါသည်။

ဘာသာရေး

ယခင်က ဇောတိကကျောင်း၊ ရေ၀န်းကျောင်း၊ မာန်ဘရာကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းပဲမြို့ပေါ် မှာ ရှိခဲ့တယ်။ ဦးစံပေါကျောင်း နဲ့ မိုးကုတ်ဝိပါဿနာကျောင်း တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့ —။

နောက်ပိုင်းမှာ ဦးစံပေါကျောင်းကို “တောရကျောင်း”လို့ အမည် ပြောင်းပြီး မယ်သီလရင် ကျောင်းတစ်ခုကိုပါ အဲဒီနားမှာထပ်ပြီး တည်ဆောက်ခဲ့ ပါတယ်။ မိုးကုတ် ဝိပဿနာ ကျောင်းတိုက် ကတော့ သံတံတားကြီး အနောက်ဖက်ကနေအရှေ့တိုးချဲ့ဖက် ကို ရွေ့သွားခဲ့ပါတယ်။

ထပ်ပြီးပေါ်လာတဲ့ ဘုန်းကြီးကျောင်းကတော့ “ရွှေပေါက်ပင် တောရ ကျောင်းတိုက်” ပါပဲ။(နေရာက မြို့အ၀င် ပေါက်ပင်ကူး တံတား အရှေ့ဖက်နားလေး မှာပါ။) ဒီကျောင်းတိုက်ကို ယခင် “ဇောတိက ကျောင်းတိုက်” ကျောင်းထိုင်ဆရာတော် ဦးဌေးယျကပဲ တည်ထောင်သွားခဲ့တာပါ။ အဲဒီကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ မယ်သီလရင် ကျောင်းတိုက်တစ်ခု ထပ်ရှိ ပါသေးတယ် (နေရာအတိအကျ ဆိုရင်တော့ ပေါက်ပင်ကူး မြို့ဦးစေတီနဲ့ ကပ်ရက်ပေါ့)။ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မယ်သီလရင် ကျောင်းတိုက် (၂)ခု ရှိနေပြီ ဖြစ်ပါတယ်။ မြို့ပေါ်ကျေးရွာ နဲ့ပြောင်းပြာ ကျေးရွာ ကြားမှာတော့ နောက်ထပ် မယ်သီ လရင် ကျောင်းတိုက် တစ်ခု ရှိပါသေးတယ်။ မြို့နယ်တွင်းမှာလို့ ပြောရင်တော့ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ လို့ ပြောနိုင်ပါတယ်။

အခြားဘာသာ၀င်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာတော့ အစ္စလမ်ဘာသာ ဘုရား၀တ်ပြုကျောင်း(ဗလီ) တစ်ခု ရှိပါတယ်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ တစ်ဖွဲ့ရှိပါတယ်။

စီပွားရေး

၀န်ထမ်းမြို့လေးဆိုတော့ စီးပွားရေးကို ဒီလောက်ကြီး အားစိုက်သွန်စိုက် လုပ်ကြတဲ့သူတွေ မရှိလှပါဘူး။ယင်းမာပင်ကနေ ညောင် ပင်ကြီးအထိ ပြေးဆွဲပေးနေတဲ့ “ရွှေယင်းမာ ကားလေးအသင်း” ဟာ အခုနောက်ပိုင်းလုံး၀ ပျက်သလောက် ဖြစ်သွားတယ်။ ပုလဲ မြို့နယ်ကားအသင်းတွေက ပုလဲကနေ မန္တလေးအထိ မှန်လုံကားတွေနဲ့ တိုက်ရိုက်ပြေးဆွဲလိုက်တာကြောင့် ဘယ်လိုမှ မယှဉ်နိုင် ဘူး ဖြစ်ကုန်တယ်။ ဒါကြောင့် ကားပိုင်ရှင်တွေလည်း ကုန်တင်ကားတွေဖက် ဦးလှည့်တဲ့သူလှည့်၊ မှန်လုံကားတွေ ထပ်၀ယ်တဲ့သူ ၀ယ် ဖြစ်ကုန်တယ်။

၂၀၀၄ခုနှစ် လောက်ကစပြီး ဓာတ်ဆီဆိုင်တွေကို အရှေ့ဖက် မြို့အ၀င် မှာ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့တယ်။(ဆိုင်ကယ်တွေကို အိမ်တိုင်းနီးပါး ၀ယ်နိုင် လာကြတာရဲ့ အကျိုးဆက်တစ်ခုပေါ့။ အဲဒါရဲ့ နောက်ဆက်တွဲ တစ်ခုကဆိုင်ကယ်၀ပ်ရှော့တွေပါ ပေါ်လာ တာပါပဲ။) အရင်က မန္တလေးနဲ့ မုံရွာ ကုတ်လိုင်းဖုန်းတွေကို သုံးနေရာကနေ GSM ဖုန်းဆိုင်တွေ ပေါ်လာတယ်။ ( အခုဆို ပြည် ပခေါ်ဆိုမှု့တွေအထိ လွယ်သွားပြီ။)

နှစ်ပေ၊ ရှစ်ပေစလောင်းတွေကိုလည်း အိမ်တွေ အတော်များများမှာ ၀ယ်တပ်လာကြတယ်။ နောက်… ရေခဲသေတ္တာ၊ မီးအားမြင့် စက်၊ မီးစက်၊ အင်ဗာတာ တွေကိုလည်း သုံးစွဲလာကြတယ်။ လူနေမှု့ အဆင့်အတန်း အနည်းငယ် မြင့်တက်လာတဲ့ ပုံစံမျိုးပါ။

နှင်းဆီပန်းကို အဓိကထား စိုက်ပျိုးကြတဲ့ စိုက်ပျိုးရေးခြံတွေကို အခုနောက်ပိုင်းမှာ လုပ်ကိုင်လာကြတယ်။ နောက် – – – ရေထွက် သိပ်မကောင်းတဲ့ ရေကန်တွေမှာ ငါးမွေးတာကိုလည်း လုပ်ကိုင်လာကြတယ်။ အခြားကြက်မွေးမြူရေးတို့ ၊ ကွမ်းစိုက်တာတို့လည်း လုပ်နေကြဆဲပါပဲ။

နောက် … သိသိသာသာ တိုးလာတာကတော့ လက်ဖက်ရည်ဆိုင်တွေနဲ့ စိုက်ပျိုးရေးဆေးပစ္စည်းဆိုင်တွေပါပဲ။ ဒီဂျစ်တယ် ဓါတ်ပုံ ဆိုင်၊ ကွန်ပျူတာ စာစီနဲ့ မိတ္တူဆိုင်တွေပါ တွေ့လာ ရပါပြီ။

အကျယ်အ၀န်း

ယင်းမာပင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၄၀၀) တွင်ရှိပြီး ယေဘူယျအားဖြင့် မြေပြင်ညီညာပြန့်ပြူး ပါ သည်။ မြေပြန့် လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင်အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင်အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှောမြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင်ရှိရာ ယင်းမာပင်မြို့နယ်မှာ စုစုပေါင်း အကျယ်အ၀န်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်၀န်းပါသည်။

မြို့နယ်သမိုင်း

ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်၀န်ထောက် တစ်ဦးရုံး ထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီ၀ီဇံ) မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မြန် မာဘုရင်များ လက်ထက်ကမူ ယင်းမာပင်မြို့နယ် အပါအ၀င် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါ၀င်သော ဒေသများ အား ဖန့် ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြပါသည်။) ဟု ခေါ် သတ်မှတ်ခဲ့ပါသည်။

အဆိုပါ (၃) မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယ မားချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသောကြောင့် အဆိုပါဒေသအတွင်း တည်ရှိသောနယ်မြေများကို ဖန့်ဂျီ နယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့သော်လည်း ယင်းမာပင် မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ်အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရား၀င် သတ်မှတ်ခဖြစ်သာ တည်ရှိခဲ့ ပါသည်။

မြေအနေအထား

ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှောဒေသမှာ မြေပြန့်လွင်ပြင်ဧရိယာထက် ပိုမိုကျယ်၀န်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန်မြင့်မားသော တောင်ကုန်းတောင်တန်းကြီးများ မရှိပါ။ မြို့နယ်အတွင်း ဖြတ်စီးဆင်းသည့် တောင် ကျချောင်း (ယမားချောင်း) မှာ အနောက်မှအရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီး၀င်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့်6ရပါသည်။

လမ်းပန်းဆက်သွယ်ရေး

မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း ၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက်ရှိပါသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျားပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို
သယ်ယူပို့ဆောင်ပေးလျက် ရှိပါသည်။

ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ်အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကိ