ရေဦး

0
205

(၁)
ငါ့ရဲ့မြစ်ဖျားခံရာ
ငါ့ငယ်သွားများ ကျိုးခဲ့ရာ
ငါကျန်ခဲ့တဲ့ခြေရာ….။

(၂)
လေကောင်းလေသန့်တွေက
ငါ့ကိုလာနမ်းတော့
ငါ့မှာလတ်ဆတ်ရ….။

(၃)
ရေဦး မူးရေမှာ ရေတွေကူးခဲ့ကြ
ကမ်းနဖူးမှာ မြေလူးငှက်လို
မြေမှာလူးခဲ့ကြ….။

(၄)
နာရီစင်၊ ပန်းခြံ၊ စျေး
မြင်သမျှကြားသမျှမှာ
သွားတက်များပေါ်အောင်ကြည်နူးရ…။

(၅)
အဝေးပြေးကားပေါ်
ချိန်ခွင်လျှာများ ခေါင်းငိုက်စိုက်ကျလို့
မုံရွာလမ်းက တမာတောဟာ
ငါ့ကိုမေ့ဆေးထိုးလိုက်ဖို့ရာ
သတိမေ့လို့
ရေဦးဟာ
ငါ့ငယ်သွားများ ကျိုးခဲ့ရာ….။

+ မျိုးနေနွယ် +

Via: (ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂ဝဝ၇)