ရွာခြေအရောက် ပြန်ရမယ်

0
145

(၁)
အမ မရှိတော့တဲ့ ဇာတိရွာ
မရောက်တာ ကြာလေတော့
အဖေက ပြောရှာတယ်…
“တစ်နှစ် တစ်ခါ လာနေကျ
မလာပုံ ဆတော့
သူ့အမ မရှိတော့လို့ နေမှာပေါ့” တဲ့။

(၂)
ခုအခါ
အဖေပါ မရှိလေတော့
နှမတွေက ပြောရှာတယ်…
“တစ်နှစ် တစ်ခါ လာနေကျ
အမရော၊ အဖေပါ မရှိလေတော့
အခါနွေ
ရွာခြေမှ ရောက်ပါဦးမလားတဲ့” တဲ့။

(၃)
အဖေ၊ အမ
မရှိကြလဲ
အဖေ၊ အမတို့ ခေါင်းချတဲ့ရွာ
တပေါင်းလအခါ
ထနောင်းက မဖြာ့တဖြာ
ဝါကြွေဖျောက်ဖျောက်
ခါလေနှောင့်ရင်
ရွာခြေအရောက် ပြန်ရမယ်…။

+ မောင်လင်းကြည် +