ရှိုးထုတ်နိုင်တော့မယ်

0
138
Call and Dial numbers များကိုမြင်နိုင်တော့မည်
ယင်းမာပင်မြို့မှာ ဟိုတလောက ချပေးတဲ့ ကြိုးဖုန်းများ စက်အသစ်လဲ မှုကြောင့် ၆-၄-၂၀၁၂ မှစပြီး ဖုန်နံပါတ်ပြောင်းမှုများရှိခဲပါတယ်။ ဖုန်းနံပါတ်များကိုတော့ ၀၇၁-၇၃၀၀၀ မှစမယ်လို့သိရပါတယ်။ ဥပမာ- ၀၇၁-၇၃၀၀၁,၀၇၁-၇၃၀၀၂,၀၇၁-၇၃၀၀၃,…..စသည်ဖြင့် တိုးသွားမှာ
ဖြစ်ပါတယ်။call and dial numbers များကို မြင်နိုင်မယ့် ဝန်ဆောင်မှုကိုတော့ သင်္ကြန်ပြီးမှ စတင်မယ်လို့ သိရပါတယ်။
ရှိုးထုတ်နိုင်တော့မယ်
အရင်က ယင်းမာပင်မြို့သို့ရောက်လျှင် ဟန်းဖုန်းရှိသော်လည်း အားလုံးဆက်သွယ်မှု ဧရိယာပြင်ပရောက်ကုန်သည်။ ဆက်သွယ်ချင်လျှင် R1 ရေကန် ဒါမှမဟုတ် ရွှေဂူတောင်ကျောင်းထိပ်မှ ဆက်သွယ်၍ရသည်။ အခုတော့ ပုလဲမြို့တွင် CDMA တာဝါတိုင်နဲ့ ယင်းမာပင်မြို့မှာ GSM တာဝါတိုင် တပ်ဆင်နေပြီ ဖြစ်သောကြောင့် နောက်ပိုင်းတွင် ယင်မားပင်သူ၊ ယင်းမာပင်သားများ ခါး၊ လက်ထဲများတွင် ဖုန်းလေးများကိုင်ပြီး ရှိုးထုတ်နိုင်တော့မည်ကို မြင်ယောင် နေမိပါတော့သည်။