လွတ်ကျခဲ့သောနှလုံသား

0
176

လွဲလွဲလေးလည်းကောင်းပါတယ် လို့ ထူအိမ်သင်သီချင်းထဲကလို ဟစ်ရမလိုဖြစ်နေပြီ။အော်…ကိုယ်မြို့ကိုယ်ရွာမှာ ရောက်တုန်းရောက်ခိုက် ရယ်စရာ အလွဲလေးတွေနဲ့လည်း ကြုံခဲ့ရသေးတယ်။ မြင်းကျားဆိုတာ ချိုနဲ့လာကွဲ့လို့ မေးရမလိုဖြစ်နေပြီ။မြို့ကြီးတွေမှာတော့ လူတွေက လူကူးမြင်းကျားကို ဖြတ်လို့။ကိုယ်မြို့လေးမှာတော့ လူကူးမြင်းကျားဆိုတာကို အထူးအဆန်းအနေနဲ့ ရှောင်ပြီး သွားနေကြလေရဲ့။ နောက်ပြီး ရှိသေးတယ်။ ဘယ်ဂျာနယ်မှန်းတော့ မမှတ်မိတော့ဘူး။ယင်းမာပင်သတင်းဆိုလို့ အသည်းအသန် ကြည့်လိုက်ရင် တစ်ခါလာလည်း ရင်ပေါင်တိုင်က မြင်းအကြောင်းကြီးဘဲ။ဟုတ်လည်းဟုတ်တယ်။မြင်မြင်သမျှမြင်းတွေထဲမှာ ရင်ပေါင်တိုင်က မြင်းတွေက အတော်လေးလှတယ်။

ဒီတစ်ခေါက်ပြန်ရောက်တော့ မြို့သူမြို့သားတွေက စိတ်ချမ်းသာလို့လား တွေ့သမျှ တော်တော်များ ဝနေ(လှနေ)ကြလေရဲ့။ဝတယ်ပြောရင် မကြိုက်ကြဘူးဗျ။လူတွေရဲ့ လူနေမှု ပုံသဏ္ဍန် ပြောင်းလာမှုကြောင့်လည်း ပါမယ်ထင်တယ်။ဖုန်းတွေသုံးလို့ အဆင်ပြေသွားတဲ့အတွက် အခုချိန်မြို့လေးမှာတော့ အဘိုးကြီးလည်း Touch၊ အဘိုးကြီးလည်း Touch၊ ကြီးတော်တွေလည်းTouch ၊မွေးခင်းစအာဗြဲလေးလည်း Touch ဖြစ်နေကြပါပြီ။အင်တာနက်ဆိုတာလည်း မြို့လေးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်နေလေရဲ့။

ဒီနေ့နောက်ဆုံးရက် သွားစရာ၊လည်းစရာ တွေက မကုန်သေး။အလာတုန်းကတော့ အဝေပြေးကားကြီးက ကိုယ်မြို့လေးကို မြားနတ်မောင်လေးလို ပို့ဆောင်လို့၊အပြန်မှာတော့ အေးချမ်းတဲ့မြို့လေးထဲကနေ မွန်းကျပ်တဲ့ မြို့ကြီးဆီကို ကျောင်းမသွားချင်တဲ့ ကလေးကို တရွတ်တိုက် အတင်းဆွဲခေါ်သွားတော့မယ်။မုန်းစရာကောင်းတဲ့ အဝေပြေးကားကြီးရေ။ ကားပေါ်အတက် အနောက်ဖက်တောင်ရိုးလေးဆီကို တစ်ချက်ငဲ့ကြည့်လိုက်တော့ နေလုံးနီနီ ဝင်သွားခဲ့ပြီလေ။ ဘာပစ္စည်းများကျန်ခဲ့သလဲ လှည့်ကြည့်လိုက်တော့ တွေ့လိုက်ပါပြီရော ငါရဲ့နှလုံးသားတစ်ခု လွတ်ကျခဲ့ပါရောလား။