လွှမ်းမိုးသူတွေ

0
173
လူသေပေမဲ့နာမည်မသေသူးများထဲမှာ အညာသာလေးတယောက်လည်းပါတယ်ဗျာ။ဒါကတော့ကြံဖန်ပြီးဂုဏ်ယူရတာပေါ့။ဗိုလ်ချုပ်အောင်ဆန်းပေါ့ဗျာ။
အကြောင်မသိခင်ကလေးစားတယ်။ဒါထက်အကြောင်းသိလာတော့ပိုပြီးလေးစား၊အားကျ၊ကြည်ညိုတယ်ဗျာ။
တက္ကသိုလ်ဘုန်နိုင်ကို နတ်ရှင်နောင်ရတုတွေကလွမ်းမိုးခဲ့ပါတယ်။ဒဿနိကသမားပိသစွာ သူဇာတ်လမ်းတွေ
မှာ စိတ်ဝေဒနာဇာတ်ကောင်တွေအ မြဲပါ၀င်ခဲ့ပါတယ်။အလွမ်းစာရေးဆရာလို့လဲနာမည်နဲ့လိုက်စွာ ဇာတ်လမ်းတွေက အလွမ်းနဲ့အဆုံးသတ်တာများပါတယ်။
အချစ်ဆိုတာရယူခြင်းထက်ပေးဆပ်ခြင်းကိုအသားပေးလေ့ရှိပါတယ်။ဂျူးကိုတော့ Living Together လို့နာမည်ကြီးတဲ့စာရေးဆရာမပါ။သူစာသားတွေမှာ အားပြိုင်မှုလေးတွေတွေ့ရပါတယ်။မိန်းမဝါဒီပိုဆန်တယ်လို့မှတ်ချက်ချလို့ရပါတယ်။ကျွန်တော်ရဲ့စာတွေမှာ သူတို့ရဲစာတွေနဲ့ဘဲ ပြည့်နေမှာပါဘဲ။

မမေ့နိုင်ဘူးကျောင်းသားဘဝ

စိုင်းထီဆိုင် ရဲ့ "အပူအပင်ကင်းတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ် " လို့ဘဲအော်လိုက်ချင်တယ်။လူအလိုနတ်မလိုက်နိုင်တဲ့။ကျောင်သားဘဝကတော့ လွတ်လပ်ရေးကိုအမြဲလိုလားတယ်။တားဆီးတာရဲ့ဆန်ကျင်ဘက်ကိုပိုလုပ်ချင်ကြတယ်။ကျော
င်သားဘဝမှာ တော့ ပျော်ခဲ့ရပါတယ်။မှတ်မှတ်ရရ (၇)တန်းလောက်တုန်းက မိန်ကလေးတွေက ယောက်ျားလေးတွေထက် အရပ်ပိုရှည်တယ်ဗျ။မကျေနပ်လို့ အသေအချာကိုလူတွေ့ရင် အရပ်လိုက်တိုင်းတာ။ယောက်ျားလေးတွေကကမြင်း
လို့ကောင်းတုန်း၊မိန်းကလေးတွေကအပျိုလုပ်လို့။ကျောင်းပိတ်ခါနီဆိုရင်ကျောင်သားတွေလုပ်လေ့ရှိတာ
ရှိတယ်။အကောင်းတော့မဟုတ်ပါ။စက်ဘီးကျွတ်တိုင်တွေယူခြင်းပါ။ယူခံရတဲ့ကျောင်းသားတော့ကံစမ်းမဲ့
ပေါက်ပြီသာမှတ်။စက်ဘီဆိုင်မတွေမခြင်းတွန်းသွားပေတော့။ကျွန်တော်လည်း ကံစမ်မဲ့ပေါက်ဖူးတော့ စေ
တနာထားပြီးဘေးနာကလူရဲဘီကယူခြင်းပါ။အနည်ဆုံးတော့လေထိုးပြီးစီးလို့ရသေးတာပေါ့။တက္ကသိုလ်ရောက်တော့လည်းပျော်စရာကောင်းခဲ့ပါတယ်။အိမ်ကပြန်လာအချိန်၊ပညာသင်စရိတ်ရတဲနေတွေဆိုလျှောက်လည်ကြတာများတယ်။သွားရင်သူငယ်ချင်းတယောက်က
ပြောဖူးတယ်။ငါတိုကတော့ လျှောက်လည်နေ အိမ်ကမိဘတွေကတော့ငါသားသမီးလေပညာသင်နေတယ်လို့ထင်မှာဘဲတဲ့။လည်နေတဲ့သူတောင်နင်သွားတယ်။ဒါနဲ့ သူတို့လည်းငယ်ရာကကြီးလာတာနားလည်ပါမှာပါလို့ပြောရတယ်။လည်စရာကပေါလှတယ်မရှိပါဘူး။ရွှေတောင်ဦး၊မိုးညှင်း၊ဗောဓိတစ်ထောင် တို့သွားကျတာများပါတယ်။အခု
တော့လည် ကိုယ်စီအလုပ်တွေရလို့မတွေဖြစ်ကြတော့ပါဘူး။ကျောင်းသားဘဝသူငယ်ချင်းတွေအချင်းချင်းစကြ
တာရှိတယ်။ရွားနားမြက်ရွားနားမစားဘူးလို့၊အချစ်ကိုသာမျှပေးရင်ပေးမယ်မုန့်တော့မပေးဘူးလို့ပြော
ခဲ့ကြတယ်။နောက်ဆုံးတော့လည်း.....

Generation Gap

ခေတ်အဆက်ဆက်ကတည်းကကွာခဲ့ပါတယ်။ပတ်ဝန်ကျင်ကြောင့်လား။ခေတ်ကာလကြောင့်လား။သီချင်းနားထောင်တုန်းအဒေါ်တယောက်ကပြောဖူးတယ်။မင်းတို့သီချင်းတွေကရန်ဖြစ်နေတာလား။အရင်ခေတ်ကသီချင်းတွေလောက်မကောင်းတာအမှန်ပါ။Theory သီချင်းထဲကလို "သူတို့လည်းကော်ပီဆို၊ကျွန်တော်တို့လည်းကော်ပီဆိုမလို့" ဟစ်ရမလိုဖြစ်နေပြီ။ကျွန်တော်တို့ကျောင်းသားဘဝ မသော်နဲ့ဒေါ်မိမိလေးတို့ဂျူးဝတ္ထုအကြောင်းအတွေဆွေးနွေးခဲ့တယ်လို့ကြားခဲ့ပါတယ်။ဒါပေမဲ့ဂျူးကိုကျွန်တော်တော်တို့ဘွဲ့ရသည်အထိမသိခဲ့ပါ။ဘာတွေသိခဲ့ကြပါလဲ။ဆိုင်ကယ်တွေရူးခဲ့ပါတယ်။နာမည်ကြီးအဝတ်အစား၊အသုံးအဆောင်တွေကိုအားကျခဲ့တယ်။စာဖတ်အားနည်းခဲ့ကြတယ်။စာရေးဆရာမောင်သာချိုပြောသလို ဆရာဇော်ဂျီရဲ့ကဗျာတစ်ပုဒ်က ဆိုင်ကယ်လိုစီးလို့ရလို့လား။Scholl ဖိနပ်လိုကောင်မလေးကြည်လို့လား။

ငွေ

လူမိုက်နဲ့ငွေအတူမနေတဲ့။ဟုတ်ပါသလား။အခုတော့ပညာရှိနဲ့ငွေအတူမနေလို့ပြောင်းရမလိုဖြစ်နေပြီ။ရှေးခေတ်ကရဲရင်မင်းဖြစ်တဲ့။အခုတော့ရဲရင်သူကြွယ်ဖြစ်လို့ပြောင်းရလိုဖြစ်နေပြီ။တခါတလေ ပညာတတ်
ဆိုတာကို သံသယဖြစ်လာတယ်။ဓနရှင်တွေရဲ့အောက်မှာ အမြဲတမ်းရှိမှာလား။ဘုရားပြီးရင် ငြမ်းပျက်ရသလို ပညာတတ်တွေက လွင့်ပါးရမလား။

အလွမ်း

နတ်ရှင်နောင်ရဲ့ဓာတုကလျာအချစ်ကိုကိုယ်စားလွမ်းတယ်။တောတောင်ပင်လယ်သဘာဝကိုလွမ်းတယ်။လမင်းကြီးကိုလည်းလွမ်းတယ်။မရှိသေးတဲ့
ချစ်သူကိုလည်းလွမ်းတယ်။

နိုင်ငံရေး

အောက်ခြေလူတန်းစားက အသက်ရှင်ရေးအတွက်နိုင်ငံရေးလုပ်တယ်။အထက်တန်းစားကစီးပွားရေးအတွက်နိုင်ငံ
ရေးလုပ်တယ်။မင်းတို့လိုလူလတ်တန်းစားကနိုင်ငံရေးမသိတာမဆန်းပါဘူး။နိုင်ငံရေးကြောင့်ပညာတတ်တွေကြွေလွင့်ခဲရတယ်။ခေတ်အဆက်ဆက်ရှိခဲ့တာဘဲ။ဂျပန်ခေတ်က"စိန်ကြည်စိန်ကြည် လင်ယူပက်စပ်တယ် မာစတာကြီးတိုကျိုပြန် ဗိုက်တလုံးနဲ့ကျန်"။တကယ်တမ်းခံခဲ့ရတာတောနေပြည်သူတွေပါ။ကာတွန်းလေးတစ်ကွက်သတိရမိပါတယ်။စက်ရုံ၊အလုပ်ရုံတွေပေါလာတော့တောကဆင်းရဲသားတွေချမ်းသာလာမှပေါလို့တယောက်ပြောတယ်။နောက်တယောက်က တောကပြောင်းတာတောဟုတ်ပါတယ်။မြို့ရောက်တော မြို့ဆင်းရဲသားတွေဖြစ်ကုန်မှာပေါ့လို့ပြန်ပြောတယ်
။စဉ်းစာကြည့်ပါ။စစ်အတွင်းတွေဘယ်သူတွေစံစားပြီ၊ဘယ်သူတွေခံစားခဲ့၊မြေစာပင်ဖြစ်ခဲ့ရသလဲ။အပေါ်ကဘယ်လိုပြောင်းပြောင်း၊အောက်ခြေက ခေါက်ရိုးကျိုးနေဆဲပါ။