သာသည့်မြေသို့

0
236

အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညှင်း
သင်းပျံ့ခဲ့ သူ့ခြံမှာ။

ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည့်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ခြုံပုတ်တွေက
ရှုတ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါ လှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်းရယ်နဲ့
ညှင်းလေချို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တကိုယ်သာ
ရွှင်ပါချင့် စိတ်ထဲ။

သို့လဲလေ မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလဲ
လှပေသည် ပြည်စခန်းပေပေါ့
စိတ်းပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာ ဝင့်ရင်ဖြင့်
ငါမြေမှာ နီဝါ တင့်ရမယ်ပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလှ
ရှုမြင်မျှော် အခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့ခဲ။

ငွေတာရီ