အညာပြန်

0
190

၅-၁၁-၂၀၁၂

အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံစီးလို့ ဇာတိမြို့လေးကို ဂကွေ့ပြန်လာခဲ့တယ်။ မြို့လေးကို ဝင်လိုက်တယ်ဆိုရင်ဘဲ မြို့လေးက အာရုဏ်ဦး
မနက်ခင်းလေးမှာ အိမ်မောကျနေဆဲပါဘဲ။ ကားပေါ်က ဆင်းဆင်းခြင်း အေးမြလှတဲ့ နှင်းဆွတ်မြောက်ပြန်လေကလေးက မျက်နှာ
ပြင်ကို ကျီစားပြီးထွက်ပြေးသွားလေရဲ့။ကိုယ်မြို့ကိုယ်ရွာကို ရောက်ပြီဆိုတဲ့ အသိက ရင်ထဲကို နွေးထွေးသွားသလို့ ခံစားလိုက်ရတယ်။

မြို့ပြမှာတော့ လူတွေရဲ့ လောဘ၊ မောဟအပူအပင်တွေကြောင့်လား ပူမြဲပူဆဲ။ကိုယ်မြို့လေးမှာတော့ အပူအပင်ကင်းစွာ အေးမြနေတယ်။
အချိန်တိုင်း တံခါးအမြဲဖွင့်ထားတတ်တဲ့ အိမ်လေးက အချိန်တိုင်း တံခါးအမြဲ ပိတ်ထားတဲ့ မြို့ပြကပြန်လာတဲ့သားငယ်ကို နွေးထွေးစွာ
ဆီးကြိုနေတယ်။ မကြားရတာကြာပြီဖြစ်တဲ့ ငှက်မောင်နှံကလည်း အာရုတ်ဦးမနက်ခင်းမှာ အစာစားရင် တေးသီချင်း သီဆိုနေတယ်။

Yinmarbin-Birds

မစီးတာကြာပြီဖြစ်တဲ့ မောင်သူမဲ့ ဆိုင်ကယ်လေးကလည်း အိမ်လေးရဲ့ထောင့်မှာ ဖုန်အလိမ်းလိမ်းတက် ပြီး စီးမဲ့သူကို မျှော်နေလေရဲ့။ချောင်းတဟွတ်ဟွတ်ဆိုတတ်ပြီး၊ဆေးလိပ်သောက်တတ်တဲ့ ဆိုင်ကယ်လေးရယ် မင်းကို နှပ်စက်မဲ့သူ ရောက်လာပါပြီကွာ။

ပျော်နေရုံနဲ့ မပြီးသေး။ ဒီတစ်ခါပြန်လာတာက အလှူရှင်ကျောင်းသား၊ကျောင်းသူဟောင်းများကိုယ်စား အလှူငွေပေးအပ်ဖို့။ အလှူငွေကိစ္စ
အတွက် အိမ်နားက ဆရာမနဲ့ သွားတွေ့တော့ ငါတို့တပည့်လေးတွေ၊ ငါတို့တပည့်လေးတွေကလှူကြတာ… ဆရာမ မျက်နှာ မှာ ၀မ်းသာ
ခြင်း၊ ကျေနပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပိတီတွေ ဝေဖြာလို့။ အလှူရှင် မောင်နှမတွေကိုလည်း မြင်စေချင်လိုက်တာ။ အလှူပွဲလေးအတွက်
ကျောင်းအကျိုးဆောင်တွေနဲ့လည်း တွေ့ဆုံဖြစ်ကြသေးတယ်။ အဖွဲတည်းကတစ်ယောက်ကလည်း သူမြေးလည်းပါလို့ ငါမြေးလည်းပါ
တယ်ကွ ဆိုပြီး ပျော်ရွှင်နေလေရဲ့။ကျောင်းရုံးခန်းလေး က ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူများရဲ့ ဓာတ်ပုံလေတွေနဲ့ ဧည့်ခံထားလေရဲ့။
အခုတော့ ကျောင်းသားလေးတွေက မိခင်ကျောင်းတော်ကြီးရဲ့ ကျေးဇူးကြောင့် အတောင်အခတ်စုံလို့ ဘဝဝေဟင်မှာ ပျံသန်းနေကြလေရဲ့။

ညနေခင်းမှာ မြို့လေးကို ပြန်လာသူတိုင်း သွားဖြစ်တဲ့နေရာလေးကို ရောက်ဖြစ်တယ်။ R1လို့ခေါ်တဲ့ မြို့လေးရဲ့ကန်သာယာလေးဆီကိုပါ။
မြို့သူမြို့သားတွေအတွက် အင်ယားကန် လို့ဘဲဆိုဆို၊ ကန်တော်ကြီး ဘဲဆိုဆို ခေါ်နိုင်မယ့် ရေကန်လေးပါ။
ဘာလို့လဲဆိုတော့ အာရုတ်ဦးမနက်ခင်းမှာ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေနဲ့စည်ကား နေတတ်သလို့၊ ညနေခင်းဆည်းဆာ
မှာလည်း လူငယ်လေးတွေအတွက် နားခိုစရာလေးဖြစ်နေလို့ပါဘဲ။

Yinmarbin-R1

တဆက်တည်းတောင်ဘုရားလေးကိုလည်း ရောက်ဖြစ်ခဲ့တယ်။

Yinmarbin-South-Pagoda

ဆေးလိပ်လည်းတို၊နေလည်းညိုပြီမို့ တစ်လတစ်ခါ ဆိုင်သွားပြီးကယ်မှ စီးလို့ရတဲ့ ဆိုင်ကယ်လေးရယ် ငါကိုအိမ်ပြန်ပို့ပါတော့။ ဒီလို့နဲ့ဘဲ
ယင်းမာပင်ရောက်တဲ့ ပထမနေ့လေးကုန်ဆုံးခဲ့ပါတော့တယ်။