အလှူငွေပေးအပ်ပွဲ

0
186

အလှူငွေပေးအပ်ပွဲအခမ်းအနားလေးကို ၇-၁၁-၂၀၁၂ ရက်မှာ ကျင်းပခဲ့ပါတယ်။ ပွဲလေးက ထင်ထားတဲ့ထက် စည်ကားခဲ့ပါတယ်။
ဒီပွဲလေးမှာတံခါးအလှူရှင်ကလည်း အလှူငွေ ပေးအပ်ခဲ့ပါတယ်။အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ဆရာဆရာမများ၊ ကျောင်း
အကျိုးတော်ဆောင်များ၊ကျောင်းသားကျောင်းသူများ၊အလှူရှင်များ၏မိဘများ၊ဌာနဆိုင်ရာအသီးသီးမှ ဧည့်သည်တော်များ တက်
ရောက်ခဲ့ကြပါသည်။ဒီပွဲလေးမှာ ကိုစိုးလှိုက်ဉီးလုပ်ထားတဲ့ ယင်းမာပင် အကြောင်း အခွေလေးကိုလည်း အမှတ်တရပေးအပ်ခဲ့ပါတယ်။

Yinmarbin_Primary_Danation

ပထမဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားသွားပါသည်။ရင်ထဲကို ရိုက်ခတ်တဲ့ စကားလေးကတော့ အခုခေတ် ပညာရေး

စနစ်ဟာ One Way မဟုတ်တော့ပါဘူး။Two Way ဖြစ်သွားပြီဆိုတဲ့ စကားလေးပါ။

Yinmarbin_Administrator

လက်ထောက်ပညာရေးမှူးကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားသွားပါသည်။

Yinmarbin_Education

အလှူရှင်များ၏ကိုယ်စား ကျွန်တော်မှ လှူဒါန်းရခြင်းအကြောင်းနှင့်ပက်သက်ပြီး အခုလိုပြောဖြစ်ခဲ့ပါတယ်။

အခုလို အလှူငွေပေးအပ်ပွဲကို အခမ်းအနားလေးနဲ့ လက်ခံပေးတဲ့ အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ကတော့ ဒီကျောင်းလေးရဲ့

ကျောင်းသားဟောင်းတစ်ယောက်ပါ။ကျောင်းသားဟောင်းများကို နှစ်တွေအလိုက်ခွဲထားပါတယ်။ မမိုးတို့နှစ်တွေကို First

Generation၊ မပ၊ကိုခိုင်၊ကိုမြတ်သူ၊ကိုစိုးလှိုက်ဦးတို့ နှစ်တွေကို Second Generation၊ကျွန်တော်တို့နှစ်တွေကိုတော့ Third

Generation ရယ်လို့ ခွဲထားပါတယ်။ အခုအလှူလေးကတော့ အားလုံးပါဝင်ဖြစ်တဲ့ ပွဲလေးလည်းဖြစ်ပါတယ်။

အလှူငွေကိစ္စကို အစ်ကိုတွေ၊အမတွေနဲ့ တိုင်ပင်ထားတာတော့ ကြာပါပြီ။ရန်ကုန်မှာ အစ်ကိုတွေနဲ့ ဆုံပြီးမှ အခုလို အကောင်အထည်

ဖြစ်လာတာပါ။ အဓိက အမာခံ ကျောင်းသားများ အဖြစ် ကိုမြတ်သူ၊ကိုဖိုးခိုင်၊ကိုစိုးလှိုက်ဦး တို့နဲ့ စတင်ခဲ့ပါတယ်။အဲဒီသတင်းကို

အင်တာနက်ပေါ်တင်ပြီးမှ မပနဲ့ လည်း အဆက်အသွယ်ရခဲ့ပါတယ်။နောင်ပိုင်းမှာလည်း ကျန်တဲ့ ညီအစ်ကို၊မောင်နှမတွေ တက်အား

သမျှ ပါဝင်လှူဒါန်းခဲ့ကြလို့ အခုလို ပမာဏလေးရခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်တိုလေးအတွင်မှာ လုပ်ရတဲ့အတွက် မသိလိုက်ရလို့

မထည့်လိုက်ရတဲ့ ညီအစ်ကို၊မောင်နှမများအတွက် လည်း တောင်းပန်ပါတယ်။

အစကတော့ အလှူငွေတွေကို ဘာအတွက်ဆိုပြီး ဉီးတည်ပြီးလှူခဲ့တာမဟုတ်ပါဘူ။လိုအပ်တဲ့ နေရာမှာ သုံးဖို့အတွက်ပါ။အခုလို ပိုလို

အပ်နေချိန်မှာ လှူဒါန်းရတဲ့ အတွက် ပိုပြီးဝမ်းသာပိတီဖြစ်ရပါတယ်။

ဒါနဲ့အင်တာနက်ပေါ်က ယင်းမာပင်ဆိုက်လေးအကြောင်းလည်း ပြောပြချင်ပါတယ်။ဆိုက်လေးကို လုပ်ခဲ့တာကတော့ နှစ်နှစ်လောက်
ရှိပါပြီ။အဓိကတော့ အဝေးရောက်နေသူတွေရဲ့ အိမ်လွမ်းစိတ်ကို ဖြေသိမ့်နိုင်ဖို့ပါ။ကိုယ်မြို့ကိုယ်ရွာရဲ့ သတင်းတွေနဲ့ တိုးတက်မှုတွေကို
ထပ်တူထပ်မျှ ခံစားစေချင်တာလည်း ပါပါတယ်။

ညီငယ်၊ညီမငယ်များကိုလည်း ကိုယ်ကျောင်းလေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားပါလို့ တိုက်တွန်းရင်း အဆုံးသတ်ခဲ့ပါတယ်။

အခုလို အလှူရှင် တွေကိုယ်စားပြောကြားခွင်ရတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။

Yinmarbin_Donation_Agent

အလှူငွေများကို အလှူရှင်တွေကိုယ်စား ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်စဉ်

Yinmarbin_Donation_Give

ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူတင်စကားပြောကြားစဉ်

Yinmarbin_Primary_Teacher

ကျောင်းဝင်းတံခါးလှူရှင် ဦးညွှန်မောင်မှ အလှူငွေများပေးအပ်စဉ်

Yinmarbin_Donation_Door

ဦးကျော်ငြိမ်းမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ၏ လုပ်ဆောင်မှုများကို ပြောကြားစဉ်

U_Kyaw_Nyein

အမှတ်တရ Group ဓာတ်ပုံတွေပါ။

Yinmarbin_primary_Men_Group
 

Yinmarbin_Primary_School

ကျောင်းသား၊ကျောင်းသူများအတွက် ဒေါ်လဲ့လဲ့ဝင်းမှ ချိုချဉ် အလှူဒါန ပါဝင်ခဲ့ပါတယ်။ဓာတ်ပုံများ လိုက်ရိုက်ပေးခဲ့ သော သူငယ်ချင်း

များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

အခုလို အလှူပွဲလေး ဖြစ်လာဖို့အတွက် တက်အားသမျှ သဒ္ဒါထက်သန်စွာ ပါဝင်လှူဒါန်းကြတဲ့အလှူရှင်များ အမည်စာရင်းမှာ

အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. မမိုးသန္တာဌေး
  2. မထွန်းပပအေး
  3. ကိုအောင်ချမ်းငြိမ်း
  4. ကိုဟိန်းနေအောင်
  5. မသန္တာ
  6. ကိုသူရမောင်မောင်
  7. ကိုမြတ်သူ
  8. ကိုစိုးဇင်ထွန်း
  9. မမိုးမိုးခိုင်
  10. မစန္ဒာ
  11. မစုလှိုင်
  12. မနှင်းမြမြအေး
  13. မမြတ်ကေခိုင်
  14. ကိုပြည့်စုံအောင်
  15. ကိုဖြိုးဝေအောင်
  16. မကေဇင်ယု
  17. မဇင်မာထွန်း
  18. မယုယုမောင်
  19. ကိုသက်လွင်ဦး

စကားချပ်။ ။ကြားထဲမှာ ကွန်ပျူတာလေးပျက်သွားတာကြောင့် အလှူရှင်များစာရင်းကို အခုမှ ထည့်ရတဲ့အတွက် အနူးအညွှတ်

တောင်းပန်အပ်ပါတယ်။