အိမ်ပြန်ချင်တယ်

0
225

(၁)
ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့်
ငါ့ရဲ့မွန်မြတ်သန့်စင်သော ချစ်ခြင်းမေတ္တာ
ငါဟာ….နာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ။

(၂)
ကံကြမ္မာလို့အမည်တပ်ထားတဲ့ အဲဒီ“မိစ္ဆာကြီး”သာမရှိခဲ့ရင်
ငါတို့လည်း ခရီးရှည်တွေ ဘယ်ထွက်ချင်ပါ့မလဲ
ခုတော့ … အိမ်အလွမ်းတွေထဲမှာနစ်မွန်းရင်း ခရီးရှည်။

(၃)
ရာသီဥတုက ဆိုးလွန်းတယ်
ခရီးလမ်းတွေက သေချာမမြင်ရဘူး
နေရောင်ဆိုတာကတော့ အဝေးကြီးမှာပေါ့။

(၄)
မိုးလေကင်းစင်တဲ့တစ်နေ့
မြူတိမ်ကင်းစင်မယ့်တစ်နေ့
အဲဒီလိုနေ့တစ်နေ့များ… ယောင်မှားပါလာနိုင်ဦးမလား။

(၅)
အိမ်ပြန်ချင်တယ်
အလွမ်း …….
စိတ်တစေအနမ်းနဲ့
အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက
ငါ့တံခါး၀မှာ
နေရောင်တွေ လက်ဖြာလို့။ ။

+ မနော်ဟရီ +

Via: (မြစ်ကျဉ်းသုံးခု…ကဗျာစာအုပ်မှ)