အိမ်အပြန်

1
247

(၁)
အမြင်က စိုစိုစိမ်းစိမ်း
သဲလွန်စအတိုင်း ရင်ဘတ်ထဲ၀င်လိုက်တော့ သွေ့ခြောက်ခြောက်သရောင်း
အမြန်ရထားလက်မှတ် ဖြတ်အပြီး
ဘူတာရုံလေးမှာ ဥသြသံတွေ ညို့မှိုင်းလာတယ်။

(၂)
ဒဏ်ရာကို အရောင်တင်လိုက်မှ
ဦးခေါင်းအရေပြားဟာ အထင်းသား
အခုဆို မေမေကလည်း စိတ်ပန်းကိုယ်လျော့ ရှိရော့မယ်….။

(၃)
တံစက်မြိတ်အောက်မှာ
ကလေးတွေ ရေမချိုးကြတော့ဘူး
လမ်းမပေါ် ဘောလုံးကန်နေကြတယ်….။ ။

+ရိုးသက်+

ဒီကဗျာလေးကို ဘယ်ကနေ ကူးထားမိလဲတော့ မမှတ်မိတော့ဘူး၊ ခုမှ စာအုပ်ကြားထဲက ထွက်လာလို့ ….။ အိမ်ပြန်ကာနီး လူငယ် တစ်ယောက်ရဲ့ ခံစားချက်ကို ရေးထားလို့ အရမ်းသဘောကျမိတယ်။ ကဗျာအဆုံး ပိုဒ်လေးကိုတော့ အကြိုက်ဆုံးပါပဲ…။ ဟုတ်ပါတယ် ဗျာ… အမေရဲ့ အိမ်မှာတော့ ကျွန်တော်တို့ အားလုံး ကလေးတွေ ချည်းပါပဲ၊ အဲဒီ ကလေးတွေအတွက် အလုံးခြုံဆုံး နေရာဟာလည်း အမေရဲ့ အိမ်အရိပ်အောက်မှာ ပါပဲ။ ဒါပေမယ့် အခု-

“တံစက်မြိတ်အောက်မှာကလေးတွေ ရေမချိုးကြတော့ဘူး”

တဲ့၊ အဲဒီ ကလေးတွေဟာ အမေရဲ့အိမ် အရိပ် အစပ်(တံစက်မြိတ်) လေးမှာတောင် မရှိကြတော့ ဘူးလို့ ပြောပါတယ်။ ဒါလည်း ဟုတ်ပါ လိမ့်မယ် …. အရင်က လူငယ်တွေ အရွယ်ရောက် လာလည်း ကိုယ့်မိဘရဲ့ မျက်စိရှေ့မှောက် (ဒါမှမဟုတ်) မလှမ်းမကန်း မှာပဲ လုပ်ကိုင် စားသောက် ခဲ့တာ များပါတယ်။ အခု ကျွန်တော်တို့ ခေတ်မှာတော့ မရတော့ ပါဘူး။ မိဘနဲ့ အလှမ်းဝေးတဲ့ နယ်ပယ်ဒေသတွေထိ ခြေ ဆန့်နိုင်မှပဲ ဖြစ်တော့တယ်။ တစ်ချို့ဆို ပြည်ပအထိ …. ခြေဆန့်ရတယ် မဟုတ်လား ……ဒါကို ကဗျာဆရာက ကဗျာရဲ့ နောက်ဆုံး စာကြောင်းမှာ –

“လမ်းမပေါ် ဘောလုံးကန်နေကြတယ်….။ ။”

လို့ ရေးပြီး ပိတ်လိုက်ပါတယ်။ ဆက်စဉ်းစားစရာက အများကြီး ကျန်ခဲ့ပါတယ်။ လမ်းပေါ်တက်ပြီး ဘောလုံးကန်နေတဲ့ ကလေးတွေ အန္တရာယ်မှ ကင်းပါ့မလား၊ ကားတစ်စီးစီးကများ တိုက်သွားမလား …၊ ဘေးကင်းတဲ့ တံစက်မြိတ်အောက်မှာပဲ ရေချိုးပါတော့လား ….။ ဟုတ်ကဲ့ ….. အန္တရယ်များမှန်း သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လမ်းမပေါ်တက်ပြီး ဘောလုံးကန်နေကြတုန်းပါပဲ….. 😉

1 COMMENT

  1. congratulation and thank you, May can I help or something wart can I do? After I read your poem I wishes to go native town.can not. I am playing football on the rode. I have not shelter,parents,friends,only my sister.very sad sometime for her. I am missing all. I hope, a day, I will comeback to meet all.