Hello

0
147

အဆိုတော်ငယ်ငယ်ရဲ့“Hello”သီချင်းမဟုတ်ပါ။ ယင်းမာပင်မြို့ရဲ့ “Hello” ပဲ့တင်ထပ်သံတွေပါ။ယင်းမာပင်မြို့ GSM လိုင်းများကို ဇူလှိုင်လ (၁၂) ရက်မှ စပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အရင်က ပုလဲမြို့နှင့်မိုင်း အထိဘဲ အသုံးပြုနိုင်ပြီး အခုဆိုရင် ယင်းလိုင်းတွေနဲ့ တစ်ဆက်တည်း ဖြစ်သွားပြီဖြစ်ပါတယ်။

ဖုန်းများကို ယင်းမာပင်မြို့ဆက်သွယ်ရေးရုံးတွင် (၂) သိန်းနဲ့ ၀ယ်နိုင်ပြီး ဟန်းဆက်များကိုလည်း ရုံးမှာ အလွယ်တကူ ၀ယ်ယူလို့လည်း ရတယ်လို့ သိရပါတယ်။ စတိုးဆိုင်များတွင်လည်း ဟန်းဆက်အမျိုးမျိုးကို ဝယ်ယူနိုင်ပြီး မုံရွာရှိဖုန်းဆိုင်များတွင် နာမည်ပေါက်နဲ့ရတယ်လို့လည်း သိရပါတယ်။

Internet တွေကိုတော့ ဖုန်မှာ မရသေးတာလား။ မတပ်ကြတာလားတော့ မသိပါ။ အခုထိမည်သူမျှ တပ်ဆင်ထားခြင်း မရှိသေးပါ။ အင်တာနက်အတွက်တော့ စရီဇာရဲ့ လမ်းဘေးကဖီး လေးကဘဲ နိုင်ငံခြား သွားရောက် အလုပ်လုပ်နေသူတွေရဲ့ မိသားစုတွေအကြား ကြားခံ ကျေးတမန်လေးအဖြစ် ပန်းပန်လျက်ပါ။ ။

ဝမ်းနည်းစရာကောင်းတာက အခုထက်ထိ CDMA လိုင်းများ သုံးလို့အဆင်မပြေသေးဘူးလို့ သိရပါတယ်။ CDMA အတွက် Tower တိုင် အခုထိ မထောင်ရသေးဘူး သိရပါတယ်။

Auto ကြိုးဖုန်းမှာလည်း သင်္ကြန် ပြီးကတည်း Received Number များကို ကြည့်လို့ ရသွားပြီ ဖြစ်ပါတယ်။ ယင်းService အတွက် တစ်လကို (၅၀၀) ကျပ်နှုန်းထပ်ဆောင်းပေးရတယ်လို့သိရပါတယ်။