23.1 C
Myanmar
Saturday, November 18, 2017
Tags ကဗျာ

Tag: ကဗျာ

ချင်းတွင်း

တိုက်ပွဲဝင် ယမ်းငွေ့တွေ ရနံ့မပျယ်သေးတဲ့ မြစ်... ကဝိ ပညာ သီးနှံတွေ ပေါက်ဖွား တစ်ပြည်လုံးညွှတ်အောင် ရေခံမြေခံကောင်းတဲ့ မြစ် ငြိမ်းချမ်းရေးအလင်းရဖို့ ဒဏ်ရာတွေနဲ့ မီးခတ်တဲ့ မြစ် နာမ်စီးတဲ့ ချင်းတွင်း အချင်းချင်း အတွင်းစည်းလုံးတဲ့ မြစ် ကမ်းဖြိုသူတွေကြောင့် မြစ်မကောအောင် ရင်ကော့တင်းခံနေရတဲ့ မြစ် အနီ၊ အဖြူ၊ ပန်းရောင်နဲ့ အရောင်အမျိုးမျိုး ကြပ်ခိုးမှိုင်း တိုက်ခံရတဲ့ မြစ် (ရေမှာ အရောင်အဆင်းမရှိဘူးဆိုတာ မသိကြသူတွေလေ) ရာဇဝင်အိုးကို မနိုင်ဝန်အားနဲ့ ထမ်းထားရတဲ့ မြစ် လောကဓံရှစ်ပါးကို တည်ငြိမ်တဲ့ အရေလျင်နဲ့ တရားချပေးတဲ့...

သာသည့်မြေသို့

အလှထူးပါဘိ မြဖူးပြာအငုံနဲ့ လွှာရုံမှာ ညှာစုံကျင်းရော့ထင့် ဖြူဝင်း ငွေမှုန်လွှာတို့ လေယူရာ ရနံ့ညှင်း သင်းပျံ့ခဲ့ သူ့ခြံမှာ။ ငါ့ခြံကြည့်ပြန်တော့ မချိပူပွေဖြာခဲ့ မြေပြာမှာ နေစာမတင့်နိုင်ဘု ကြည့်စရာ နီဝါတွေလည်း မပွင့်လေတော့ စိမ်းရင့်ရောင် နွယ်ခြုံပုတ်တွေက ရှုတ်ထွေးကာ လိမ်ခွေယှက် အားပျက်စရာ။ သူ့စခန်း သာဆန်း ရဂုံသွင်မို့ ငါ လှမ်းကာ ခိုဝင်လို့ ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့ ပွင့်ငုံဆင် ပင်တွေကြားမှာလ လျှောက်သွားကာ ပျော်လိုလှပါဘိ မြရောင်စို သည်မြက်ခင်းရယ်နဲ့ ညှင်းလေချို သစ်ညိုရိပ်မှာဖြင့် လျောင်းအိပ်လို့ တကိုယ်သာ ရွှင်ပါချင့် စိတ်ထဲ။ သို့လဲလေ မသင့်လျော်ပေဘု ငါ့ခြံမြေ ဥယျာဉ်နန်းဟာလဲ လှပေသည် ပြည်စခန်းပေပေါ့ စိတ်းပန်းကို သည်လိုဖြေလို့...

To Yinmarbin

ဒီ Video လေးကို လုပ်ဖြစ်ထားတာတော့ တော်တော်ကြာသွားပါပြီ၊ အဓိက ကတော့ မှာ www.yinmarbin.org သုံးနိုင်အောင်လို့ ဆိုပြီး လုပ်ထားတာ နောက်တော့ မထင်မှတ်ဘဲ ကွန်နက်ရှင် ကောင်းတာနဲ့ လျှောက်တင်လိုက်တာ... ။ အသံကတော့ သိပ် မကောင်းဘူးဗျာ အဲဒီတုန်းက အအေးပတ်ထားလို့ အသံဝင်နေတာရော၊...

မိုးတွေက ရစ်သမ်နဲ့မရွာဘူး

(၁) အိပ်မက်တွေ အခြေမကျသေးသရွေ့ “အိမ်” ဆိုတာကလည်း “မက်” လောက်ဖွယ်ရာ လွမ်းဆွတ်မှုကြီးတစ်ခုပဲ ။ (၂) စိတ်ကူးထဲမတော့ နလံထလာမယ့်ဒွန်နယာ အာဃာတတွေ ခဝါချတော့မယ့် ဒွန်နယာ ခပ်ရဲရဲသာ ကိုယ့်လမ်းကိုယ် ဆက်ဖောက် ဆက်လျှောက်ရဲ့ ။ (၃) မိုးစက်ရိုင်းတွေ လုယက် တိုးဝေ့နေတဲ့ ” ၁၃ ” ရက်ဖွား မွဲမွဲမှိုင်းမှိုင်းတစ်ကောင်ကို အမှောင်ထဲမှာ လင်းခွင့်ပြုကြပါ ။ အဆီဝေ့ဝေ့ ၊ ပြုံးတမိန့်မိန့် ၊ သိမ့်သိမ့်တုန်ခါ လျှောက်ခဲ့ဖူးသောလမ်းအသွယ်သွယ်နောက်မှာ ရက်စက်မှုကံတရားတွေ ကပ်ပါလာတယ်...

ဆောင်းဦးပုံပြင်

(၁) အခုလို ဆောင်းညချမ်းဆို မြေရိုင်းဖော်ရင်း အဖေတူးလာတဲ့ ဧရာမ သစ်မြစ်ဆုံကြီးကို မိသားစု မီးညှီလှုံကြရင်း ဆီးနှင်းတွေ တဖွဲဖွဲကြား ထန်းမြစ်ကလေးတွေ ဖုတ်စားရင်းပေါ့ အညာဆောင်းကို အံတုကြတယ်….။ (၂) မီးဖိုနံဘေးမှာ အဖေဟာ ထန်းလက်လျှော်သပ်ရင်း စစ်အတွင်းတုန်းက ဗုံးကြဲဖို့လာတဲ့ ကျွဲညီနောင် ရွာပေါ်ဝဲရင် ရှောင်ရ ရှားရပုံတွေ ရွာအနီး မန်းကျည်းပင်ကြီးအောက် ကာကွယ်ရေးလက်ကျန် ဗုံးထအပေါက်မှာ ဖိုးသာအောင် လက်တစ်ဖက်ပြတ်ရရှာပုံတွေ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ သားသတ်နဲ့ အရက်လိုင်စင်ချပေးတဲ့ကြား လယ်တီဆရာတော်ဘုရားက အမဲသားမစားဖို့၊ အရက်မသောက်ဖို့ မေတ္တာစာ ရွာအနီးတဝိုက် လိုက်လံဝေခဲ့ပုံတွေ စုံပေသပ တစ်ညတစ်မျိုး မရိုးနိုင်တဲ့ ဆောင်းပုံပြင်တွေ….။ (၃) အမေက မနက်ဖြန်...

ရေဦး

(၁) ငါ့ရဲ့မြစ်ဖျားခံရာ ငါ့ငယ်သွားများ ကျိုးခဲ့ရာ ငါကျန်ခဲ့တဲ့ခြေရာ….။ (၂) လေကောင်းလေသန့်တွေက ငါ့ကိုလာနမ်းတော့ ငါ့မှာလတ်ဆတ်ရ….။ (၃) ရေဦး မူးရေမှာ ရေတွေကူးခဲ့ကြ ကမ်းနဖူးမှာ မြေလူးငှက်လို မြေမှာလူးခဲ့ကြ….။ (၄) နာရီစင်၊ ပန်းခြံ၊ စျေး မြင်သမျှကြားသမျှမှာ သွားတက်များပေါ်အောင်ကြည်နူးရ…။ (၅) အဝေးပြေးကားပေါ် ချိန်ခွင်လျှာများ ခေါင်းငိုက်စိုက်ကျလို့ မုံရွာလမ်းက တမာတောဟာ ငါ့ကိုမေ့ဆေးထိုးလိုက်ဖို့ရာ သတိမေ့လို့ ရေဦးဟာ ငါ့ငယ်သွားများ ကျိုးခဲ့ရာ….။ + မျိုးနေနွယ် + Via: (ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂ဝဝ၇)

အိမ်ပြန်ချင်တယ်

(၁) ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့် ငါ့ရဲ့မွန်မြတ်သန့်စင်သော ချစ်ခြင်းမေတ္တာ ငါဟာ….နာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ။ (၂) ကံကြမ္မာလို့အမည်တပ်ထားတဲ့ အဲဒီ“မိစ္ဆာကြီး”သာမရှိခဲ့ရင် ငါတို့လည်း ခရီးရှည်တွေ ဘယ်ထွက်ချင်ပါ့မလဲ ခုတော့ … အိမ်အလွမ်းတွေထဲမှာနစ်မွန်းရင်း ခရီးရှည်။ (၃) ရာသီဥတုက ဆိုးလွန်းတယ် ခရီးလမ်းတွေက သေချာမမြင်ရဘူး နေရောင်ဆိုတာကတော့ အဝေးကြီးမှာပေါ့။ (၄) မိုးလေကင်းစင်တဲ့တစ်နေ့ မြူတိမ်ကင်းစင်မယ့်တစ်နေ့ အဲဒီလိုနေ့တစ်နေ့များ… ယောင်မှားပါလာနိုင်ဦးမလား။ (၅) အိမ်ပြန်ချင်တယ် အလွမ်း ……. စိတ်တစေအနမ်းနဲ့ အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက ငါ့တံခါး၀မှာ နေရောင်တွေ လက်ဖြာလို့။ ။ + မနော်ဟရီ + Via: (မြစ်ကျဉ်းသုံးခု…ကဗျာစာအုပ်မှ)

အညာလေက ခါးခဲ့သလား . . . စာဥ

(၁) ပင်အိုရိုင်းတွေတောင် ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ အညာလေက ခါးခဲ့လို့လား. . . မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ် (၂) ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား ငါ နဲ့ တမာအိုပင်ကြီးကတော့ နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ် ၊၊ (၃) ရေခပ်ဆင်းချိန်တွေမှာ ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ ပန်းရိုင်းကပွဲတွေမှာ ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ ၊၊ (၄) ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို မျှော်ငေးရပ်တည်နေလေရဲ့...

နွေဦးကာလ မြူထသောအခါ

(၁) နွေဦးကာလ၊ မြူထသောအခါ ရင်းထောင်းရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ (၂) ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေယေ စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ် ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ (၃) ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောအခါ ပုတတ်ကယ် ယုန် ခါ၊ တောမှာရှိကြ ငုံး ကြက်ကယ် ဖွတ် မြွေ ဝံပုလွေ မနေထွက်လာသည်တည့်လေး။ (၄) ဝမ်းသာအားရ၊ မယားကတစ်သွယ် ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ် လင်ကတစ်သွယ်၊ ယုန်ငယ်ကစ တောသတ္တဝါ၊ တွေ့တိုင်းကိုသာ အိတ်မှာသာ...

အိမ်မက်ထဲမှာ လွမ်းရတယ်

(၁) အိပ်မက်တစ်ရာ၊ ငါမက်ပါလျှင် တစ်ရာလိုပင်၊ ငါ မက်မြင်သည် ငယ်စဉ်နေခဲ့ ငါ့အိမ်လေး။ (၂) ငါ့အိမ်ရှေ့တွင်၊ တလင်းပြင်မှာ ယခင်လိုပင်၊ သဲနုလွင်နှင့် သန့်စင်လှဲကျင်း ဖြူဖြူဝင်း။ (၃) ငါ့အိမ်ဦးတွင်၊ စံပယ်ပင်ကား ယခင်လိုပင်၊ ဖူးပွင့်ဆင်၍ လေတွင် ဆွတ်ညင်း ကြူကြူသင်း။ (၄) ငါ့အိမ်ခေါင်းရင်း၊ ကျောက်ရေတွင်းသည် သလင်းလိုလို၊ ရေချိုချိုနှင့် ရှေးလို အေးမြဲ ချိုပါဆဲ။ (၅) ငါ့အိမ်ဘေးမှာ၊ မာလကာနှင့် သြဇာသရက်၊ မြရောင်လက်၍ ငှက်တို့သံစုံ ကျူးရင့်ကုန်။ (၆) ငါ့အိမ်လေးမှာ. . . တဲကုပ်သာမျှ၊ သေးငယ်စွလည်း ငါ့ဘဝမှာ၊ အမြဲသာလျှင် စွဲပါ၍လာ၊ မမေ့သာသည် ငယ်ခါနေသည့်...

HOT NEWS

MOST POPULAR