23.1 C
Myanmar
Thursday, November 23, 2017
Tags Chindwin

Tag: Chindwin

တစိမ်းဆန်တဲ့မုံရွာ

၆-၁၁-၂၀၁၂ အော်ဒီနေ့က အလှူငွေထည့်တဲ့ အမတစ်ယောက်ရဲ့ငွေကို မုံရွာဘဏ်မှာ သွားထုတ်ရမယ်။ အကိုတစ်ယောက်နဲ့ ချိန်ပြီး စောစော ထွက်ဖြစ်တယ်။ဦးဘဲဥ လို့ခေါ်တဲ့ မော်တော်ပီကယ် ဖမ်းမှာစိုးလို့ ပိုးမျှင်တက်နေတဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းလို့ မုံရွာမြို့ကြီးကို မစီးရတာကြပြီဖြစ်တဲ့ ဆိုင်ကယ်လေးနဲ့ ချီတက်ခဲ့ပါတော့တယ်။ ကျောင်းသားဘဝက သွားနေကျဖုန်အလိမ်းလိမ်း(အခုတော့ မထတော့ပါဘူး)နဲ့တံတားဘက်က သွားရင်ကြာမှာ စိုးလို့ အောက်ကူးတို့က ပတ်သွားမှ ပိုဆိုးတော့တယ်။ အဲ့ဒီမှာ စတွေ့တာဘဲ။...

လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲ

လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲကိုတော်ဝင်နှင်းဆီခန်းမ(သီရီခန်းမ) ရန်ကုန်မြို့ ၃၀-၉-၂၀၁၂ ကျင်းပခဲ့ပါတယ်။အခုပွဲလေး ကိုတော့ အဖွဲအစည်းအသီးသီးမှ လူများတက်ရောက်ခဲ့ကြပါတယ်။  ၈၈ မျိုးဆက်ကျောင်းသားများ၊အနုပညာရှင်များ၊ Media အသီးသီးမှလူများ၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ပညာရှင်များ တက်ရောက်လာကြပါတယ်။ လက်ပံတောင်းတောင်ဒေသခံ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းရင်နင့်ဖွယ်ရာ ခံစားချက်များကိုလည်း တက်ရောက်လာသူများ မျက်မြင်ကိုယ်တွေ့နားဆင်ခဲ့ရပါတယ်။ နယ်ပယ်အသီးသီးမှ ပညာရှင်များကလည်း ဝင်ရောက်ဆွေနွေးခဲ့ကြပါတယ်။ အခမ်းအနားအစီအဉ်များကို အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း။ အစီအစဉ်(၂) ၈၈ မျိုးဆက်ကျောင်းသားများအဖွဲမှ...

မနိုးပါ‌စေနဲ့ ထမံသီကျား

ထမံသီလို့ ‌ပြောလိုက်ရင် လူစင်စစ်က‌နေ ကျားဘဝကို ‌ပြောင်းပြီး အမဲလိုက်တတ်တဲ့ ထမံသီကျား‌တွေရဲ့ အ‌ကြောင်ကို ကြားဖူးနားဝ ရှိကြမှာပါ။ ထမံသီ‌ကျေးရွာက အထက်ချင်းတွင်းက ဟုမ္မလင်းမြို့နယ်မှာ ရှိတဲ့ ‌ကျေးရွာတစ်ရွာဖြစ်ပါတယ်။ နာဂ‌တောင်တန်း ‌လေရှီးမြို့ကို သွားရာလမ်းရဲ့ အစတံခါးဝ‌ပေါ့။ ‌ရေခဲ‌တွေ ဖုံးလွှမ်း‌နေတယ်ဆိုတဲ့ စာရာ‌မေတိ‌တောင်တန်းကို သွားမယ့် ခရီးရဲ့အစ။...

ချင်းတွင်းအခက် ထမံသီအချက်

မြန်မာနိုင်ငံ၏ အသက်​သွေးကြောသည် ဧရာဝတီဟု ဆိုကြသည်။ ဧရာဝတီ၏ အသက်သည် ချင်းတွင်းဟု ဆိုအပ်သော် မမှားနိုင်ပေ။ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် အကြီးဆုံး ရေဝေမြစ်ဖြစ်သော ချင်းတွင်းမြစ်ကို နောင်လာ နောက်သားတို့ မြင်ရပါစေဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ...

ချင်းတွင်းမြစ် သတင်းများ

ချင်းတွင်းမြစ်ကြောင်း အမြန်ရေယာဉ် လိုင်းသစ်တစ်ခုတိုး ချင်းတွင်းမြစ်ကြောင်းဟာ မြစ်ရေမြင့်တက်ချိန်များတွင်သာ သင်္ဘောခရီးစဉ်များ ရှိပြီး နွေရာသီမှာတော့ အမြန်ရေယာဉ် (ရှော်တယ် ဟု ခေါ်ကြပါတယ်) များနဲ့သာ သွားလာဖို့ အဆင်ပြေလေ့ ရှိပါတယ်။ ဒါပေမယ့် အမြန်ရေယာဉ်တွေဟာ...

သမိုင်းကဗျာမြစ်ထဲက

သီတင်းကျွတ်ရင် ဘာလုပ်မှာလဲလို့ လူများစွာကို အချိန်ယူပြီး မေးခဲ့ဖူးတယ်။ ကလေးအများစုကတော့ မီးထွန်းမယ်၊ ဗြောက်အိုး ဖောက်မယ်တဲ့။ အရွယ်ရောက်ပြီးတဲ့ လူငယ် တစ်ချို့ကတော့ တကယ်ပဲ ပြောသလား၊ အလွယ်ပဲ ပြောသလား မသိ။ သီတင်းကျွတ်ရင် လက်ထပ်မယ် တဲ့...။ ၁၂ လရာသီနဲ့ ရိုးရာဝါဒီ ဒါက မြန်မာတို့ရဲ့...

ချင်းတွင်း

တိုက်ပွဲဝင် ယမ်းငွေ့တွေ ရနံ့မပျယ်သေးတဲ့ မြစ်... ကဝိ ပညာ သီးနှံတွေ ပေါက်ဖွား တစ်ပြည်လုံးညွှတ်အောင် ရေခံမြေခံကောင်းတဲ့ မြစ် ငြိမ်းချမ်းရေးအလင်းရဖို့ ဒဏ်ရာတွေနဲ့ မီးခတ်တဲ့ မြစ် နာမ်စီးတဲ့ ချင်းတွင်း အချင်းချင်း အတွင်းစည်းလုံးတဲ့ မြစ် ကမ်းဖြိုသူတွေကြောင့် မြစ်မကောအောင် ရင်ကော့တင်းခံနေရတဲ့ မြစ် အနီ၊ အဖြူ၊ ပန်းရောင်နဲ့ အရောင်အမျိုးမျိုး ကြပ်ခိုးမှိုင်း တိုက်ခံရတဲ့ မြစ် (ရေမှာ အရောင်အဆင်းမရှိဘူးဆိုတာ မသိကြသူတွေလေ) ရာဇဝင်အိုးကို မနိုင်ဝန်အားနဲ့ ထမ်းထားရတဲ့ မြစ် လောကဓံရှစ်ပါးကို တည်ငြိမ်တဲ့ အရေလျင်နဲ့ တရားချပေးတဲ့...

HOT NEWS

MOST POPULAR