23.1 C
Myanmar
Saturday, November 18, 2017
Tags Poem

Tag: Poem

ဘယ်မြို့ပုံသာပါလိမ့်

ပေးသမျှ ပြန်မရလို့ မျက်နှာမပျက် စိတ်မကွက်တတ်သူ ...

ချင်းတွင်း

တိုက်ပွဲဝင် ယမ်းငွေ့တွေ ရနံ့မပျယ်သေးတဲ့ မြစ်... ကဝိ ပညာ သီးနှံတွေ ပေါက်ဖွား တစ်ပြည်လုံးညွှတ်အောင် ရေခံမြေခံကောင်းတဲ့ မြစ် ငြိမ်းချမ်းရေးအလင်းရဖို့ ဒဏ်ရာတွေနဲ့ မီးခတ်တဲ့ မြစ် နာမ်စီးတဲ့ ချင်းတွင်း အချင်းချင်း အတွင်းစည်းလုံးတဲ့ မြစ် ကမ်းဖြိုသူတွေကြောင့် မြစ်မကောအောင် ရင်ကော့တင်းခံနေရတဲ့ မြစ် အနီ၊ အဖြူ၊ ပန်းရောင်နဲ့ အရောင်အမျိုးမျိုး ကြပ်ခိုးမှိုင်း တိုက်ခံရတဲ့ မြစ် (ရေမှာ အရောင်အဆင်းမရှိဘူးဆိုတာ မသိကြသူတွေလေ) ရာဇဝင်အိုးကို မနိုင်ဝန်အားနဲ့ ထမ်းထားရတဲ့ မြစ် လောကဓံရှစ်ပါးကို တည်ငြိမ်တဲ့ အရေလျင်နဲ့ တရားချပေးတဲ့...

သာသည့်မြေသို့

အလှထူးပါဘိ မြဖူးပြာအငုံနဲ့ လွှာရုံမှာ ညှာစုံကျင်းရော့ထင့် ဖြူဝင်း ငွေမှုန်လွှာတို့ လေယူရာ ရနံ့ညှင်း သင်းပျံ့ခဲ့ သူ့ခြံမှာ။ ငါ့ခြံကြည့်ပြန်တော့ မချိပူပွေဖြာခဲ့ မြေပြာမှာ နေစာမတင့်နိုင်ဘု ကြည့်စရာ နီဝါတွေလည်း မပွင့်လေတော့ စိမ်းရင့်ရောင် နွယ်ခြုံပုတ်တွေက ရှုတ်ထွေးကာ လိမ်ခွေယှက် အားပျက်စရာ။ သူ့စခန်း သာဆန်း ရဂုံသွင်မို့ ငါ လှမ်းကာ ခိုဝင်လို့ ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့ ပွင့်ငုံဆင် ပင်တွေကြားမှာလ လျှောက်သွားကာ ပျော်လိုလှပါဘိ မြရောင်စို သည်မြက်ခင်းရယ်နဲ့ ညှင်းလေချို သစ်ညိုရိပ်မှာဖြင့် လျောင်းအိပ်လို့ တကိုယ်သာ ရွှင်ပါချင့် စိတ်ထဲ။ သို့လဲလေ မသင့်လျော်ပေဘု ငါ့ခြံမြေ ဥယျာဉ်နန်းဟာလဲ လှပေသည် ပြည်စခန်းပေပေါ့ စိတ်းပန်းကို သည်လိုဖြေလို့...

HOT NEWS

MOST POPULAR