My Native Town

မနိုးပါ‌စေနဲ့ ထမံသီကျား

စကားချပ်။ ဒီဆောင်းပါးမှာ ပါဝင်တဲ့ ရွှေစာရေးဆည်တည်ဆောက်မယ့် ရွှေစာရေးဆည်မြစ်ကျဉ်းနေရာဟာ မုံရွာမြို့နဲ့ (၂၂)မိုင် အကွာမှာရှိတဲ့ (ကနီမြို့နဲ့ဆိုရင်တော့ (၁၂) မိုင် အကွာမှာ ရှိပါတယ်) ရွှေစာရေးရွာအနီးမှာ ရှိပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ ရှိတဲ့ မြစ်ကျဉ်းသုံးခုမှာ ပထမဆုံးမြစ်ကျဉ်းနေရာ ဖြစ်ပြီး ရွှေစာရေးဝဲလို့ လူသိများခဲ့တဲ့ နေရာပါ။ အဲဒီနေရာကို ချင်းတွင်းမြစ်ရေကျချိန်ဖြစ်တဲ့ တန်ဆောင်မုန်းလလောက်က စပြီး အိန္ဒိယကုမ္မဏီ ဝန်ထမ်းအချို့ လာရောက်၍ တိုင်းတာရေး လုပ်ငန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။

ရွှေစာရေးဆည် တည်ဆောက်တဲ့အတွက် ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ ရွှေ့ပြောင်းပေးရမှာ ဖြစ်ပြီး တတ်နိုင်သူများက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ရွှေတောင်ဉီးဘုရားအနီးက မြေကွက်များကို မျက်စိကျလာကြတာကြောင့် မြေကွက်စျေးတွေ အဆမတန် မြင့်တက်လာခဲ့ပါတယ်။

Exit mobile version