My Native Town

ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ

ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲလေးကို ၂၄ ရက်နဲ့ ၂၅-၁၂-၂၀၁၂ ရက်နေ့တွေမှာ ယင်းမာပင်မြို့လေးရဲ့ ဆောက်လုပ်ဆဲ အထကကျောင်းဆောင်သစ်မှာ ကျင်းပခဲ့ကြပါတယ်။ ပထမနေ့မနက်ခင်းပိုင်းမှာ ကွယ်လွန်သော ဆရာ၊ဆရာမများကို ရည်စူးပြီး ဆွမ်းကပ်ခဲ့ကြပြီး ညပိုင်းမှာ တော့ ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့ ညစာစားပွဲကို တပျော်တပါးဆင်နွဲခဲ့ကြ ပါတယ်။ ဒီနှစ်မှာ တော့ အရင်နှစ်ကလောက် အဝေးရောက်ကျောင်းသားဟောင်းများ လူစုံတက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ညစာစားပွဲကို ထမင်းကျော်နဲ့ တည်ခင်းဧည့်ခံပြီး လက်တောင်ကြီးမှ စက်ကြီးနဲ့ တမြို့လုံးပဲ့တင်ထပ်တောင် သီဆိုခဲ့ကြပါတယ်။

ဒုတိယနေ့လေးမှာတော့ ဆရာ၊ဆရာမများကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။ဆရာ၊ဆရာမ စုစုပေါင်း ၆၃ ဦးရှိပြီး ဆရာတစ်ဦးစီကို ငွေသား ၇၀,၀၀၀ ကျပ်၊ အမှတ်တရ ထွက်စုအင်္ကျီနှင့်မနှစ်ကအာစရိယပူဇော်ပွဲ အခွေလေးတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ စာပေဟောပြောပွဲလည်း ပါဝင်ခဲ့ပါတယ်။ စာရေးဆရာ ၃ ဦးမှ ဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူငယ်များလည်း စည်ကားသိုက်မြိုက်စွာ တခဲနက် လာရောက်နားထောင်ခဲ့ကြပါတယ်။ ဓာတ်ပုံများကတော့ မရသေးတဲ့အတွက် နောက်မှဘဲ တင်ပေးပါတော့မယ်။

Exit mobile version