My Native Town

မြို့ကလေးရဲ မြကန်သာ

ယင်းမာပင်မြို့ရဲ့ မြို့၀င်ရှု့ခင်းထက် မြို့ထွက်ရှု့ခင်းက ပိုပြီးဆွဲဆောင်အား ကောင်းပါတယ်။ အခုနောက်ပိုင်း ဖွင့်လှစ်လိုက်တဲ့ အမျိုး သမီးအိမ်တွင်းမှု့ ကျောင်းကလည်း မြို့အထွက်နားမှာ ဆိုတော့ လှပြီးသား မြို့ထွက်ရှု့ခင်းလေးနဲ့ ပိုပြီးပနံရသွားသလိုပါပဲ။ (ဒီကျောင်းနေရာက အရင်စက်မှု့လယ်ယာ ရုံး၀င်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီးတွေနေရာ မှာပါ…. )

ထို အိမ်တွင်းမှု့ကျောင်းနဲ့တစ်ဆက်တည်း မြို့အထွက်ဖက် လမ်းဘယ်ညာမှာ ယိမ်းထိုးကွေ့ကောက် နေတဲ့ တမာပင်တန်းလေးဟာ ကြည့်လို့ အလွန်လှတဲ့ နေရာလေး ဖြစ်နေပါတယ်။ ဒါ…. ယင်းမာပင်လို့ ပြောရမယ့် နေရာလေးလည်းဖြစ်နိုင်ပါတယ်… (ကျွန်တော့် အမြင်ပါ….) ။ ပြီးတော့ နောင်တစ်ချိန်မှာ အဲဒီ ပတ်၀န်းကျင် နေရာလေးဟာ စည်ကားမှု့အတန်အသင့် ရှိလာနိုင်ပါတယ်။ အဲဒီနေ ရာလေးကနေ မြောက်ဖက် (မြို့အထွက် ဖက်) ကို ဆက်သွားလိုက်မယ် ဆိုရင် ယင်းမာပင်မြို့ထွက် ဆိုင်းဘုတ်လေးကို တွေ့ရ မှာ ဖြစ်ပါတယ်။ အဲဒီ ဆိုင်းဘုတ်လေးကနေ အရှေ့ဖက် (ဘယ်ဖက်) ကို ကွေ့လိုက်မယ် ဆိုရင် R.1 ဆိုတဲ့ ရေကန်ဆီသွားရာ ယူကလစ်ပင်တွေ ဘယ်ညာတန်းစီ စိုက်ပျိုးထားတဲ့ မြေနီလမ်းလေးကို တွေ့ရမှာပါ။ R.1 ရေကန်ဟာ ယင်းမာပင် မြို့နယ်ရှိ (၉၉) ကန် လို့ ခေါ်တဲ့ ရေကန်တွေ အားလုံးထဲမှာ ဟစ်အဖြစ်ဆုံး ရေကန်လို့ ပြောနိုင်ပါတယ်။ ယင်းမာပင် မြို့ကို လာရောက်လည်ပတ် တဲ့ ဧည့်သည်တွေကို လိုက်ပို့လေ့ရှိတဲ့ နေရာတွေထဲက တစ်ခုပေါ့ …… ။ R.1 ရေကန်ဆီသွားရာ မြေနီလမ်းနဲ့ ဘေးဘယ်ညာက ယူကလစ်ပင်တန်းတွေဟာ မြင်ရသူတိုင်းကို ဆွဲဆောင်စည်းရုံးဖို့ အမြဲ အသင့် ရှိနေတတ်ပါတယ်။ ဖြူဖွေးနေတဲ့ ပင်စည်နဲ့ ယူကလစ်ပင် ရှည်ရှည်တွေဟာ တစ်ခုခုကို သတိရစေသလိုပါပဲ … ။

တကယ်လို့ သင်ကိုယ်တိုင် အဲဒီမြေနီလမ်းလေးပေါ်မှာ ဖြတ်လျှောက်ဖြစ်ခဲ့မယ် ဆိုရင်တော့ ယူကလစ် ပင်စည်တွေပေါ်က ကွန် ပါ ဒေါက်/ဓါး တို့နဲ့ ရေးခြစ်ထားတဲ့ ခံစားချက် စာတန်းအချို့ကို သတိပြုမိ သွားပါလိမ့်မယ်။ တစ်ချို့ကျောင်းသား စုံတွဲ၊ ချစ်သူတွေ အတွက် ဒီနေရာလေးဟာ ဆုံမှတ် ဖြစ်ခဲ့ကြပြီး ဒီနေရာလေးမှာပဲ လမ်းခွဲခဲ့ ကြရပုံပေါ်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ “ယူကလစ်စာ” တွေက သက်သေ ပြနေလို့ ပါပဲ။ (တက္ကသိုလ် ကျောင်းတွေမှာ သစ်ပုတ်ပင်ကြီးကို အသိ သက်သေထားပြီး ကွန်ပါ ဒေါက်/ဓါး တွေနဲ့ ပင်စည်ပေါ်မှာ စာရေးကြသလိုပေါ့)။ ကျွန်တော်ကတော့ အိမ်တစ်ခေါက် ပြန်တိုင်း အဲဒီနေရာလေးကို အနည်းဆုံး တစ်ခေါက်တော့ ရောက်ဖြစ်ပါတယ်။ ဆယ်တန်း ကျောင်းသား/သူ တွေလို့ ခန့်မှန်းရတဲ့ “ယူကလစ် စာ” ရေးသူ တွေရဲ့ဘ၀၊ အချစ်၊ ရည်မှန်းချက် စတဲ့ခံစားချက် လေးတွေကို ယူကလစ်ပင်စည်တွေပေါ်မှာ လျှောက်ဖတ်ရတာ …. တစ်ခါတစ်လေ ရယ်စရာလိုလို ….၊ချီးကျူးချင်စရာ လိုလို …၊ လေးစားချင်စရာ လိုလို …. ပါပဲ ။

ဘာပဲဖြစ်ဖြစ်ပါ၊ R.1 ရေကန်လေးဟာ “ပုဂံခေတ်ရဲ့ မြကန်သာ” မဟုတ်ပေမယ့်လည်း ယခုခေတ် “ယင်းမာပင်မြို့ ကလေးရဲ့ မြ ကန်သာ” လေးပါ…။ အခွင့် သင့်ရင် အလည်လာခဲ့ဖို့လည်း တစ်ခါတည်း ဖိတ်ခေါ် လိုက်ပါရစေဗျာ …. “ယူကလစ်စာ” တွေ ဖတ် ကြတာပေါ့ ….. ။

Exit mobile version