My Native Town

ပုလဲရွေးကောက်ပွဲ

နောက်ဆုံးရရှိသော မဲစာရင်းများအရ ပုလဲမြို့နယ်တွင်
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၄၁၅၅၆
  • ပြည်ခိုင်ဖြိုး – ၁၈၀၀၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိသွားသည် သိရပါသည်။
ပုလဲမြို့နယ် လှော်ကားကြီးကျေးရွာမှ နာတာရှည်ရောဂါရှင် အဘိုးအိုတစ်ဦးသည် ကြိုတင်မဲပေးပြီး ရှစ်နာရီခန့် အကြာတွင်ကွယ်လွန် ခဲကြောင်း သိရသည်။ ကွယ်လွန်သွားသူမှာ လှော်ကားကြီးကျေးရွာနေဦးစံလွင်(၇၇)နှစ် ဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲခြင်း ဖြစ်ကြောင်း သိရသည်။ “အဖေက နာတာရှည်ရောဂါ ဖြစ်နေတာ ၁၅ နှစ်လောက်ရှိပါပြီ။ ၂၀၁၀ တုန်းကလည်း ကြိုတင်မဲထည့်ပြီး အဲဒီတုန်းကတော့ နင်တို့ ထည့်ချင်တဲ့ ပါတီကို ထည့်ပါလို့ ပြောခဲ့တယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီထည့်မလဲမေးတော့ NLD ကဒေါ်ခင်စမ်းလှိုင်လို့ ပြောတယ်။ ၃၀ ရက်နေ့ ညနေက ကြိုတင်မဲ့အတွက် ကော်မရှင်ငါးဦးလာတော့ ဘာထည့်မလဲ ခြ​ ​င်္သေလားဒေါင်းလားပဲပြောဆိုတော့ ဒေါင်းဆိုပြီးတစ်ခွန်းတည်း ပြောပြတယ်။ ညနေ ၆
နာရီခွဲလောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ” လှော်ကားကြီးကျေးရွာမှ ဦးစံလွင်၏ သမီးဖြစ်သူက ပြောပြခဲ့သည်။
“အဘွားကတေ့ ဒီနေ့ပဲ မဲပေးခဲတယ်။ ကွယ်လွန်သူခင်ပွန်းက ကြိုတင်မဲအတွက် တတွတ်တွတ် ပြေခဲ့လို့ သူ့ဆန္ဒပြည့်သွားသောကြာ့င့်  ကျေနပ်ပါတယ်။ ကြိုတင်မဲပေးပြီးကတည်းက သူကိုရွာကတောင် မဲပေးဖို့စောင့်တာလားလို့ ဝိုင်းပြောင်ကြတယ်။ မဲ့ထည့်ချိန်မှာ သွေးပေါင်ချိန်က ၆၀ နဲ့ ၄၀ ရှိပြီး ညနေလည်းကျရော ဆုံးသွားတယ်။ မဆုံးခင်ရက်ပိုင်းအလိုမှာ နားထဲမှာ အိုးဝေဆိုပြီး အသံကြားနေရပြီး တစ်ရွားလုံးအိုးဝေးဖြစ်နေပြီလိုတောင် ပြန်ပြောပြခဲ့သေးတယ်” ဟု ဦးစံလွင်၏ ဇနီးအဘွားဒေါ်ညိုက ပြောပြခဲ့သည်။

ref:Weekly Eleven

Exit mobile version