Mindblown: a blog about philosophy.

  • နှလုံသားနံရံပေါ်က မြို့ကလေး

    အခုတလော ကပိုကယိုလေးလှနေတဲ့ယင်မာပင်ဆိုတဲ့ မြို့လေးနဲ့ ဟိတ်ဟန်များလှတဲ့ ရန်ကုန်မြို့ကြီးနဲ့ နှိုင်းယှဉ်နေမိတယ်။ မြို့ကြီးရဲ့ အဆင့်မြင့် 3D ရုပ်ရှင်ကားကြီးတွေကိုလည်း ကြည့်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က ဝင်းဗီဒီယိုရုံးလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။နေလည်းခင်းပြမဲ့ ဇာတ်ကားကို မနက်ခင်းတိုင်း မြေဖြူကာလာစုံနဲ့ရေးတဲ့ ဘုတ်ကြီးကို အမောတကောသွားကြည့်ဖူးပါရဲ့။ ကျန်တဲ့ကားတွေမှာတော့ လူကပုံမှန်ဆိုပေမဲ့ ဂျက်ကီချန်းကားဆိုရင်တော့ ရုံးပြည့်ရုံလျှံပါဘဲ။မိုက်ကယ်ကြက်ဆင် ကြီးရဲ သီချင်းတွေကိုလည်း အဲဒီမှာကြည့်ခဲ့ရသေးတာ မှတ်မိသေးတယ်။ မြို့ကြီးရဲ့ အင်းယားကန်နဲ့ ကန်တော်ကြီးကိုလည်း ရောက်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က မြကန်သာလို့ခေါ်တဲ့ R1 ကန်လေးကို ဘာကြောင့်မယှဉ်နိုင်တာလဲ။R1 ကန်ဘောင်မှာ သူငယ်ချင်းတွေထိုင်ရင် ဘ၀အတွက် အိမ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်။ခံစားချက်ရှိသူတွေကတော့ ယူကလစ်ပင်လေးတွေပေါ်မှာ နှလုံသားကျောက်စာ ထွင်းခဲ့ကြတယ်။ အပင်ပေါ်က စာတွေက တစ်ခါတစ်လေ မြားနတ်မောင်ဖြစ်လို့၊တစ်ခါတစ်လေကျတော့လည်း နှလုံသားဒဏ်ရာဒဏ်ချက်တွေ ပေါက်ကွဲထားလေရဲ့။ ငါလေးတွေချစ်တဲ့သူတွေကလည်း ငါစာကျွေးရင်း ငါမျှားနေကြလေရဲ့။ မြို့ကြီးရဲ့…

  • ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း

    ယင်းမာပင်မြို့လေးရဲ့ မဟာဇော်တိကရာမ ဘုန်းတော်ကြီးပညာသင်ကျောင်းကို ၁၉၉၃ ဇွန်လ ၁ ရက်နေ့မှာ အစိုးရရန်ပုံငွေ အနည်းအကျင်းနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။အခုကျောင်းလေးမှာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၁၅ ဦးရှိပြီးအများအားဖြင့် ကျောင်းသား၊ကျောင်းသူ များမှာ ရှမ်ပြည်နယ်တောင်ပိုင်နှင့်မြောက်ပိုင်းမှ ဆင်းရဲ့ချိုတဲ့သော ပအို့၊ပလောင် ကလေးများဖြစ်တယ်လို့သိရပါတယ်။ယောက်ျားလေးများကို ရှင်သာမနေအဖြစ် ဘုန်းကြီးကျောင်းများမှာဘဲ သတင်းသုံးစေတယ်လို့ သိရပါတယ်။ဒါအပြင် မြို့လေးမှ ဆင်းရဲ့နွမ်းပါးသော ကလေးများလည်း တက်ရောက်သင်ကြားကြတယ်လို့သိရပါတယ်။သူငယ်တန်းမှ သ တ္တမတန်းအထိ ပညာနို့ချိုတိုက်ကျွေးပေးလျက်ရှိပါတယ်။ မူလွန်ကျောင်းအဖြစ် ၇-၆-၂၀၀၅ တွင်မှ အဆင့်မြင့်တင်ခဲ့ပါတယ်။ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀ ဦးရှိပြီး ဦးဇင်တစ်ပါးမှလည်း သင်ကြား ပေးလျက်ရှိပါတယ်။ ဆရာ၊ဆရာမများ အတွက် လစာအဖြစ် ၁ လလျှင် ၃ သောင်းပေးတယ်လို့သိရပါတယ်။ဒါပေမဲ့ ဆရာ၊ဆရာမ ၃ ဦးမှ လစာမယူဘဲ သူတို့လစာကို…

  • ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ

    ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲလေးကို ၂၄ ရက်နဲ့ ၂၅-၁၂-၂၀၁၂ ရက်နေ့တွေမှာ ယင်းမာပင်မြို့လေးရဲ့ ဆောက်လုပ်ဆဲ အထကကျောင်းဆောင်သစ်မှာ ကျင်းပခဲ့ကြပါတယ်။ ပထမနေ့မနက်ခင်းပိုင်းမှာ ကွယ်လွန်သော ဆရာ၊ဆရာမများကို ရည်စူးပြီး ဆွမ်းကပ်ခဲ့ကြပြီး ညပိုင်းမှာ တော့ ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့ ညစာစားပွဲကို တပျော်တပါးဆင်နွဲခဲ့ကြ ပါတယ်။ ဒီနှစ်မှာ တော့ အရင်နှစ်ကလောက် အဝေးရောက်ကျောင်းသားဟောင်းများ လူစုံတက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ညစာစားပွဲကို ထမင်းကျော်နဲ့ တည်ခင်းဧည့်ခံပြီး လက်တောင်ကြီးမှ စက်ကြီးနဲ့ တမြို့လုံးပဲ့တင်ထပ်တောင် သီဆိုခဲ့ကြပါတယ်။ ဒုတိယနေ့လေးမှာတော့ ဆရာ၊ဆရာမများကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။ဆရာ၊ဆရာမ စုစုပေါင်း ၆၃ ဦးရှိပြီး ဆရာတစ်ဦးစီကို ငွေသား ၇၀,၀၀၀ ကျပ်၊ အမှတ်တရ ထွက်စုအင်္ကျီနှင့်မနှစ်ကအာစရိယပူဇော်ပွဲ အခွေလေးတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ စာပေဟောပြောပွဲလည်း ပါဝင်ခဲ့ပါတယ်။ စာရေးဆရာ ၃ ဦးမှ…

  • ကျွန်တော့်ဇာတိမြို့လေး (၂)

    သံတံတားကြီး အနောက်ဘက်ခြမ်းကို တစ်နည်းပြောရင် မြို့တွင်းပိုင်းလို့ ခေါ်နိုင်ပါတယ်၊ လမ်းရဲ့ ဘယ်ဘက် တစ်လျောက်မှာ လူနေအိမ်နဲ့ စတိုးဆိုင်အချို့ ရှိပြီး လမ်းရဲ့ညာဘက် တစ်လျောက်မှာတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မာန်ဘရာဘုန်းကြီ:ကျောင်း ၊ ရွှေစေတီဘုရားဝင်း၊ ဇောတိက ဘုန်းကြီ:ကျောင်း တို့ ရှိပါတယ်။ ဇောတိက ဘုန်းကြီးကျောင်းမှာ တစ်မြို့လုံး နီးပါး ကြားနိုင်လောက်တဲ့ အသံချဲ့စက်နဲ့ ချိန်ပြီး တပ်ဆင်ထားတဲ့ တိုင်ကပ်နာရီတစ်လုံး ရှိပါတယ်။ မြို့ကြီးပြကြီ:တွေလို နာရီစင် မဟုတ်ပေမယ့် ဘုန်းတော်ကြီ:ကျောင်းက နာရီဟာ တစ်မြို့လုံး အတိုင်းအတာနဲ့ ဘယ်နှနာရီထိုးပြီဆိုတာ အမြဲတစေ မဟုတ်တောင် မကြာခဏ သတိထား နားထောင်မိကြတဲ့ အချိန်မှန် ရေဒီယိုတစ်လုံးပါပဲ။ ဇောတိက ဘုန်းကြီ:ကျောင်းနဲ့ ကပ်လျက် လမ်းတစ်ခုခြားပြီးတော့ မြို့မစျေးကို တွေ့ရပါမယ်၊ စည်ပင်သာယာစျေးကြီ:ပေါ့။ အနယ်နယ်…

  • ဝက်မှေးရွာမှ ရင်ထဲက စကားသံများ

    အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလိုဖြစ်သွားမှာ။ အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ပြီးမှ သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှသတင်းမသုံးရ ဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ကန်တောက ဘုန်းကြီးတွေ ကိုတော့…

  • ကျွန်တော့်ဇာတိမြို့လေး (၁)

    ယင်းမာပင်မြို့ အကြောင်းကို သူ့ရဲ့ မြို့သူ/သားတွေ ပြန်ရေးတာကို ဖတ်ကြည့်ရင် မြို့လေးရဲ့ သရုပ်က ပိုပြီး ပီပြင်လာတယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် ယင်းမာပင်မြို့ အကြောင်းကို အန်တီ မိမိလေး ရေးတာဖတ်တယ်၊ အလင်းနစ် ရန်ကုန်မှာ နေတုန်းက ရေးသွားတဲ့ စာတွေ ပြန်ဖတ်တယ်။ ယင်းမာပင်မြို့လေးကို တမာပင်နဲ့ တွဲမြင်တဲ့ သူတို့ အတွေးတွေ တူတယ်၊ တမာတန်းနဲ့ လမ်းလေးကို ချစ်တာချင်း တူတယ်။ သူတို့က ကိုယ်မမြင်တဲ့ အချက်လေးတွေကို တွေ့တယ်၊ ဥပမာ− အန်တီ မိမိလေးက မြို့လေးရဲ့ လုံခြုံမှုကို မြင်တယ်၊ အလင်းနစ်က ဇောတိက ဘုန်းကြီးကျောင်းက တစ်နာရီထိုးတိုင်း တစ်ခါမြည်တဲ့ နာရီကို မြင်တယ်။ အန်တီ မိမိလေးပြောတဲ့ လုံခြုံမှုဆိုတာကို မလုံခြုံတဲ့…

  • ဆည်တဲရွာမှ ရင်ထဲက စကားသံများ

    ဒီဘက်ကအမြင် ဆိုရင်တော့ သူတို့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းကြီးအောင်မြင်သွားမယ်ရင်တော့ ကျန်းမာရေးကို ထိခိုက်တာပ။ ဘာလို့ဆို အက်စစ်တွေဘာတွေနဲ့ လုပ်တာဆိုတော့ အက်စစ်အဆိပ်ဓာတ် တွေတို့၊ ဒိုင်းနမိုက်ခွဲတာတို့ ဆိုတော့ မြေတုန်တာတို့၊ အိမ်ပြိုတာတို့ ဖြစ်နိုင်တာပေါ့။ ဥပမာတစ်ခု – သူတို့ ကန်နဲ့လုပ်မယ်ဆိုရင်တောင်မှ အက်စစ်စက်ရုံထဲမှာ စွန့်ပစ်ရေတို့၊ ဘာတို့ထည့်တဲ့အခါကျ ချင်းတွင်းမြစ်ထဲ သွားမယ်ဆိုရင်လည်း ငါးတွေသေမှာပေါ့။ လူတင်မကဘူး။ ငါးတွေပါ ပျက်ကုန်မှာ။ ဒီဘက်ကလည်း အန့ံငွေ့နဲ့ဆိုတော့ ကလေးတွေပေါ့ဗျာ။ ကြီးတဲ့လူဆို ဒဏ်ခံနိုင်တယ်။ မွေးခါစကလေးတွေကျ ဒဏ်မခံနိုင်ဘူး။ အဲဒါကျ လပိုင်း၊ ရက်ပိုင်းနဲ့ ဖြစ်နိုင်တဲ့ အခြေအနေရှိတာပလေ။ ပြီးတော့ကျ သူတို့က လုပ်လာမယ်ဆို အရင်တုန်းကဆိုရင် မိုင်းမှာ ဒုက္ထာလို့လုပ်ကြတယ်လေနော်။ ပြွန်တွေနဲ့ စုပ်တဲ့အခါကျ မိန်းမတွေ တွေမှာနှော့။ တချို့ကျတော့လည်း ပါးစပ်နဲ့ စုပ်တဲ့အခါကျတော့…

  • ဆည်တဲကို ဘယ်သူကယ်မလဲ

    အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေး ပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေကရောက်တောင်နေပြီ။ ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက တရုတ်သုံးယောက်။ ကားမောင်းတာက ဗမာတစ်ယောက်။ ကျုပ်တို့လည်း တားတာပေါ့တော်။ မရဘူးတော့်။ ဆက်ပုံတာပဲ။ ဒါနဲ့ကျုပ်တို့လည်း ကားကိုလည်း ဝိုင်းထားကြတာ။ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ မိန်းမတွေ တွေချည်းပဲ။ ကြောက်ပေါင်တော်။ တရုတ်တွေကလည်း ကျုပ်တို့ကြည့်၊ ကျုပ်တို့ကလည်း တရုတ်ကောင်တွေ ကြည့်နဲ့ပေါ့တော်။ ကျုပ်တို့ကလည်း မိန်းမတွေတွေသာဖြစ်သာ။ ဒေါင်နဲ့ သတ္တိက သိကြတဲ့အတိုင်း။ သွေးနည်းတာ မဟုတ်ဘူးရယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။…

  • မြတ်ဆရာပူဇော်ပွဲ ရက်ပြောင်းလဲခြင်း

    ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ အခမ်းအနားကို (၂၃၊၂၄-၁၂-၂၀၁၂)မှ (၂၄၊၂၅-၁၂-၂၀၁၂)သို့ ပြောင်းလဲ လိုက်ကြောင်း သိရပါသည်။(၂၄-၁၂-၂၀၁၂) ညပိုင်းတွင် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကျင်းပမည်ဖြစ်ပြီး (၂၅-၁၂-၂၀၁၂ )နေ့ မနက်ပိုင်းတွင် ဆရာကန်တော့ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ပါတယ်။ (၂၅-၁၂-၂၀၁၂) ညပိုင်းတွင် ဆရာကန်တော့ပွဲ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရပါသည်။

  • ဆေးပေါင်းခတဲ့ညမှာ လရောင်ကွယ်ခြင်း

    မြန်မာတို့ရဲ့ဆေးပေါင်းခတဲ့ညလိုဘဲဆိုဆိုတန်ဆောင်တိုင်လပြည့်ညလေးမှာ ဆားလင်းကြီးမြို့နယ်၊လက်ပန်းတောင်းတောင်လေးမှာတော့ လရောင်ကွယ်သွားခဲ့ပါပြီ။ ကြေးနီးစီမံကိန်းတွင် သပိတ်စခန်းဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းသံဃာတော်များ၊ ဒေသခံ ပြည်သူလူထုကို ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူများမှ ၂၈-၁၁-၂၀၁၂ နံနက်(၃)နာရီလောက်တွင် အင်အားသုံးဝင်ရောက်ဖြိုးခွင့်ခဲ့ ကြောင်း သိရပါသည်။ ထိုသို့ ဖြိုးခွင်းရာတွင် အပြင်းစားရေပိုက်များ၊ မီခိုးဗုံး၊ မျက်ရည်ယိုဗုံးများထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သေား ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှု ဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ဆန္ဒပြရဟန်း သံဃာတော်များ နှင့် ဒေသခံများ မီလောင်စုတ်ပြဲ ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။ ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံး ဖြစ်ကြောင်းလည်း သိရပါသည်။ ဆန္ဒပြမှုကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အခုလို အကြမ်းဖက်နှိမ်နှင်းမှုကို ကျွန်တော်တို့ Yinmarbin.Org မှ ယင်းမာပင် နယ်သားများအနေဖြင့် လုံးဝကန့်ကွက်ပါတယ်။ www.yinmarbin.org

Got any book recommendations?