Friday, January 24, 2025
Homeယင်းမာပင်ဆေးပေါင်းခတဲ့ညမှာ လရောင်ကွယ်ခြင်း

ဆေးပေါင်းခတဲ့ညမှာ လရောင်ကွယ်ခြင်း

မြန်မာတို့ရဲ့ဆေးပေါင်းခတဲ့ညလိုဘဲဆိုဆိုတန်ဆောင်တိုင်လပြည့်ညလေးမှာ ဆားလင်းကြီးမြို့နယ်၊လက်ပန်းတောင်းတောင်လေးမှာတော့
လရောင်ကွယ်သွားခဲ့ပါပြီ။

ကြေးနီးစီမံကိန်းတွင် သပိတ်စခန်းဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းသံဃာတော်များ၊ ဒေသခံ
ပြည်သူလူထုကို ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူများမှ ၂၈-၁၁-၂၀၁၂ နံနက်(၃)နာရီလောက်တွင် အင်အားသုံးဝင်ရောက်ဖြိုးခွင့်ခဲ့
ကြောင်း သိရပါသည်။

ထိုသို့ ဖြိုးခွင်းရာတွင် အပြင်းစားရေပိုက်များ၊ မီခိုးဗုံး၊ မျက်ရည်ယိုဗုံးများထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင်
ပါဝင်သေား ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှု ဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ဆန္ဒပြရဟန်း သံဃာတော်များ နှင့် ဒေသခံများ
မီလောင်စုတ်ပြဲ ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။

ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံး ဖြစ်ကြောင်းလည်း သိရပါသည်။

ဆန္ဒပြမှုကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အခုလို အကြမ်းဖက်နှိမ်နှင်းမှုကို ကျွန်တော်တို့ Yinmarbin.Org မှ ယင်းမာပင် နယ်သားများအနေဖြင့် လုံးဝကန့်ကွက်ပါတယ်။

www.yinmarbin.org

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular