Mindblown: a blog about philosophy.

  • ချင်းတွင်း၊ ချင်းလူမျိုးနှင့် ဖိုးဝင်းတောင် မရှင်းမရှင်းများ

    ပိုစ်ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်လေး မျက်စိလည်သွားမလားတော့ မသိဘူး။ ချင်းတွင်းနဲ့ ချင်းလူမျိုး ဘာဆိုင်လို့လဲဆိုပြီး မေးစရာလည်းရှိပါတယ်၊ “ချင်း” ဆိုတဲ့ စကားလုံးချင်းတော့ တူတယ်လေလို့ အရင်ဆုံး ပြန်ပြောရပါလိမ့်မယ်။ နောက်ပြီး… ကျွန်တော်တို့တွေ သမိုင်းကို အနည်းငယ် စိတ်ဝင်စားလေ့လာ မိမယ်ဆိုရင် စကားလုံးတွေ၊ အမည်တွေ တူနေတာဟာ အလကားတူနေတာ မဟုတ်မှန်း၊ တစ်စုံတစ်ရာ ဆက်စပ်မှုရှိနေလို့ တူတာဖြစ်မှန်း သိနိုင်ပါတယ်။ ဒီတော့ ချင်းလူမျိုးနဲ့ “ချင်းတွင်း” ဟာ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေတာကတော့ သေချာပါတယ်။ကျွန်တော် “ဖိုးဝင်းတောင်” သမိုင်းကို ပြန်ရှာကြည့်တဲ့အခါ အရင်က “ဖိုးဝင်းတောင်”ကို “ချင်းတောင်” လို့ ခေါ်ကြပြီး ချင်းလူမျိုးတွေ နေထိုင်ခဲ့ကြတယ်လို့ “အရှင်ဉာဏဝံသာ” ရေးသားတဲ့ “ဖိုးဝင်းတောင်သမိုင်း” စာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားတာကို တွေ့ရပါတယ်- ဤဖိုးဝင်းတောင်မှာ…

  • ရွာလေးဆီက ကဗျာပဲ့တင်သံ

    အခုတလော အလုပ်များတာနဲ့ တစ်လတစ်ခါတင်နေကျ ပိုစ့်လေတောင် မတင်ဖြစ်တော့ဘူး။ သ င်္ကြန်တုန်းက အစ်ကိုတစ်ယောက်ဆီက ရခဲ့တဲ့ တမာပင်ခွ ကဗျာစာအုပ်လေးထဲက ကဗျာလေးကိုဘဲ မျှဝေပေးချင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ အရင်က ကဗျာအနုပညာနဲ့ အလှမ်းဝေးတယ်လို့တောင် ပြောလို့ရပါတယ်။အခုကျွန်တော်အတွက်ကတော့ ကဗျာစာအုပ်တွေထဲမှာ ရည်စားဦးလို့ ခေါ်နိုင်မယ့် စာအုပ်လေးဖြစ်လာပါပြီ။ဘာဖြစ်လိုလဲဆို တော့ ဒီကဗျာစာအုပ်လေးကိုစဖတ်ပြီးမှ ကဗျာလေးတွေကို ခံစားနိုင်သွားလို့ပါ။ ခေတ်သစ်ငဘ ကမ္ဘာပေါ်မှာ မြန်မာပြည် တိုင်းထဲမှာ စစ်ကိုင်းတိုင်း မြို့နယ်ထဲမှာ ယင်းမာပင် ရွာထဲမှာ တမာပင်ခွ လူထဲမှာ မင်းအချောဆုံး အစ်ကိုဖုန်းရဲ့စကား မှတ်သားဖူးပါရဲ့။ ဆယ်တန်းလည်း မအောင်ဘူး နိုင်ငံရေးလည်း မလုပ်ဖူးဘူး ထောင်လည်း မကျဖူးဘူး ဆယ်တန်းမှမအောင်တာ ထောင်က ဘယ်လက်ခံမှာတုန်း။ ငယ်ငယ်တုန်းက နိုင်ငံရေး ဒို့အရေးလည်း လုပ်ဖူးတယ် ကားအလကားစီးပြီး မုံရွာဘုရားကြီးလည်း ဖူးရ ထမင်းထုပ်လည်း…

  • အံသြလွန်းလို့ သေတော့မယ်

    အပြောင်းအလဲ ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရတာ ကြားရတဲ့ သတင်းတွေကတော့ အားတက်စရာကြီးဘဲ။ဘာတဲ့..ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရဲ့ ခရိုင်မြို့ဆိုပါလား။မြစ်အနောက်ဘက် ဆားလင်းကြီး၊ကနီ၊ပုလဲ၊ယင်းမာပင်မြို့လေးမြို့ထဲက ယင်းမာပင်ကိုခရိုင်မြို့အဖြစ်သတ်မှတ်မယ်တဲ့။ အဓိက လမ်းပန်းဆက်သွယ်ရေးအချက်အခြာ ကျလို့ဖြစ်မယ်ထင်တယ်။ ခရိုင်ရုံးကို စက်မှုလယ်ယာအနောက်ဘက်မှာ ဆောက်မယ်လို့လည်း ကြားသိရပါတယ်။တဆက်တည်း ယင်းမာပင်မြို့ အထက ကျောင်းဝင်းအတွင်းမှာလည်း ခန်းမဆောင်သစ်အတွက် အစိုးရမှ (၅၇၀) သိန်း ချပေးတယ်လို့ သိရပါတယ်။၂၀၁၃-၂၀၁၄ နှစ်အတွင်း အပြီးလုပ်ဆောင်မယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့ရဲ့ သံတားဟောင်းကြီးကို လည်း နောက်ထပ် သံတံတား အသစ် ဆောက်မယ်လို့လည်း သိရပါတယ်။ ဒီစံမံကိန်းအတွက်ကိုတော့ ငွေကြေး ချတားခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တော့ Change….Change အော်နေတာကြာပါပြီ။ အခုမှဘဲ ယင်းမာပင်မြို့လေးဆီကို ရောက်လာပါတော့တယ်။ ယင်းမာပင်မြို့လေးလည်း “ဘာလိုလိုနဲ့ ဘီယာဆိုင်တွေလည်း ပေါလာပြီ..ဘာလိုလိုနဲ့ ယမကာလုလင်တွေလည်းပေါလာပြီ”။ကျန်တာတွေ ကတော့…

  • Facebook ကပေးသော အကောင်း(+) အဆိုး(−) များ

    Facebook ရဲ့ သမိုင်း Facebook ကို ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ဇူကာဘတ်နဲ့ သူ့ရဲ့အတန်းဖော် သူငယ်ချင်းတွေက ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် ထုတ်လွှင့်ခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ် အကုန်ထိ အကျိုးအမြတ်ရဖို့ မရည်ရွယ်ခဲ့ပေမယ့် ၂၀၁၀ ဇူလိုင်လမှာ သုံးစွဲသူ အရေအတွက် စုစုပေါင်းက သန်း ၅၀၀ ကျော်သွားခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂ တစ်ခုလုံးမှာရှိတဲ့ လူဦးရေထက် ပိုများတဲ့ အရေအတွက်ပါ။ Facebook ဟာ သူ့ရဲ့ အဓိကဝင်ငွေတွေကို ကြော်ငြာတွေ၊ Application တွေနဲ့ Credits ငွေပေးချေမှုတွေက ရရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေပေးချေမှုကို အသုံးပြုသူ မရှိသလောက် ရှားပါတယ်။ Facbook ပေါ်မှာ Famville…

  • ကျေးလက်ဘုရားပွဲ

    ဘာလိုလိုနဲ့ ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲလည်း ဒီအချိန်ဆို စနေလောက်ပါပြီ။ဒီနေ့ပိတ်ရက်မို့ စာအုပ်ဖတ်ရင်း အညာလွမ်းစိတ်လေးကို နှစ်သိမ့်နိုင်မယ် စာအုပ်လေးတစ်အုပ်ကိုအမှတ်မထင် တွေ့လိုက်ရပါတယ်။ စာအုပ်လေးကတော့ ဆရာကြီးမြသန်းတင့်ရဲ့“မြသန်းတင့်၏ စာပေါင်းစု” စာအုပ်လေးပါ။အဲဒီထဲက “ကျေးလက်ဘုရား”ပွဲဆိုတာလေးကို ညီအကိုမောင်နှမများ အတွက် မျှဝေလိုက်ပါတယ်။ ကျွန်တော်သိသလောက် အညာစာအုပ်တွေရေးတဲ့ စာရေးဆရာ၊ဆရာမတွေရှိပါတယ်။ နေဝင်းမြင့်၊ ခင်ခင်ထူးတို့ ရေးတဲ့ အညာစာအုပ်တွေကို ကျွန်တော်တို့ဆီက အညာပုံရိပ်တွေနဲ့ နည်းနည်းကွာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ အညာပုံရိပ်တွေက မြင်းခြံ၊ မန္တလေးဘက်ကို အခြေခံထားတွေများပါတယ်။ မြသန်းတင့်စာအုပ်တွေကတော့ ကျွန်တော်တို့ဆီက အညာပုံရိပ်နဲ့ တထပ်တည်းကျတယ်လို့ ပြောနိုင်ပါတယ်။“တမာနုချိန်” ဆိုရင်ကျွန်တော်မြို့အဝင်က တမာတန်းလေးကို ဖွဲ့ဆိုထားလားတောင် ဆိုနိုင်ပါတယ်။အခု “ကျေးလက်ဘုရားပွဲ” ဆိုရင်လည်း ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲခင်းလေးကို ရောက်ရှိသွားသလိုပါဘဲ။ ကျေးလက်ဘုရားပွဲ ကျေးလက်မှလူတွေက ကျေးလက်ထွက်ကုန် ပစ္စည်းတွေကို သယ်လာကြသည်။ သစ်ဝါး…

  • How to Install Yinmarbin Application(2)

    အခု Application လေးကို တင်မယ်တင်မယ်နဲ့ စိတ်တိုင်းမကျသေးလို့ မတင်ဖြစ်ဘူး။ဒီတစ်ခါတော့ တော်တော်လည်း စမ်းပြီးပြီမို့ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ်။အခုထိ ဖိုင်ဆိုက်ကြီးတာကိုတော့ သေးအောင်မလုပ်နိုင်သေးတော့ တောင်းပန်ပါတယ်။တချို့ ဟာတွေက အင်တာနက်ကော်နက်ရှင်ကောင်းမှဘဲ သုံးလို့အဆင်ပြေမှာပါ။ကဲ..အသုံးပြုနည်းလေးကို ပြောပြသွားပါမယ်။ (၁)Installation( ဖုန်းထဲကိုထည့်သွင်းခြင်း) 1.First Download Yinmarbin.apk 2.Touch Yinmarbin.apk 3.Touch Install Button   4.Touch Done Button (၂)Using Applicaton( အသုံးပြုနည်း) Yinmarbin Icon လေးကိုနှိပ်ပြီး အသုံးပြုလို့ရပါပြီ။ ယင်းမာပင် Logo လေးတက်လာပါမယ်။ခဏတော့စောင့်ပါ။ ဒီစာမျက်နှာလေးအရင်တက်လာမှာဖြစ်ပါတယ်။Yinmarbin Facebook Page ဖြစ်ပါတယ်။ Youtube မှာတင်ထားတဲ့ Video လေးတွေပါ။   ယင်းမာပင် ဆိုက်လေးကိုလည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ Sound Cloud…

  • ယင်းမာပင်ပြားပြီ

    ငယ်ငယ်တုန်းက မှတ်မိသလောက်ကွန်ပျူတာသင်တန်းတွေကို ပြန်ဆက်မှာ သင်တာရှိခဲ့တယ်။ အဲဒီတုန်းက အဘွားက ကွန်ပျူတာသင်တန်းတက်ပြီး ဘာလုပ်မှာလဲဆိုပြီး မေးခံရတာ မှတ်မိသေးတယ်။ အဲဒီတုန်းက ကွန်ပျူတာလက်ကွက်မြန်ရင်ကို ဆရာကြီးလုပ်လို့ရတယ်။ ဟားဟ..ပြန်တွေးလိုက်ရင်တော့ ရယ်စရာကြီး။ အမတစ်ယောက် ကွန်ပျူတာသုံးပြီး ပါစပ်အဟောင်းသား အံသြဖူးတယ်။Floppy Disc ဆိုတဲ့ ကပ်လေးထဲမှာ စာတွေအများကြီးထည့်လိုရတယ်တဲ့..။သူနဲ့ အိမ်ပုံတွေလည်း ဆွဲလို့ရတယ်တဲ့….။အော်..အဲဒီတုန်းကတော့ ကွန်ပျူတာဆိုတာ လိုချင်သော်လည်း မမှီတဲ့ ပန်းလေးလို အဝေးကနေဘဲ ငေးကြည့်ခွင့်ရခဲ့တယ်။ ကွန်ပျူတာနဲ့ပက်သက်ပြီး ကျောင်းမှာ တစ်ခါတစ်လေ သုံးရသေးတယ်။ကွန်ပျူတာဆိုတာ ကျောင်းတော်ကြီးရဲ့ကွမ်းတောင်ကိုင်လေးပေါ့။ ကွမ်းတောင်ကိုင်လေးကို အမြဲတမ်း သွားသွားခိုးကြည့်ရတာ မှတ်မိသေးတယ်။ သူမကလည်း မာနအကြီးသား။သူ့အလှ အတွက် မာန်တွေတတ်ပြီး သူ့အခန်းလေးကို အမြဲပိတ်ထားလေ့ရှိတယ်။အကောင်းကလည်း အကြိုက်သား။သူ့အခန်း Air Con ရှိမှသူပျော်တယ်။အနည်းဆုံးတော့ ပန်ကာလေးနဲ့နေရမှာ။အဲဒီလိုမှ မနေရရင်တော့ သူမက သူကိုယ်သူ ဖုန်တွေနဲ့လူးလိမ့်ပြီ…

  • လွတ်ကျခဲ့သောနှလုံသား

    လွဲလွဲလေးလည်းကောင်းပါတယ် လို့ ထူအိမ်သင်သီချင်းထဲကလို ဟစ်ရမလိုဖြစ်နေပြီ။အော်…ကိုယ်မြို့ကိုယ်ရွာမှာ ရောက်တုန်းရောက်ခိုက် ရယ်စရာ အလွဲလေးတွေနဲ့လည်း ကြုံခဲ့ရသေးတယ်။ မြင်းကျားဆိုတာ ချိုနဲ့လာကွဲ့လို့ မေးရမလိုဖြစ်နေပြီ။မြို့ကြီးတွေမှာတော့ လူတွေက လူကူးမြင်းကျားကို ဖြတ်လို့။ကိုယ်မြို့လေးမှာတော့ လူကူးမြင်းကျားဆိုတာကို အထူးအဆန်းအနေနဲ့ ရှောင်ပြီး သွားနေကြလေရဲ့။ နောက်ပြီး ရှိသေးတယ်။ ဘယ်ဂျာနယ်မှန်းတော့ မမှတ်မိတော့ဘူး။ယင်းမာပင်သတင်းဆိုလို့ အသည်းအသန် ကြည့်လိုက်ရင် တစ်ခါလာလည်း ရင်ပေါင်တိုင်က မြင်းအကြောင်းကြီးဘဲ။ဟုတ်လည်းဟုတ်တယ်။မြင်မြင်သမျှမြင်းတွေထဲမှာ ရင်ပေါင်တိုင်က မြင်းတွေက အတော်လေးလှတယ်။ ဒီတစ်ခေါက်ပြန်ရောက်တော့ မြို့သူမြို့သားတွေက စိတ်ချမ်းသာလို့လား တွေ့သမျှ တော်တော်များ ဝနေ(လှနေ)ကြလေရဲ့။ဝတယ်ပြောရင် မကြိုက်ကြဘူးဗျ။လူတွေရဲ့ လူနေမှု ပုံသဏ္ဍန် ပြောင်းလာမှုကြောင့်လည်း ပါမယ်ထင်တယ်။ဖုန်းတွေသုံးလို့ အဆင်ပြေသွားတဲ့အတွက် အခုချိန်မြို့လေးမှာတော့ အဘိုးကြီးလည်း Touch၊ အဘိုးကြီးလည်း Touch၊ ကြီးတော်တွေလည်းTouch ၊မွေးခင်းစအာဗြဲလေးလည်း Touch ဖြစ်နေကြပါပြီ။အင်တာနက်ဆိုတာလည်း မြို့လေးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်နေလေရဲ့။…

  • အထကကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် လှူဒါန်းခြင်း

    ဦးအာယုဓ(လက်ပန်းတောင်းကျောင်းတိုက်ဆရာတော် ဆားလင်ကြီးမြို့နယ်မှ ငွေကျပ် ၁၀,၀၀,၀၀၀(ဆယ်သိန်း) နှင့်ဘိလပ်မြေ အိတ် ၁၀၀ ကိုတာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းဝေမှ လက်ခံခဲ့ပါတယ်။ ဦးတင်မောင်ဝင်းနှင့်အဖွဲ့တိုင်းအင်ဂျီနီယာ(စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်ရုံး ကျပ် ၄၀,၀၀,၀၀၀ (လေးဆယ်) ဦးခင်မောင်မြင့်+ဒေါ်ခင်ဝင်းမာ (ခေတ္တထိုင်းနိုင်ငံ ၂၅၀,၀၀၀) ဦးဇော်နိုင် ဆယ်ဇင်းနှင့်အဖွဲ့ (၅၀၀,၀၀၀) ဦးဝင်းနိုင်+ဒေါ်ခင်စန်းဝင်း(ဂ ရပ်ကွက် ယင်းမာပင် ၁၀၀,၀၀၀) ဒေါ်ရီရီမေနှင့်ညီမများ (ဂ ရပ်ကွက် ယင်းမာပင် ၁၀၀,၀၀၀) ဦးတင့်+ဒေါ်ခင်မူ (၅၀,၀၀၀) ဒေါ်တင်တင်အောင်နှင့်ညီမများ (၅၀,၀၀၀) ဆရာကြီး၊ ဆရာမကြီးများမှလည်း ကျောင်းဆောင်သစ်အတွက် ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ ဒေါက်တာထိန်လင်း+ဒေါ်ရီရီဝင်း (မုံရွာမြို့ ၁၀၀,၀၀၀) ဒေါ်ခင်စန်းဝင်း (အလပြငြိမ်း ၁၀၀,၀၀၀) ဒေါ်အမာ (အလပြငြိမ်း ၅၀,၀၀၀) ဒေါ်အမာကြည် (ကထိက၊ ပညာရေးကောလိပ် မုံရွာမြို့ ၅၀,၀၀၀) ဦးကျော်မောင်(အလပြငြိမ်း ကျုံမငေး ၅၀,၀၀၀) ကျောင်းသားဟောင်းများမှလည်း…

  • How to Install Yinmarbin.apk in Android Phone

    ကိုကျော်ခိုင်ဝင်းလုပ်ထားတဲ့ Yinmarbin Android Application အသုံးပြုနည်းလေးကို ရှင်းပြထားပါတယ်။အားလုံးလည်း စမ်းကြည့် စေချင်ပါတယ်။ဖုန်းထဲမှာ Game လေးတွေသွင်းသလိုပါဘဲ ဘာမှ မခက်ခဲပါဘူး။ အခု Application လေးက တော်တော်များသုံးကြတဲ့. Android Version 2.3(Ginger Bread) မည်သည့် ဖုန်းမှာမဆို အလုပ်လုပ်ပါတယ်။ Version အသစ်Android Version 4.0 (Ice Cream Sandwish) မှာတော့ မြန်မာစာတွေ ကောင်းကောင်းမမြင်ရပါဘူး။ကဲ ….ကြာပါတယ်။စလိုက်ကြရအောင်။Yinmarbin.Org ကdownload ဆွဲထားတဲ့ နေရာလေးဆီသွားပါမယ်။ 1.Go To File Download Place(eg.sdcard/download/Yinmarbin.apk) 2.Click Yinmarbin.apk 3.Click Install 4.Click Open(or)Click Done(You can see and must click Yinmarbin…

Got any book recommendations?