အံသြလွန်းလို့ သေတော့မယ်

အပြောင်းအလဲ

ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရတာ ကြားရတဲ့ သတင်းတွေကတော့ အားတက်စရာကြီးဘဲ။ဘာတဲ့..ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရဲ့ ခရိုင်မြို့ဆိုပါလား။မြစ်အနောက်ဘက် ဆားလင်းကြီး၊ကနီ၊ပုလဲ၊ယင်းမာပင်မြို့လေးမြို့ထဲက ယင်းမာပင်ကိုခရိုင်မြို့အဖြစ်သတ်မှတ်မယ်တဲ့။
အဓိက လမ်းပန်းဆက်သွယ်ရေးအချက်အခြာ ကျလို့ဖြစ်မယ်ထင်တယ်။ ခရိုင်ရုံးကို စက်မှုလယ်ယာအနောက်ဘက်မှာ ဆောက်မယ်လို့လည်း ကြားသိရပါတယ်။တဆက်တည်း ယင်းမာပင်မြို့ အထက ကျောင်းဝင်းအတွင်းမှာလည်း ခန်းမဆောင်သစ်အတွက် အစိုးရမှ (၅၇၀) သိန်း
ချပေးတယ်လို့ သိရပါတယ်။၂၀၁၃-၂၀၁၄ နှစ်အတွင်း အပြီးလုပ်ဆောင်မယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့ရဲ့ သံတားဟောင်းကြီးကို
လည်း နောက်ထပ် သံတံတား အသစ် ဆောက်မယ်လို့လည်း သိရပါတယ်။ ဒီစံမံကိန်းအတွက်ကိုတော့ ငွေကြေး ချတားခြင်းတော့
မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တော့ Change….Change အော်နေတာကြာပါပြီ။ အခုမှဘဲ ယင်းမာပင်မြို့လေးဆီကို
ရောက်လာပါတော့တယ်။

ယင်းမာပင်မြို့လေးလည်း “ဘာလိုလိုနဲ့ ဘီယာဆိုင်တွေလည်း ပေါလာပြီ..ဘာလိုလိုနဲ့ ယမကာလုလင်တွေလည်းပေါလာပြီ”။ကျန်တာတွေ
ကတော့ “အရင်လိုဘဲကွာ…အရင်အတိုင်းဘဲ”

အတာသင်္ကြန်
အကြိုနေ့

မနက်ခင်းလေမှာတော့ ကြည်နူးစရာမြင်ကွင်းလေးကို မြင်တွေ့ခဲ့ရပါတယ်။


ယင်းမာပင်မြို့လေးရဲ့ သင်္ကြန်အကြိုနေ့ကတော့ အညာနွေရဲ့ အပူရှိန်ကြောင့် ငြိမ်ချက်သားကောင်းနေတယ်။ညပိုင်း ယင်းမာပင်မြို့ရဲ့ တစ်ခု
တည်းသော (က)ရပ်ကွက် မဏ္ဍပ် လေးကလည်း ပွဲလမ်းသဘင်သွားမယ့် မိန်းမပျိုလေးလို ဖီးလို့ ဆင်လို့ မပြီးသေးဘဲ..ဒီအတိုင်းလေးဘဲ
ငေးကြည့်ပြီးပြန်ခဲ့ရတယ်။

အကျနေ့

သင်္ကြန်အကျနေ့ကလည်း အပျံသင်စ ငှက်ကလေးလို အရှိန်ယူနေဆဲ။ဟိုးနားက..ဒီနားက သီချင်းသံလေးတွေတော့ တစ်ချက်တစ်ချက်
လေအဝေ့မှာ ကြားနေရပါပြီ။


ဒီညတော့ အတိုးချပြီးကြည့်မယ်ဟဲ့ဆိုပြီး မဏ္ဍပ်လေးဆီကို ချီတက်လေတော့ လမ်းမှာ့ ကိုရွှေမီးက မိုးလေ အသံကြားတာနဲ့ ဆိုင်းမဆင့်
ဗုံမဆင့် ပျက်ပါလေရော။ကဲ…ဘာတတ်နိုင်သေးလဲ။ထုံးစံအတိုင်း “ပြန်ပေတော့ ….မစဉ်းစားနဲ့ ပြန်ပေတော…ပြန်ပြန်နောက်လှည့်ပြီးတော့
ပြန်” ခဲ့ရတာတော့တာပေါ့ဗျာ။

အကြတ်နေ့

စောင့်ရကျိုးနပ်တယ်လို့ပြောရလား။မိုးလေလည်းမကျတော့ဘူး…မီးလည်းမပျက်တော့..။ကျွန်တော်တို့ ကြည်ချင်တာလည်း
ကြည့်လို့ရပြီပေါ့ဗျာ။မဏ္ဍပ်ရှေ့မှာလည်း လူတွေလည်း ကြက်ပျံမကျဘဲ။တကယ်ပါ။(နေရာလေးကလည်း ကျဉ်းတာ)ကြောင့်လည်းပါမယ်
ထင်တယ်။

အတက်နေ့

“ပွဲပျက်တဲ့မိုးလို မပြောကြရအောင် သင်္ကြန်မိုးလေးရယ် စိုရုံဖြန်းပက်ဦး”ဆိုတဲ့ အတိုင်း သင်္ကြန်မိုးများရွားသွန်းခဲ့ပါတယ်။တကယ်ကိုလေးဖြူရဲ့
“ခဏလေး” ပါဘဲ။မိုးလေရွားပြီး ယင်းမာပင်မြို့လေးရဲ့ Happy World ဆီကို သွားလည်ခဲ့ပါသေးတယ်။အဲဒီမှာ တွေ့တာဘဲ။ကြားထဲက
ကမ္ဘာက ရှက်လိုဘဲလား၊သူလိပ်ပြာ သူမလုံလို့လားမသိဘူး…မပေါ်တော့ဘူး။”မြန်မာအားကစား…လွမ်စေရမည်”တဲ့ စာလေးဘဲပေါ်တော့တယ်။

 

Yinmarbin-Happy-World

အတက်နေ့

ဒီနေ့တော့ မုံရွာဆီကို ချီတက်ဖြစ်တယ်။မုံရွာလည်း တနှစ်ထက်တစ်နှစ် မစည်တော့ဘူး။မုံရွာကိုသွားရင်း ပြန်လှည့်ဆီကိုလည်း လှည့်ဝင်ခဲ့
သေးတယ်။ဒါကတော့ ပြန်လှည့်ယမားချောင်းလေးပါ။ယမားတံတားလည်း ပြည်တော်သာစီမံကိန်းထင်ပါရဲ့…

Pyan-Hlay-Bridge
 

ChinTwin

နှစ်တိုင်းသူငယ်ချင်းတွေနဲ့လုပ်နေကျ အလှူကိုလည်း ဇောတိကကျောင်းမှာ မလုပ်ဖြစ်ဘဲတမာပင်ဂွဘုန်းကြီးကျောင်းလေးမှာဘဲ သွားလှူ ဖြစ်တော့တယ်။တိုက်ဆိုင်ချင်တော့ တမာပင်ဂွက ကဗျာစာအုပ်လေးတစ်အုပ်ကိုလည်း ဖတ်ပြီးစအချိန်ဆိုတော့ ရွာလေးဆီကို
သွားရတာ အတိုင်းအထက်အလွန်ပေါ့ဗျာ။ဒီလိုနဲ့ဘဲ သင်္ကြန်ပိတ်ရက်လေး ကုန်ဆုံးခဲ့ပါတော့တယ်။


Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *