Saturday, July 27, 2024
HomeYinmarbinယင်းမာပင်ပြားပြီ

ယင်းမာပင်ပြားပြီ

ငယ်ငယ်တုန်းက မှတ်မိသလောက်ကွန်ပျူတာသင်တန်းတွေကို ပြန်ဆက်မှာ သင်တာရှိခဲ့တယ်။ အဲဒီတုန်းက အဘွားက ကွန်ပျူတာသင်တန်းတက်ပြီး ဘာလုပ်မှာလဲဆိုပြီး မေးခံရတာ မှတ်မိသေးတယ်။ အဲဒီတုန်းက ကွန်ပျူတာလက်ကွက်မြန်ရင်ကို ဆရာကြီးလုပ်လို့ရတယ်။ ဟားဟ..ပြန်တွေးလိုက်ရင်တော့ ရယ်စရာကြီး။

အမတစ်ယောက် ကွန်ပျူတာသုံးပြီး ပါစပ်အဟောင်းသား အံသြဖူးတယ်။Floppy Disc ဆိုတဲ့ ကပ်လေးထဲမှာ စာတွေအများကြီးထည့်လိုရတယ်တဲ့..။သူနဲ့ အိမ်ပုံတွေလည်း ဆွဲလို့ရတယ်တဲ့….။အော်..အဲဒီတုန်းကတော့
ကွန်ပျူတာဆိုတာ လိုချင်သော်လည်း မမှီတဲ့ ပန်းလေးလို အဝေးကနေဘဲ ငေးကြည့်ခွင့်ရခဲ့တယ်။

ကွန်ပျူတာနဲ့ပက်သက်ပြီး ကျောင်းမှာ တစ်ခါတစ်လေ သုံးရသေးတယ်။ကွန်ပျူတာဆိုတာ ကျောင်းတော်ကြီးရဲ့ကွမ်းတောင်ကိုင်လေးပေါ့။ ကွမ်းတောင်ကိုင်လေးကို အမြဲတမ်း သွားသွားခိုးကြည့်ရတာ မှတ်မိသေးတယ်။ သူမကလည်း မာနအကြီးသား။သူ့အလှ အတွက် မာန်တွေတတ်ပြီး သူ့အခန်းလေးကို အမြဲပိတ်ထားလေ့ရှိတယ်။အကောင်းကလည်း အကြိုက်သား။သူ့အခန်း Air Con ရှိမှသူပျော်တယ်။အနည်းဆုံးတော့ ပန်ကာလေးနဲ့နေရမှာ။အဲဒီလိုမှ မနေရရင်တော့ သူမက သူကိုယ်သူ ဖုန်တွေနဲ့လူးလိမ့်ပြီ စိတ်ကောက်ပြတတ်သေးတယ်။ ကျောင်းမှာ လူကြီးခရီးစဉ် ရှိချိန်ကတော့ သူမကို လေသာပြတင်းပေါက်ကနေ အနီးကပ်ကြည့်ခွင့်ရတဲ့အချိန်တွေပေါ့။

အခုတော့ နည်းပညာဆိုတဲ့လှိုင်းလုံးကြီးက ဝါးမျိုလိုက်တာ မြို့ကသူငယ်ချင်းတွေပြောပြောနေတဲ့ ယင်းမာပင်တောမြို့လေးမှာ အခုဆို ကွန်ပျူတာသင်တန်းပေါင်း (၃)ခု ရှိသွားပြီဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ကိုစန်းဝင်းမောင်တို့ ဖွင့်တဲ့ သင်တန်းလေးပါ။ အခုထိလည်း ရှိပါသေးတယ်။ သင်းတန်းလေးကို ၂၀၀၉ ကတည်းက ဖွင့်ခဲ့တာပါ။

Yinmarbin-Info-Lamp

ဒုတိယသင်တန်းလေးကတော့ တံတားကြီးအဆင်းက ကိုဖြိုး(မြင့်မိုဘော်ဒါဆောင်) ကဖွင့်တာပါ။

Yinmarbin-Myint-Mo

တတိယသင်တန်းလေးကတော့ ဖွင့်တာ မကြားသေပါဘူး။၂၀၁၃ မှ ဖွင့်ခဲ့ပါတယ်။

Yinmarbin-Talent-Computer

သင်းတန်းတွေအားလုံးမှာတော့

  • Computer Basic
  • DTP
  • Graphic Design

အဓိကသင်ပေးတာဖြစ်ပါတယ်။ တတိယသင်တန်းလေးကတော့ အိမ်မှာ ဖွင့်တာနဲ့အညီ အခြားလုပ်ငန်းများကိုလည်း တိုးချဲ့ပြီးလုပ်ထားတယ်လို့သိရပါတယ်။

  • ဖိတ်စာ
  • ယပ်တောင်
  • သော့ချိတ်တံဆိပ်ရိုက်
  • မိတ္တူ ဖယောင်း
  • အင်္ကျီ တံဆိပ်ရိုက်

စသည်းလုပ်ငန်းများလည်း ဝန်ဆောင်မှုပေးတယ်လို့သိရပါတယ်။

Yinmarbin-Talent
 

Yinmarbin-Talent-Service

စာရေးဆရာ ကျော်ဝင်းကတော့ ကမ္ဘာကြီးပြားပြီတဲ့။ကျွန်တော်ကတော့ တိုးတက်လာတဲ့နည်းပညာတွေကြောင့် ယင်းမာပင်မြို့လေးလည်း ပြားပြီးလို့ဘဲ ဆိုချင်ပါတော့တယ်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular