Mindblown: a blog about philosophy.

  • တစိမ်းဆန်တဲ့မုံရွာ

    ၆-၁၁-၂၀၁၂ အော်ဒီနေ့က အလှူငွေထည့်တဲ့ အမတစ်ယောက်ရဲ့ငွေကို မုံရွာဘဏ်မှာ သွားထုတ်ရမယ်။ အကိုတစ်ယောက်နဲ့ ချိန်ပြီး စောစော ထွက်ဖြစ်တယ်။ဦးဘဲဥ လို့ခေါ်တဲ့ မော်တော်ပီကယ် ဖမ်းမှာစိုးလို့ ပိုးမျှင်တက်နေတဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းလို့ မုံရွာမြို့ကြီးကို မစီးရတာကြပြီဖြစ်တဲ့ ဆိုင်ကယ်လေးနဲ့ ချီတက်ခဲ့ပါတော့တယ်။ ကျောင်းသားဘဝက သွားနေကျဖုန်အလိမ်းလိမ်း(အခုတော့ မထတော့ပါဘူး)နဲ့တံတားဘက်က သွားရင်ကြာမှာ စိုးလို့ အောက်ကူးတို့က ပတ်သွားမှ ပိုဆိုးတော့တယ်။ အဲ့ဒီမှာ စတွေ့တာဘဲ။ အတက်အဆင်းအတွက်က တစ်ခုဘဲ ရှိတယ်။ တက်ရမဲ့ ဆိုင်ကယ်တွေနဲ့ ဆင်းလာတဲ့ဆိုက်ကယ်တွေနဲ့ ပိတ်နေလို့ တစ်နာရီလောက် ကြာသွားတယ်။ အရင်ကဆို မုံရွာဖက်ကို သွားဖို့အတွက် အတော်အချိန်ယူရတယ်။ အနည်းဆုံး တစ်နေ့လောက် အချိန်ပေးရတာကိုး။ အခုကျတော့ မုံရွာကို ဟိုနားဒီနားသွားသလို ဆိုင်ကယ်အားကိုးနဲ့ သွားနိုင်ကြပြီ။မုံရွာဘက်ရောက်တော့ နည်းနည်းစောသေးလို့ ဘုရားကြီးပွဲကို လျှောက်လည်ဖြစ်သေးတယ်။ မနက်ပိုင်းထက် စာရင်…

  • အညာပြန်

    ၅-၁၁-၂၀၁၂ အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံစီးလို့ ဇာတိမြို့လေးကို ဂကွေ့ပြန်လာခဲ့တယ်။ မြို့လေးကို ဝင်လိုက်တယ်ဆိုရင်ဘဲ မြို့လေးက အာရုဏ်ဦး မနက်ခင်းလေးမှာ အိမ်မောကျနေဆဲပါဘဲ။ ကားပေါ်က ဆင်းဆင်းခြင်း အေးမြလှတဲ့ နှင်းဆွတ်မြောက်ပြန်လေကလေးက မျက်နှာ ပြင်ကို ကျီစားပြီးထွက်ပြေးသွားလေရဲ့။ကိုယ်မြို့ကိုယ်ရွာကို ရောက်ပြီဆိုတဲ့ အသိက ရင်ထဲကို နွေးထွေးသွားသလို့ ခံစားလိုက်ရတယ်။ မြို့ပြမှာတော့ လူတွေရဲ့ လောဘ၊ မောဟအပူအပင်တွေကြောင့်လား ပူမြဲပူဆဲ။ကိုယ်မြို့လေးမှာတော့ အပူအပင်ကင်းစွာ အေးမြနေတယ်။ အချိန်တိုင်း တံခါးအမြဲဖွင့်ထားတတ်တဲ့ အိမ်လေးက အချိန်တိုင်း တံခါးအမြဲ ပိတ်ထားတဲ့ မြို့ပြကပြန်လာတဲ့သားငယ်ကို နွေးထွေးစွာ ဆီးကြိုနေတယ်။ မကြားရတာကြာပြီဖြစ်တဲ့ ငှက်မောင်နှံကလည်း အာရုတ်ဦးမနက်ခင်းမှာ အစာစားရင် တေးသီချင်း သီဆိုနေတယ်။ မစီးတာကြာပြီဖြစ်တဲ့ မောင်သူမဲ့ ဆိုင်ကယ်လေးကလည်း အိမ်လေးရဲ့ထောင့်မှာ ဖုန်အလိမ်းလိမ်းတက် ပြီး စီးမဲ့သူကို မျှော်နေလေရဲ့။ချောင်းတဟွတ်ဟွတ်ဆိုတတ်ပြီး၊ဆေးလိပ်သောက်တတ်တဲ့ ဆိုင်ကယ်လေးရယ် မင်းကို…

  • အလှူငွေပေးအပ်ပွဲ

    အလှူငွေပေးအပ်ပွဲအခမ်းအနားလေးကို ၇-၁၁-၂၀၁၂ ရက်မှာ ကျင်းပခဲ့ပါတယ်။ ပွဲလေးက ထင်ထားတဲ့ထက် စည်ကားခဲ့ပါတယ်။ ဒီပွဲလေးမှာတံခါးအလှူရှင်ကလည်း အလှူငွေ ပေးအပ်ခဲ့ပါတယ်။အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ဆရာဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ကျောင်းသားကျောင်းသူများ၊အလှူရှင်များ၏မိဘများ၊ဌာနဆိုင်ရာအသီးသီးမှ ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပါသည်။ဒီပွဲလေးမှာ ကိုစိုးလှိုက်ဉီးလုပ်ထားတဲ့ ယင်းမာပင် အကြောင်း အခွေလေးကိုလည်း အမှတ်တရပေးအပ်ခဲ့ပါတယ်။ ပထမဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားသွားပါသည်။ရင်ထဲကို ရိုက်ခတ်တဲ့ စကားလေးကတော့ အခုခေတ် ပညာရေး စနစ်ဟာ One Way မဟုတ်တော့ပါဘူး။Two Way ဖြစ်သွားပြီဆိုတဲ့ စကားလေးပါ။ လက်ထောက်ပညာရေးမှူးကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားသွားပါသည်။ အလှူရှင်များ၏ကိုယ်စား ကျွန်တော်မှ လှူဒါန်းရခြင်းအကြောင်းနှင့်ပက်သက်ပြီး အခုလိုပြောဖြစ်ခဲ့ပါတယ်။ အခုလို အလှူငွေပေးအပ်ပွဲကို အခမ်းအနားလေးနဲ့ လက်ခံပေးတဲ့ အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ကတော့ ဒီကျောင်းလေးရဲ့ ကျောင်းသားဟောင်းတစ်ယောက်ပါ။ကျောင်းသားဟောင်းများကို နှစ်တွေအလိုက်ခွဲထားပါတယ်။ မမိုးတို့နှစ်တွေကို First Generation၊ မပ၊ကိုခိုင်၊ကိုမြတ်သူ၊ကိုစိုးလှိုက်ဦးတို့ နှစ်တွေကို Second…

  • ယင်းမာပင်အထက ကျောင်းသား/သူ ဟောင်းများ အတွက် နှိုးဆော်လွှာ

    ယင်းမာပင်အထက ကျောင်းသား/သူ ဟောင်းများ၏ ဒုတိယအကြိမ် မြတ်ဆရာ ကန်တော့ပွဲ အား (၂၃-၂၄/၁၂/၂၀၁၂) နေ့များတွင် အစဉ်အလာများအတိုင်း မပျက်မကွက် ကျင်းပမည် ဖြစ်ပြီး အထက စတင် တည်ထောင်ခဲ့သည့် ၁၉၅၈ ခုနှစ်မှ စ၍ ယခုနှစ် ၂၀၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကျောင်းသားဟောင်းတို့၏ ဘဝဥယျာဉ်မှူး သက်ပြည့် အငြိမ်းစား ဆရာ/ဆရာမကြီးများကို သက္ကစ္စ ဂါရဝဖြင့် ပူဇော် ကန်တော့ သွားကြမည် ဖြစ်ပါသည်။ ယင်းမာပင် အထက ကျောင်းတော်ကြီးတွင် ပညာရည်နို့ သောက်စို့ခဲ့ကြသော ရပ်နီးရပ်ဝေးနေ ကျောင်းသား/သူ ဟောင်းများ အနေဖြင့် ကန်တော့ပွဲ အခမ်းအနားသို့ တပျော်တပါး လာရောက် တွေ့ဆုံပြီး မိမိတို့ ဘဝလမ်းညွှန် အနန္တဂိုဏ်းဝင် ဆရာ/မကြီးများ၏ တစ်ချိန်က လက်တွဲခဲ့ကြသော…

  • အောက်မေ့ဖွယ်သူငယ်ချင်း

    နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့မြို့လေးကို ပြောင်းသွားတော့ ငါတို့ရဲ့ ကရုဏာမြို့လေးဟာ အလွမ်းနဲ့ကျန်ရစ်ပေါ့ မင်းရဲ့ အခုမြို့က မာယာမိုးတွေ နေ့တိုင်းရွာနေတာ သမရိုးကျပဲမဟုတ်လား ငါတို့မြို့လေးကတော့ မင်းရှိစဉ်ကအတိုင်း ချိတ်ထမီနဲ့ ရွှေခြေကျင်း မောင်ကြီးနှမကျားကိုက်ပါစေရဲ့ မလိမ်ပါဘူးပြောတုန်း မင်းရဲ့ အခုမြို့က ဟက်ပီးဝေါလ်ဆိုပေမဲ့ သရဲရထားတွေပေါမှန်း မင်းသိပြီမဟုတ်လား ငါ့ကျေးဇူးရှင် ကိုစိုးတင့်ကွမ်းယာကိုမှ စားတတ်တဲ့မင်း ခု ဘယ်ကကွမ်းတွေ တမြုံ့မြုံဝါးပြီး တဗျစ်ဗျစ်ထွေးနေလဲ ဘယ်သူမှ စာလုံးမပေါင်းချင်တဲ့ အဆင်မပြေမှုတွေက မင်းရဲ့ သစ္စာရှိမိတ်ဆွေတွေပဲလား ငါတို့ ကြားကြားနေရတဲ့ အသံတွေမှာ လိမ်လည်မှုတွေ မှင်နဲ့ မောင်းနဲ့ဆိုတာ​ရော သတိထားမိသေးလား ဟိုးဝေးဝေးကတောင်ပြာတန်းပေါ် မင်းထားခဲ့တဲ့ မေတ္တာတွေပြန်သွားယူတာရော အဆင်တပြေပဲလား တို့တွေဘဝ အတောင်သာလျှင် ဝန်ရှိ၏ ငှက်လို ခိုးစရာမရှိအောင်နေမှ စိတ်ချမ်းသာစရာ ပိုကောင်းတယ်လို့ ဆရာအစဉ်အဆက်ပြောစကားကိုရော မင်းမှတ်မိသေးလား ငါတို့မြို့လေးကနေ…

  • ယင်းမာပင်မြို့ ဆေ:ရုံသတင်း

    ယင်းမာပင်မြို့တွင် မြို့နယ်ဆရာဝန်ကြီးထံမှ ဆေးပစ္စည်းများလူနားများမှအဆမတန် ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြ ချက်များကို တင်ပြလိုက်ရပါသည်။ ယင်းမာပင်မြို့နယ်ဦးထွန်းဝင်းသည် ဆေရုံတက်ရောက်နေသော လူနားများနှင့် ခွဲစိတ်မှု ပြုလုပ်မည့် လူနာများကို လိုအပ်သောဆေး ဝါးများအား သူ၏နေအိမ်တွင်သာ ဝယ်စေပြီး အပြင်ဆေးဆိုင်များထက်သုံးဆခန့် ပေးဝယ်နေရသည်။သူအိမ်တွင်ဆေးမဝယ်သော လူနာများနှင့် ဆေးမဝယ်ရန် မညွှန်းသောဝန်ထမ်းများအား အမျိုးမျိုး စိတ်အနှောက်အယှက် ပေးပါတော့သည်။ ရံဖန်ရံခါတွင် မူးရစ်သောက်စားပြီး လူနားများအား ကြည့်ရှုခြင်း၊ ဆူပူအော်ဟစ်နေပါသည်။ မြိုနယ်ဆရာဝန်ကြီးဦးထွန်းဝင်းမှ ခွဲစိတ်ခန်း ပြုပြင်စရိတ်ဟုဆိုကာ ခွဲစိတ်လူနာများအား ငွေကျပ် (၄၀၀၀၀) နှင့် ဆေးရုံဆင်းသည် အခါတွင် အလှူငွေ (၁၀၀၀၀) တောင်းခံသောလူနာများမှ တိုင်ကြားသောကြောင့်ဆေးရုံကြီးကြပ်ရေးကော်မတီ အစည်း အဝေးတွင် အဆိုပါငွေကြေးများကောက်ခံခြင်း မပြုရန် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံကြီးကြပ်မှုကော်မတီမှ တားမြစ်ပြီးသည့်နောက်နေ့မှာပင် ဆရာဝန်ကြီးထံမှ ရောင်းချသည့် ဆေးဖိုးသည် (၃)ဆခန့် ခုန်တက်သွားသည်ဟု…

  • လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲ

    လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲကိုတော်ဝင်နှင်းဆီခန်းမ(သီရီခန်းမ) ရန်ကုန်မြို့ ၃၀-၉-၂၀၁၂ ကျင်းပခဲ့ပါတယ်။အခုပွဲလေး ကိုတော့ အဖွဲအစည်းအသီးသီးမှ လူများတက်ရောက်ခဲ့ကြပါတယ်။  ၈၈ မျိုးဆက်ကျောင်းသားများ၊အနုပညာရှင်များ၊ Media အသီးသီးမှလူများ၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ပညာရှင်များ တက်ရောက်လာကြပါတယ်။ လက်ပံတောင်းတောင်ဒေသခံ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းရင်နင့်ဖွယ်ရာ ခံစားချက်များကိုလည်း တက်ရောက်လာသူများ မျက်မြင်ကိုယ်တွေ့နားဆင်ခဲ့ရပါတယ်။ နယ်ပယ်အသီးသီးမှ ပညာရှင်များကလည်း ဝင်ရောက်ဆွေနွေးခဲ့ကြပါတယ်။ အခမ်းအနားအစီအဉ်များကို အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း။ အစီအစဉ်(၂) ၈၈ မျိုးဆက်ကျောင်းသားများအဖွဲမှ တောင်သူလယ်သမားများရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်မှ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခြင်း။ အစီအစဉ်(၃) ၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းနှင့် မုံရွာ ခရိုင် ဗ.က.သ များအဖွဲ့ချုပ်မှ ကိုနွေဦးကိုတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ၏အခြေအနေများကို ဓာတ်ပုံများဖြင့်ရှင်းလင်းတင်ပြခြင်း။ အစီအစဉ်(၄) ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက လက်ရှိရင်ဆိုင်နေရသော အခက်အခဲများအား ရှင်းလင်းပြောကြာခြင်း။ အစီအစဉ်(၅)…

  • Stop Now!

    In The Phase I (S&K Mine,based on the adjacent Sabetaung and Kyisintaung deposits) We lost Sabetaung and half of Kyisintaung . ယခင် ပထမအဆင့်။ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုသိုက် ကြေးနီမိုင်းတူးဖော်ခြင်း ကျွန်တော်တို့ စံပယ်တောင် နဲ့ ကြေးစင်တောင် တစ်ဝက်လောက်ကို ဆုံးရှုံးခဲ့ပြီးပါပြီ။ Now The Phase II (Expansion of the Monywa Copper Project, Letpadaung deposit located six kilometres south-east of the S&K Mine) အခု ဒုတိယအဆင့်။…

  • Hello

    အဆိုတော်ငယ်ငယ်ရဲ့“Hello”သီချင်းမဟုတ်ပါ။ ယင်းမာပင်မြို့ရဲ့ “Hello” ပဲ့တင်ထပ်သံတွေပါ။ယင်းမာပင်မြို့ GSM လိုင်းများကို ဇူလှိုင်လ (၁၂) ရက်မှ စပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အရင်က ပုလဲမြို့နှင့်မိုင်း အထိဘဲ အသုံးပြုနိုင်ပြီး အခုဆိုရင် ယင်းလိုင်းတွေနဲ့ တစ်ဆက်တည်း ဖြစ်သွားပြီဖြစ်ပါတယ်။ ဖုန်းများကို ယင်းမာပင်မြို့ဆက်သွယ်ရေးရုံးတွင် (၂) သိန်းနဲ့ ၀ယ်နိုင်ပြီး ဟန်းဆက်များကိုလည်း ရုံးမှာ အလွယ်တကူ ၀ယ်ယူလို့လည်း ရတယ်လို့ သိရပါတယ်။ စတိုးဆိုင်များတွင်လည်း ဟန်းဆက်အမျိုးမျိုးကို ဝယ်ယူနိုင်ပြီး မုံရွာရှိဖုန်းဆိုင်များတွင် နာမည်ပေါက်နဲ့ရတယ်လို့လည်း သိရပါတယ်။ Internet တွေကိုတော့ ဖုန်မှာ မရသေးတာလား။ မတပ်ကြတာလားတော့ မသိပါ။ အခုထိမည်သူမျှ တပ်ဆင်ထားခြင်း မရှိသေးပါ။ အင်တာနက်အတွက်တော့ စရီဇာရဲ့ လမ်းဘေးကဖီး လေးကဘဲ နိုင်ငံခြား သွားရောက် အလုပ်လုပ်နေသူတွေရဲ့ မိသားစုတွေအကြား ကြားခံ ကျေးတမန်လေးအဖြစ်…

  • မိခင်ကျောင်းတော်ကြီး

    ယင်းမာပင်မြို့လေးမှာ မူလတန်းကျောင်းနှစ်ကျောင်းနဲ့ အထက ကျောင်းတစ်ကျောင်းဆိုပြီးရှိပါတယ်။ အခုတော့ မူလတန်းကျောင်းနှစ် ကျောင်းက ခေတ်နဲ့ အတူမျှောပါလို့ မူလွန်ကျောင်းတွေဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ အမက(၁) ကျောင်းသားဟောင်းများစုပြီး တိုင်းပင်ထားတာရှိပါတယ်။ အခုတော့ အကောင်းအထည်ရုပ်လုံးပေါ်ခဲ့ပါပြီ။ကျောင်းပဒေသာပင်အတွက် စုပေါင်းလှူဒါန်းသွားဖို့ဖြစ်ပါတယ်။ နောက်ဆုံးရက်ကိုတော့ (၁၀) လပိုင်းလောက် မှန်းထားပါတယ်။ အခုတော့ အမာခံကျောင်းသားများအဖြစ် ကိုကျော်သူရ(၁၅၀,၀၀၀) ကိုမြတ်သူ(၁၅၀,၀၀၀) စိုးလှိုက်ဦး(ယင်းမာပင်) (၁၅၀,၀၀၀) ဆီ ထည့်၀င်သွားမှာဖြစ်ပါတယ်။ ဆရာဇော်ဂျီကတော့”သင်သေသွားသော်” တဲ့။ဟုတ်ပါတယ်။လူတစ်ယောက်ရဲ့ သေဆုံးသွားတဲ့ အခါမှာ ကိုယ်မြို့ကိုယ်နိုင့် ငံအတွက် အခြေတိုးမြင့် ကျန်ကောင်းသင့်ပါတယ်။ ဒါဆို မသေခင်ရော ပိုပြီး အခြေတိုးမြင့် ကျန်ကောင်းသင့်ပါတယ်။ အဖြူထည်မရင့်ကျက်မှုတွေ ဖြန့်ခင်းထားတဲ့စာသင်ကျောင်းလေးကျောင်းဆောင်အသစ်လေးပါအရောင်လွင့်ပြယ်နေတဲ့မိခင်ကျောင်းတော်ကြီးအကြောင်းအရာ အသေးစိတ်ကို ဆက်သွယ်စုံစမ်းလှူဒါန်းလိုလျှင် မောင်ဖြိုးဝေအောင် [email protected] ၀၉-၄၄၉၀၀၄၁၄၉မောင်ကျော်သူရ [email protected] ၀၉-၄၀၀၃၀၈၅၈၅ တို့ထံတွင် ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။

Got any book recommendations?