Category: သတင်း

  • How to Install Yinmarbin Application(2)

    အခု Application လေးကို တင်မယ်တင်မယ်နဲ့ စိတ်တိုင်းမကျသေးလို့ မတင်ဖြစ်ဘူး။ဒီတစ်ခါတော့ တော်တော်လည်း စမ်းပြီးပြီမို့ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ်။အခုထိ ဖိုင်ဆိုက်ကြီးတာကိုတော့ သေးအောင်မလုပ်နိုင်သေးတော့ တောင်းပန်ပါတယ်။တချို့ ဟာတွေက အင်တာနက်ကော်နက်ရှင်ကောင်းမှဘဲ သုံးလို့အဆင်ပြေမှာပါ။ကဲ..အသုံးပြုနည်းလေးကို ပြောပြသွားပါမယ်။ (၁)Installation( ဖုန်းထဲကိုထည့်သွင်းခြင်း) 1.First Download Yinmarbin.apk 2.Touch Yinmarbin.apk 3.Touch Install Button   4.Touch Done Button (၂)Using Applicaton( အသုံးပြုနည်း) Yinmarbin Icon လေးကိုနှိပ်ပြီး အသုံးပြုလို့ရပါပြီ။ ယင်းမာပင် Logo လေးတက်လာပါမယ်။ခဏတော့စောင့်ပါ။ ဒီစာမျက်နှာလေးအရင်တက်လာမှာဖြစ်ပါတယ်။Yinmarbin Facebook Page ဖြစ်ပါတယ်။ Youtube မှာတင်ထားတဲ့ Video လေးတွေပါ။   ယင်းမာပင် ဆိုက်လေးကိုလည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ Sound Cloud…

  • ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ

    ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲလေးကို ၂၄ ရက်နဲ့ ၂၅-၁၂-၂၀၁၂ ရက်နေ့တွေမှာ ယင်းမာပင်မြို့လေးရဲ့ ဆောက်လုပ်ဆဲ အထကကျောင်းဆောင်သစ်မှာ ကျင်းပခဲ့ကြပါတယ်။ ပထမနေ့မနက်ခင်းပိုင်းမှာ ကွယ်လွန်သော ဆရာ၊ဆရာမများကို ရည်စူးပြီး ဆွမ်းကပ်ခဲ့ကြပြီး ညပိုင်းမှာ တော့ ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့ ညစာစားပွဲကို တပျော်တပါးဆင်နွဲခဲ့ကြ ပါတယ်။ ဒီနှစ်မှာ တော့ အရင်နှစ်ကလောက် အဝေးရောက်ကျောင်းသားဟောင်းများ လူစုံတက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ညစာစားပွဲကို ထမင်းကျော်နဲ့ တည်ခင်းဧည့်ခံပြီး လက်တောင်ကြီးမှ စက်ကြီးနဲ့ တမြို့လုံးပဲ့တင်ထပ်တောင် သီဆိုခဲ့ကြပါတယ်။ ဒုတိယနေ့လေးမှာတော့ ဆရာ၊ဆရာမများကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။ဆရာ၊ဆရာမ စုစုပေါင်း ၆၃ ဦးရှိပြီး ဆရာတစ်ဦးစီကို ငွေသား ၇၀,၀၀၀ ကျပ်၊ အမှတ်တရ ထွက်စုအင်္ကျီနှင့်မနှစ်ကအာစရိယပူဇော်ပွဲ အခွေလေးတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ စာပေဟောပြောပွဲလည်း ပါဝင်ခဲ့ပါတယ်။ စာရေးဆရာ ၃ ဦးမှ…

  • ဝက်မှေးရွာမှ ရင်ထဲက စကားသံများ

    အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလိုဖြစ်သွားမှာ။ အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ပြီးမှ သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှသတင်းမသုံးရ ဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ကန်တောက ဘုန်းကြီးတွေ ကိုတော့…

  • ဆည်တဲရွာမှ ရင်ထဲက စကားသံများ

    ဒီဘက်ကအမြင် ဆိုရင်တော့ သူတို့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းကြီးအောင်မြင်သွားမယ်ရင်တော့ ကျန်းမာရေးကို ထိခိုက်တာပ။ ဘာလို့ဆို အက်စစ်တွေဘာတွေနဲ့ လုပ်တာဆိုတော့ အက်စစ်အဆိပ်ဓာတ် တွေတို့၊ ဒိုင်းနမိုက်ခွဲတာတို့ ဆိုတော့ မြေတုန်တာတို့၊ အိမ်ပြိုတာတို့ ဖြစ်နိုင်တာပေါ့။ ဥပမာတစ်ခု – သူတို့ ကန်နဲ့လုပ်မယ်ဆိုရင်တောင်မှ အက်စစ်စက်ရုံထဲမှာ စွန့်ပစ်ရေတို့၊ ဘာတို့ထည့်တဲ့အခါကျ ချင်းတွင်းမြစ်ထဲ သွားမယ်ဆိုရင်လည်း ငါးတွေသေမှာပေါ့။ လူတင်မကဘူး။ ငါးတွေပါ ပျက်ကုန်မှာ။ ဒီဘက်ကလည်း အန့ံငွေ့နဲ့ဆိုတော့ ကလေးတွေပေါ့ဗျာ။ ကြီးတဲ့လူဆို ဒဏ်ခံနိုင်တယ်။ မွေးခါစကလေးတွေကျ ဒဏ်မခံနိုင်ဘူး။ အဲဒါကျ လပိုင်း၊ ရက်ပိုင်းနဲ့ ဖြစ်နိုင်တဲ့ အခြေအနေရှိတာပလေ။ ပြီးတော့ကျ သူတို့က လုပ်လာမယ်ဆို အရင်တုန်းကဆိုရင် မိုင်းမှာ ဒုက္ထာလို့လုပ်ကြတယ်လေနော်။ ပြွန်တွေနဲ့ စုပ်တဲ့အခါကျ မိန်းမတွေ တွေမှာနှော့။ တချို့ကျတော့လည်း ပါးစပ်နဲ့ စုပ်တဲ့အခါကျတော့…

  • ဆည်တဲကို ဘယ်သူကယ်မလဲ

    အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေး ပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေကရောက်တောင်နေပြီ။ ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက တရုတ်သုံးယောက်။ ကားမောင်းတာက ဗမာတစ်ယောက်။ ကျုပ်တို့လည်း တားတာပေါ့တော်။ မရဘူးတော့်။ ဆက်ပုံတာပဲ။ ဒါနဲ့ကျုပ်တို့လည်း ကားကိုလည်း ဝိုင်းထားကြတာ။ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ မိန်းမတွေ တွေချည်းပဲ။ ကြောက်ပေါင်တော်။ တရုတ်တွေကလည်း ကျုပ်တို့ကြည့်၊ ကျုပ်တို့ကလည်း တရုတ်ကောင်တွေ ကြည့်နဲ့ပေါ့တော်။ ကျုပ်တို့ကလည်း မိန်းမတွေတွေသာဖြစ်သာ။ ဒေါင်နဲ့ သတ္တိက သိကြတဲ့အတိုင်း။ သွေးနည်းတာ မဟုတ်ဘူးရယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။…

  • မြတ်ဆရာပူဇော်ပွဲ ရက်ပြောင်းလဲခြင်း

    ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ အခမ်းအနားကို (၂၃၊၂၄-၁၂-၂၀၁၂)မှ (၂၄၊၂၅-၁၂-၂၀၁၂)သို့ ပြောင်းလဲ လိုက်ကြောင်း သိရပါသည်။(၂၄-၁၂-၂၀၁၂) ညပိုင်းတွင် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကျင်းပမည်ဖြစ်ပြီး (၂၅-၁၂-၂၀၁၂ )နေ့ မနက်ပိုင်းတွင် ဆရာကန်တော့ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ပါတယ်။ (၂၅-၁၂-၂၀၁၂) ညပိုင်းတွင် ဆရာကန်တော့ပွဲ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရပါသည်။

  • ဆေးပေါင်းခတဲ့ညမှာ လရောင်ကွယ်ခြင်း

    မြန်မာတို့ရဲ့ဆေးပေါင်းခတဲ့ညလိုဘဲဆိုဆိုတန်ဆောင်တိုင်လပြည့်ညလေးမှာ ဆားလင်းကြီးမြို့နယ်၊လက်ပန်းတောင်းတောင်လေးမှာတော့ လရောင်ကွယ်သွားခဲ့ပါပြီ။ ကြေးနီးစီမံကိန်းတွင် သပိတ်စခန်းဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းသံဃာတော်များ၊ ဒေသခံ ပြည်သူလူထုကို ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူများမှ ၂၈-၁၁-၂၀၁၂ နံနက်(၃)နာရီလောက်တွင် အင်အားသုံးဝင်ရောက်ဖြိုးခွင့်ခဲ့ ကြောင်း သိရပါသည်။ ထိုသို့ ဖြိုးခွင်းရာတွင် အပြင်းစားရေပိုက်များ၊ မီခိုးဗုံး၊ မျက်ရည်ယိုဗုံးများထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သေား ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှု ဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ဆန္ဒပြရဟန်း သံဃာတော်များ နှင့် ဒေသခံများ မီလောင်စုတ်ပြဲ ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။ ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံး ဖြစ်ကြောင်းလည်း သိရပါသည်။ ဆန္ဒပြမှုကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အခုလို အကြမ်းဖက်နှိမ်နှင်းမှုကို ကျွန်တော်တို့ Yinmarbin.Org မှ ယင်းမာပင် နယ်သားများအနေဖြင့် လုံးဝကန့်ကွက်ပါတယ်။ www.yinmarbin.org

  • ယင်းမာပင်မြို့ ဆေ:ရုံသတင်း

    ယင်းမာပင်မြို့တွင် မြို့နယ်ဆရာဝန်ကြီးထံမှ ဆေးပစ္စည်းများလူနားများမှအဆမတန် ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြ ချက်များကို တင်ပြလိုက်ရပါသည်။ ယင်းမာပင်မြို့နယ်ဦးထွန်းဝင်းသည် ဆေရုံတက်ရောက်နေသော လူနားများနှင့် ခွဲစိတ်မှု ပြုလုပ်မည့် လူနာများကို လိုအပ်သောဆေး ဝါးများအား သူ၏နေအိမ်တွင်သာ ဝယ်စေပြီး အပြင်ဆေးဆိုင်များထက်သုံးဆခန့် ပေးဝယ်နေရသည်။သူအိမ်တွင်ဆေးမဝယ်သော လူနာများနှင့် ဆေးမဝယ်ရန် မညွှန်းသောဝန်ထမ်းများအား အမျိုးမျိုး စိတ်အနှောက်အယှက် ပေးပါတော့သည်။ ရံဖန်ရံခါတွင် မူးရစ်သောက်စားပြီး လူနားများအား ကြည့်ရှုခြင်း၊ ဆူပူအော်ဟစ်နေပါသည်။ မြိုနယ်ဆရာဝန်ကြီးဦးထွန်းဝင်းမှ ခွဲစိတ်ခန်း ပြုပြင်စရိတ်ဟုဆိုကာ ခွဲစိတ်လူနာများအား ငွေကျပ် (၄၀၀၀၀) နှင့် ဆေးရုံဆင်းသည် အခါတွင် အလှူငွေ (၁၀၀၀၀) တောင်းခံသောလူနာများမှ တိုင်ကြားသောကြောင့်ဆေးရုံကြီးကြပ်ရေးကော်မတီ အစည်း အဝေးတွင် အဆိုပါငွေကြေးများကောက်ခံခြင်း မပြုရန် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံကြီးကြပ်မှုကော်မတီမှ တားမြစ်ပြီးသည့်နောက်နေ့မှာပင် ဆရာဝန်ကြီးထံမှ ရောင်းချသည့် ဆေးဖိုးသည် (၃)ဆခန့် ခုန်တက်သွားသည်ဟု…

  • လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲ

    လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲကိုတော်ဝင်နှင်းဆီခန်းမ(သီရီခန်းမ) ရန်ကုန်မြို့ ၃၀-၉-၂၀၁၂ ကျင်းပခဲ့ပါတယ်။အခုပွဲလေး ကိုတော့ အဖွဲအစည်းအသီးသီးမှ လူများတက်ရောက်ခဲ့ကြပါတယ်။  ၈၈ မျိုးဆက်ကျောင်းသားများ၊အနုပညာရှင်များ၊ Media အသီးသီးမှလူများ၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ပညာရှင်များ တက်ရောက်လာကြပါတယ်။ လက်ပံတောင်းတောင်ဒေသခံ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းရင်နင့်ဖွယ်ရာ ခံစားချက်များကိုလည်း တက်ရောက်လာသူများ မျက်မြင်ကိုယ်တွေ့နားဆင်ခဲ့ရပါတယ်။ နယ်ပယ်အသီးသီးမှ ပညာရှင်များကလည်း ဝင်ရောက်ဆွေနွေးခဲ့ကြပါတယ်။ အခမ်းအနားအစီအဉ်များကို အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း။ အစီအစဉ်(၂) ၈၈ မျိုးဆက်ကျောင်းသားများအဖွဲမှ တောင်သူလယ်သမားများရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်မှ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခြင်း။ အစီအစဉ်(၃) ၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းနှင့် မုံရွာ ခရိုင် ဗ.က.သ များအဖွဲ့ချုပ်မှ ကိုနွေဦးကိုတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ၏အခြေအနေများကို ဓာတ်ပုံများဖြင့်ရှင်းလင်းတင်ပြခြင်း။ အစီအစဉ်(၄) ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက လက်ရှိရင်ဆိုင်နေရသော အခက်အခဲများအား ရှင်းလင်းပြောကြာခြင်း။ အစီအစဉ်(၅)…

  • မနိုးပါ‌စေနဲ့ ထမံသီကျား