Category: Yinmarbin

  • အံသြလွန်းလို့ သေတော့မယ်

    အပြောင်းအလဲ ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရတာ ကြားရတဲ့ သတင်းတွေကတော့ အားတက်စရာကြီးဘဲ။ဘာတဲ့..ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရဲ့ ခရိုင်မြို့ဆိုပါလား။မြစ်အနောက်ဘက် ဆားလင်းကြီး၊ကနီ၊ပုလဲ၊ယင်းမာပင်မြို့လေးမြို့ထဲက ယင်းမာပင်ကိုခရိုင်မြို့အဖြစ်သတ်မှတ်မယ်တဲ့။ အဓိက လမ်းပန်းဆက်သွယ်ရေးအချက်အခြာ ကျလို့ဖြစ်မယ်ထင်တယ်။ ခရိုင်ရုံးကို စက်မှုလယ်ယာအနောက်ဘက်မှာ ဆောက်မယ်လို့လည်း ကြားသိရပါတယ်။တဆက်တည်း ယင်းမာပင်မြို့ အထက ကျောင်းဝင်းအတွင်းမှာလည်း ခန်းမဆောင်သစ်အတွက် အစိုးရမှ (၅၇၀) သိန်း ချပေးတယ်လို့ သိရပါတယ်။၂၀၁၃-၂၀၁၄ နှစ်အတွင်း အပြီးလုပ်ဆောင်မယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့ရဲ့ သံတားဟောင်းကြီးကို လည်း နောက်ထပ် သံတံတား အသစ် ဆောက်မယ်လို့လည်း သိရပါတယ်။ ဒီစံမံကိန်းအတွက်ကိုတော့ ငွေကြေး ချတားခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တော့ Change….Change အော်နေတာကြာပါပြီ။ အခုမှဘဲ ယင်းမာပင်မြို့လေးဆီကို ရောက်လာပါတော့တယ်။ ယင်းမာပင်မြို့လေးလည်း “ဘာလိုလိုနဲ့ ဘီယာဆိုင်တွေလည်း ပေါလာပြီ..ဘာလိုလိုနဲ့ ယမကာလုလင်တွေလည်းပေါလာပြီ”။ကျန်တာတွေ ကတော့…

  • How to Install Yinmarbin Application(2)

    အခု Application လေးကို တင်မယ်တင်မယ်နဲ့ စိတ်တိုင်းမကျသေးလို့ မတင်ဖြစ်ဘူး။ဒီတစ်ခါတော့ တော်တော်လည်း စမ်းပြီးပြီမို့ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ်။အခုထိ ဖိုင်ဆိုက်ကြီးတာကိုတော့ သေးအောင်မလုပ်နိုင်သေးတော့ တောင်းပန်ပါတယ်။တချို့ ဟာတွေက အင်တာနက်ကော်နက်ရှင်ကောင်းမှဘဲ သုံးလို့အဆင်ပြေမှာပါ။ကဲ..အသုံးပြုနည်းလေးကို ပြောပြသွားပါမယ်။ (၁)Installation( ဖုန်းထဲကိုထည့်သွင်းခြင်း) 1.First Download Yinmarbin.apk 2.Touch Yinmarbin.apk 3.Touch Install Button   4.Touch Done Button (၂)Using Applicaton( အသုံးပြုနည်း) Yinmarbin Icon လေးကိုနှိပ်ပြီး အသုံးပြုလို့ရပါပြီ။ ယင်းမာပင် Logo လေးတက်လာပါမယ်။ခဏတော့စောင့်ပါ။ ဒီစာမျက်နှာလေးအရင်တက်လာမှာဖြစ်ပါတယ်။Yinmarbin Facebook Page ဖြစ်ပါတယ်။ Youtube မှာတင်ထားတဲ့ Video လေးတွေပါ။   ယင်းမာပင် ဆိုက်လေးကိုလည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ Sound Cloud…

  • ယင်းမာပင်ပြားပြီ

    ငယ်ငယ်တုန်းက မှတ်မိသလောက်ကွန်ပျူတာသင်တန်းတွေကို ပြန်ဆက်မှာ သင်တာရှိခဲ့တယ်။ အဲဒီတုန်းက အဘွားက ကွန်ပျူတာသင်တန်းတက်ပြီး ဘာလုပ်မှာလဲဆိုပြီး မေးခံရတာ မှတ်မိသေးတယ်။ အဲဒီတုန်းက ကွန်ပျူတာလက်ကွက်မြန်ရင်ကို ဆရာကြီးလုပ်လို့ရတယ်။ ဟားဟ..ပြန်တွေးလိုက်ရင်တော့ ရယ်စရာကြီး။ အမတစ်ယောက် ကွန်ပျူတာသုံးပြီး ပါစပ်အဟောင်းသား အံသြဖူးတယ်။Floppy Disc ဆိုတဲ့ ကပ်လေးထဲမှာ စာတွေအများကြီးထည့်လိုရတယ်တဲ့..။သူနဲ့ အိမ်ပုံတွေလည်း ဆွဲလို့ရတယ်တဲ့….။အော်..အဲဒီတုန်းကတော့ ကွန်ပျူတာဆိုတာ လိုချင်သော်လည်း မမှီတဲ့ ပန်းလေးလို အဝေးကနေဘဲ ငေးကြည့်ခွင့်ရခဲ့တယ်။ ကွန်ပျူတာနဲ့ပက်သက်ပြီး ကျောင်းမှာ တစ်ခါတစ်လေ သုံးရသေးတယ်။ကွန်ပျူတာဆိုတာ ကျောင်းတော်ကြီးရဲ့ကွမ်းတောင်ကိုင်လေးပေါ့။ ကွမ်းတောင်ကိုင်လေးကို အမြဲတမ်း သွားသွားခိုးကြည့်ရတာ မှတ်မိသေးတယ်။ သူမကလည်း မာနအကြီးသား။သူ့အလှ အတွက် မာန်တွေတတ်ပြီး သူ့အခန်းလေးကို အမြဲပိတ်ထားလေ့ရှိတယ်။အကောင်းကလည်း အကြိုက်သား။သူ့အခန်း Air Con ရှိမှသူပျော်တယ်။အနည်းဆုံးတော့ ပန်ကာလေးနဲ့နေရမှာ။အဲဒီလိုမှ မနေရရင်တော့ သူမက သူကိုယ်သူ ဖုန်တွေနဲ့လူးလိမ့်ပြီ…

  • နှလုံသားနံရံပေါ်က မြို့ကလေး

    အခုတလော ကပိုကယိုလေးလှနေတဲ့ယင်မာပင်ဆိုတဲ့ မြို့လေးနဲ့ ဟိတ်ဟန်များလှတဲ့ ရန်ကုန်မြို့ကြီးနဲ့ နှိုင်းယှဉ်နေမိတယ်။ မြို့ကြီးရဲ့ အဆင့်မြင့် 3D ရုပ်ရှင်ကားကြီးတွေကိုလည်း ကြည့်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က ဝင်းဗီဒီယိုရုံးလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။နေလည်းခင်းပြမဲ့ ဇာတ်ကားကို မနက်ခင်းတိုင်း မြေဖြူကာလာစုံနဲ့ရေးတဲ့ ဘုတ်ကြီးကို အမောတကောသွားကြည့်ဖူးပါရဲ့။ ကျန်တဲ့ကားတွေမှာတော့ လူကပုံမှန်ဆိုပေမဲ့ ဂျက်ကီချန်းကားဆိုရင်တော့ ရုံးပြည့်ရုံလျှံပါဘဲ။မိုက်ကယ်ကြက်ဆင် ကြီးရဲ သီချင်းတွေကိုလည်း အဲဒီမှာကြည့်ခဲ့ရသေးတာ မှတ်မိသေးတယ်။ မြို့ကြီးရဲ့ အင်းယားကန်နဲ့ ကန်တော်ကြီးကိုလည်း ရောက်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က မြကန်သာလို့ခေါ်တဲ့ R1 ကန်လေးကို ဘာကြောင့်မယှဉ်နိုင်တာလဲ။R1 ကန်ဘောင်မှာ သူငယ်ချင်းတွေထိုင်ရင် ဘ၀အတွက် အိမ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်။ခံစားချက်ရှိသူတွေကတော့ ယူကလစ်ပင်လေးတွေပေါ်မှာ နှလုံသားကျောက်စာ ထွင်းခဲ့ကြတယ်။ အပင်ပေါ်က စာတွေက တစ်ခါတစ်လေ မြားနတ်မောင်ဖြစ်လို့၊တစ်ခါတစ်လေကျတော့လည်း နှလုံသားဒဏ်ရာဒဏ်ချက်တွေ ပေါက်ကွဲထားလေရဲ့။ ငါလေးတွေချစ်တဲ့သူတွေကလည်း ငါစာကျွေးရင်း ငါမျှားနေကြလေရဲ့။ မြို့ကြီးရဲ့…

  • ဒုတိယအကြိမ်အာစရိယပူဇော်ပွဲ

    ယင်းမာပင်မြို့ရဲ့ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲလေးကို ၂၄ ရက်နဲ့ ၂၅-၁၂-၂၀၁၂ ရက်နေ့တွေမှာ ယင်းမာပင်မြို့လေးရဲ့ ဆောက်လုပ်ဆဲ အထကကျောင်းဆောင်သစ်မှာ ကျင်းပခဲ့ကြပါတယ်။ ပထမနေ့မနက်ခင်းပိုင်းမှာ ကွယ်လွန်သော ဆရာ၊ဆရာမများကို ရည်စူးပြီး ဆွမ်းကပ်ခဲ့ကြပြီး ညပိုင်းမှာ တော့ ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့ ညစာစားပွဲကို တပျော်တပါးဆင်နွဲခဲ့ကြ ပါတယ်။ ဒီနှစ်မှာ တော့ အရင်နှစ်ကလောက် အဝေးရောက်ကျောင်းသားဟောင်းများ လူစုံတက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ညစာစားပွဲကို ထမင်းကျော်နဲ့ တည်ခင်းဧည့်ခံပြီး လက်တောင်ကြီးမှ စက်ကြီးနဲ့ တမြို့လုံးပဲ့တင်ထပ်တောင် သီဆိုခဲ့ကြပါတယ်။ ဒုတိယနေ့လေးမှာတော့ ဆရာ၊ဆရာမများကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။ဆရာ၊ဆရာမ စုစုပေါင်း ၆၃ ဦးရှိပြီး ဆရာတစ်ဦးစီကို ငွေသား ၇၀,၀၀၀ ကျပ်၊ အမှတ်တရ ထွက်စုအင်္ကျီနှင့်မနှစ်ကအာစရိယပူဇော်ပွဲ အခွေလေးတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ စာပေဟောပြောပွဲလည်း ပါဝင်ခဲ့ပါတယ်။ စာရေးဆရာ ၃ ဦးမှ…

  • ကျွန်တော့်ဇာတိမြို့လေး (၂)

    သံတံတားကြီး အနောက်ဘက်ခြမ်းကို တစ်နည်းပြောရင် မြို့တွင်းပိုင်းလို့ ခေါ်နိုင်ပါတယ်၊ လမ်းရဲ့ ဘယ်ဘက် တစ်လျောက်မှာ လူနေအိမ်နဲ့ စတိုးဆိုင်အချို့ ရှိပြီး လမ်းရဲ့ညာဘက် တစ်လျောက်မှာတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မာန်ဘရာဘုန်းကြီ:ကျောင်း ၊ ရွှေစေတီဘုရားဝင်း၊ ဇောတိက ဘုန်းကြီ:ကျောင်း တို့ ရှိပါတယ်။ ဇောတိက ဘုန်းကြီးကျောင်းမှာ တစ်မြို့လုံး နီးပါး ကြားနိုင်လောက်တဲ့ အသံချဲ့စက်နဲ့ ချိန်ပြီး တပ်ဆင်ထားတဲ့ တိုင်ကပ်နာရီတစ်လုံး ရှိပါတယ်။ မြို့ကြီးပြကြီ:တွေလို နာရီစင် မဟုတ်ပေမယ့် ဘုန်းတော်ကြီ:ကျောင်းက နာရီဟာ တစ်မြို့လုံး အတိုင်းအတာနဲ့ ဘယ်နှနာရီထိုးပြီဆိုတာ အမြဲတစေ မဟုတ်တောင် မကြာခဏ သတိထား နားထောင်မိကြတဲ့ အချိန်မှန် ရေဒီယိုတစ်လုံးပါပဲ။ ဇောတိက ဘုန်းကြီ:ကျောင်းနဲ့ ကပ်လျက် လမ်းတစ်ခုခြားပြီးတော့ မြို့မစျေးကို တွေ့ရပါမယ်၊ စည်ပင်သာယာစျေးကြီ:ပေါ့။ အနယ်နယ်…

  • ဝက်မှေးရွာမှ ရင်ထဲက စကားသံများ

    အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလိုဖြစ်သွားမှာ။ အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ပြီးမှ သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှသတင်းမသုံးရ ဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ကန်တောက ဘုန်းကြီးတွေ ကိုတော့…

  • ကျွန်တော့်ဇာတိမြို့လေး (၁)

    ယင်းမာပင်မြို့ အကြောင်းကို သူ့ရဲ့ မြို့သူ/သားတွေ ပြန်ရေးတာကို ဖတ်ကြည့်ရင် မြို့လေးရဲ့ သရုပ်က ပိုပြီး ပီပြင်လာတယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် ယင်းမာပင်မြို့ အကြောင်းကို အန်တီ မိမိလေး ရေးတာဖတ်တယ်၊ အလင်းနစ် ရန်ကုန်မှာ နေတုန်းက ရေးသွားတဲ့ စာတွေ ပြန်ဖတ်တယ်။ ယင်းမာပင်မြို့လေးကို တမာပင်နဲ့ တွဲမြင်တဲ့ သူတို့ အတွေးတွေ တူတယ်၊ တမာတန်းနဲ့ လမ်းလေးကို ချစ်တာချင်း တူတယ်။ သူတို့က ကိုယ်မမြင်တဲ့ အချက်လေးတွေကို တွေ့တယ်၊ ဥပမာ− အန်တီ မိမိလေးက မြို့လေးရဲ့ လုံခြုံမှုကို မြင်တယ်၊ အလင်းနစ်က ဇောတိက ဘုန်းကြီးကျောင်းက တစ်နာရီထိုးတိုင်း တစ်ခါမြည်တဲ့ နာရီကို မြင်တယ်။ အန်တီ မိမိလေးပြောတဲ့ လုံခြုံမှုဆိုတာကို မလုံခြုံတဲ့…

  • တစိမ်းဆန်တဲ့မုံရွာ

    ၆-၁၁-၂၀၁၂ အော်ဒီနေ့က အလှူငွေထည့်တဲ့ အမတစ်ယောက်ရဲ့ငွေကို မုံရွာဘဏ်မှာ သွားထုတ်ရမယ်။ အကိုတစ်ယောက်နဲ့ ချိန်ပြီး စောစော ထွက်ဖြစ်တယ်။ဦးဘဲဥ လို့ခေါ်တဲ့ မော်တော်ပီကယ် ဖမ်းမှာစိုးလို့ ပိုးမျှင်တက်နေတဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းလို့ မုံရွာမြို့ကြီးကို မစီးရတာကြပြီဖြစ်တဲ့ ဆိုင်ကယ်လေးနဲ့ ချီတက်ခဲ့ပါတော့တယ်။ ကျောင်းသားဘဝက သွားနေကျဖုန်အလိမ်းလိမ်း(အခုတော့ မထတော့ပါဘူး)နဲ့တံတားဘက်က သွားရင်ကြာမှာ စိုးလို့ အောက်ကူးတို့က ပတ်သွားမှ ပိုဆိုးတော့တယ်။ အဲ့ဒီမှာ စတွေ့တာဘဲ။ အတက်အဆင်းအတွက်က တစ်ခုဘဲ ရှိတယ်။ တက်ရမဲ့ ဆိုင်ကယ်တွေနဲ့ ဆင်းလာတဲ့ဆိုက်ကယ်တွေနဲ့ ပိတ်နေလို့ တစ်နာရီလောက် ကြာသွားတယ်။ အရင်ကဆို မုံရွာဖက်ကို သွားဖို့အတွက် အတော်အချိန်ယူရတယ်။ အနည်းဆုံး တစ်နေ့လောက် အချိန်ပေးရတာကိုး။ အခုကျတော့ မုံရွာကို ဟိုနားဒီနားသွားသလို ဆိုင်ကယ်အားကိုးနဲ့ သွားနိုင်ကြပြီ။မုံရွာဘက်ရောက်တော့ နည်းနည်းစောသေးလို့ ဘုရားကြီးပွဲကို လျှောက်လည်ဖြစ်သေးတယ်။ မနက်ပိုင်းထက် စာရင်…

  • ယင်းမာပင်မြို့ ဆေ:ရုံသတင်း

    ယင်းမာပင်မြို့တွင် မြို့နယ်ဆရာဝန်ကြီးထံမှ ဆေးပစ္စည်းများလူနားများမှအဆမတန် ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြ ချက်များကို တင်ပြလိုက်ရပါသည်။ ယင်းမာပင်မြို့နယ်ဦးထွန်းဝင်းသည် ဆေရုံတက်ရောက်နေသော လူနားများနှင့် ခွဲစိတ်မှု ပြုလုပ်မည့် လူနာများကို လိုအပ်သောဆေး ဝါးများအား သူ၏နေအိမ်တွင်သာ ဝယ်စေပြီး အပြင်ဆေးဆိုင်များထက်သုံးဆခန့် ပေးဝယ်နေရသည်။သူအိမ်တွင်ဆေးမဝယ်သော လူနာများနှင့် ဆေးမဝယ်ရန် မညွှန်းသောဝန်ထမ်းများအား အမျိုးမျိုး စိတ်အနှောက်အယှက် ပေးပါတော့သည်။ ရံဖန်ရံခါတွင် မူးရစ်သောက်စားပြီး လူနားများအား ကြည့်ရှုခြင်း၊ ဆူပူအော်ဟစ်နေပါသည်။ မြိုနယ်ဆရာဝန်ကြီးဦးထွန်းဝင်းမှ ခွဲစိတ်ခန်း ပြုပြင်စရိတ်ဟုဆိုကာ ခွဲစိတ်လူနာများအား ငွေကျပ် (၄၀၀၀၀) နှင့် ဆေးရုံဆင်းသည် အခါတွင် အလှူငွေ (၁၀၀၀၀) တောင်းခံသောလူနာများမှ တိုင်ကြားသောကြောင့်ဆေးရုံကြီးကြပ်ရေးကော်မတီ အစည်း အဝေးတွင် အဆိုပါငွေကြေးများကောက်ခံခြင်း မပြုရန် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံကြီးကြပ်မှုကော်မတီမှ တားမြစ်ပြီးသည့်နောက်နေ့မှာပင် ဆရာဝန်ကြီးထံမှ ရောင်းချသည့် ဆေးဖိုးသည် (၃)ဆခန့် ခုန်တက်သွားသည်ဟု…