Category: Essay

  • အံသြလွန်းလို့ သေတော့မယ်

    အပြောင်းအလဲ ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရတာ ကြားရတဲ့ သတင်းတွေကတော့ အားတက်စရာကြီးဘဲ။ဘာတဲ့..ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရဲ့ ခရိုင်မြို့ဆိုပါလား။မြစ်အနောက်ဘက် ဆားလင်းကြီး၊ကနီ၊ပုလဲ၊ယင်းမာပင်မြို့လေးမြို့ထဲက ယင်းမာပင်ကိုခရိုင်မြို့အဖြစ်သတ်မှတ်မယ်တဲ့။ အဓိက လမ်းပန်းဆက်သွယ်ရေးအချက်အခြာ ကျလို့ဖြစ်မယ်ထင်တယ်။ ခရိုင်ရုံးကို စက်မှုလယ်ယာအနောက်ဘက်မှာ ဆောက်မယ်လို့လည်း ကြားသိရပါတယ်။တဆက်တည်း ယင်းမာပင်မြို့ အထက ကျောင်းဝင်းအတွင်းမှာလည်း ခန်းမဆောင်သစ်အတွက် အစိုးရမှ (၅၇၀) သိန်း ချပေးတယ်လို့ သိရပါတယ်။၂၀၁၃-၂၀၁၄ နှစ်အတွင်း အပြီးလုပ်ဆောင်မယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့ရဲ့ သံတားဟောင်းကြီးကို လည်း နောက်ထပ် သံတံတား အသစ် ဆောက်မယ်လို့လည်း သိရပါတယ်။ ဒီစံမံကိန်းအတွက်ကိုတော့ ငွေကြေး ချတားခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တော့ Change….Change အော်နေတာကြာပါပြီ။ အခုမှဘဲ ယင်းမာပင်မြို့လေးဆီကို ရောက်လာပါတော့တယ်။ ယင်းမာပင်မြို့လေးလည်း “ဘာလိုလိုနဲ့ ဘီယာဆိုင်တွေလည်း ပေါလာပြီ..ဘာလိုလိုနဲ့ ယမကာလုလင်တွေလည်းပေါလာပြီ”။ကျန်တာတွေ ကတော့…

  • Facebook ကပေးသော အကောင်း(+) အဆိုး(−) များ

    Facebook ရဲ့ သမိုင်း Facebook ကို ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ဇူကာဘတ်နဲ့ သူ့ရဲ့အတန်းဖော် သူငယ်ချင်းတွေက ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် ထုတ်လွှင့်ခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ် အကုန်ထိ အကျိုးအမြတ်ရဖို့ မရည်ရွယ်ခဲ့ပေမယ့် ၂၀၁၀ ဇူလိုင်လမှာ သုံးစွဲသူ အရေအတွက် စုစုပေါင်းက သန်း ၅၀၀ ကျော်သွားခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂ တစ်ခုလုံးမှာရှိတဲ့ လူဦးရေထက် ပိုများတဲ့ အရေအတွက်ပါ။ Facebook ဟာ သူ့ရဲ့ အဓိကဝင်ငွေတွေကို ကြော်ငြာတွေ၊ Application တွေနဲ့ Credits ငွေပေးချေမှုတွေက ရရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေပေးချေမှုကို အသုံးပြုသူ မရှိသလောက် ရှားပါတယ်။ Facbook ပေါ်မှာ Famville…

  • ကျေးလက်ဘုရားပွဲ

    ဘာလိုလိုနဲ့ ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲလည်း ဒီအချိန်ဆို စနေလောက်ပါပြီ။ဒီနေ့ပိတ်ရက်မို့ စာအုပ်ဖတ်ရင်း အညာလွမ်းစိတ်လေးကို နှစ်သိမ့်နိုင်မယ် စာအုပ်လေးတစ်အုပ်ကိုအမှတ်မထင် တွေ့လိုက်ရပါတယ်။ စာအုပ်လေးကတော့ ဆရာကြီးမြသန်းတင့်ရဲ့“မြသန်းတင့်၏ စာပေါင်းစု” စာအုပ်လေးပါ။အဲဒီထဲက “ကျေးလက်ဘုရား”ပွဲဆိုတာလေးကို ညီအကိုမောင်နှမများ အတွက် မျှဝေလိုက်ပါတယ်။ ကျွန်တော်သိသလောက် အညာစာအုပ်တွေရေးတဲ့ စာရေးဆရာ၊ဆရာမတွေရှိပါတယ်။ နေဝင်းမြင့်၊ ခင်ခင်ထူးတို့ ရေးတဲ့ အညာစာအုပ်တွေကို ကျွန်တော်တို့ဆီက အညာပုံရိပ်တွေနဲ့ နည်းနည်းကွာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ အညာပုံရိပ်တွေက မြင်းခြံ၊ မန္တလေးဘက်ကို အခြေခံထားတွေများပါတယ်။ မြသန်းတင့်စာအုပ်တွေကတော့ ကျွန်တော်တို့ဆီက အညာပုံရိပ်နဲ့ တထပ်တည်းကျတယ်လို့ ပြောနိုင်ပါတယ်။“တမာနုချိန်” ဆိုရင်ကျွန်တော်မြို့အဝင်က တမာတန်းလေးကို ဖွဲ့ဆိုထားလားတောင် ဆိုနိုင်ပါတယ်။အခု “ကျေးလက်ဘုရားပွဲ” ဆိုရင်လည်း ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲခင်းလေးကို ရောက်ရှိသွားသလိုပါဘဲ။ ကျေးလက်ဘုရားပွဲ ကျေးလက်မှလူတွေက ကျေးလက်ထွက်ကုန် ပစ္စည်းတွေကို သယ်လာကြသည်။ သစ်ဝါး…

  • လွတ်ကျခဲ့သောနှလုံသား

    လွဲလွဲလေးလည်းကောင်းပါတယ် လို့ ထူအိမ်သင်သီချင်းထဲကလို ဟစ်ရမလိုဖြစ်နေပြီ။အော်…ကိုယ်မြို့ကိုယ်ရွာမှာ ရောက်တုန်းရောက်ခိုက် ရယ်စရာ အလွဲလေးတွေနဲ့လည်း ကြုံခဲ့ရသေးတယ်။ မြင်းကျားဆိုတာ ချိုနဲ့လာကွဲ့လို့ မေးရမလိုဖြစ်နေပြီ။မြို့ကြီးတွေမှာတော့ လူတွေက လူကူးမြင်းကျားကို ဖြတ်လို့။ကိုယ်မြို့လေးမှာတော့ လူကူးမြင်းကျားဆိုတာကို အထူးအဆန်းအနေနဲ့ ရှောင်ပြီး သွားနေကြလေရဲ့။ နောက်ပြီး ရှိသေးတယ်။ ဘယ်ဂျာနယ်မှန်းတော့ မမှတ်မိတော့ဘူး။ယင်းမာပင်သတင်းဆိုလို့ အသည်းအသန် ကြည့်လိုက်ရင် တစ်ခါလာလည်း ရင်ပေါင်တိုင်က မြင်းအကြောင်းကြီးဘဲ။ဟုတ်လည်းဟုတ်တယ်။မြင်မြင်သမျှမြင်းတွေထဲမှာ ရင်ပေါင်တိုင်က မြင်းတွေက အတော်လေးလှတယ်။ ဒီတစ်ခေါက်ပြန်ရောက်တော့ မြို့သူမြို့သားတွေက စိတ်ချမ်းသာလို့လား တွေ့သမျှ တော်တော်များ ဝနေ(လှနေ)ကြလေရဲ့။ဝတယ်ပြောရင် မကြိုက်ကြဘူးဗျ။လူတွေရဲ့ လူနေမှု ပုံသဏ္ဍန် ပြောင်းလာမှုကြောင့်လည်း ပါမယ်ထင်တယ်။ဖုန်းတွေသုံးလို့ အဆင်ပြေသွားတဲ့အတွက် အခုချိန်မြို့လေးမှာတော့ အဘိုးကြီးလည်း Touch၊ အဘိုးကြီးလည်း Touch၊ ကြီးတော်တွေလည်းTouch ၊မွေးခင်းစအာဗြဲလေးလည်း Touch ဖြစ်နေကြပါပြီ။အင်တာနက်ဆိုတာလည်း မြို့လေးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်နေလေရဲ့။…

  • ကျွန်တော့်ဇာတိမြို့လေး (၂)

    သံတံတားကြီး အနောက်ဘက်ခြမ်းကို တစ်နည်းပြောရင် မြို့တွင်းပိုင်းလို့ ခေါ်နိုင်ပါတယ်၊ လမ်းရဲ့ ဘယ်ဘက် တစ်လျောက်မှာ လူနေအိမ်နဲ့ စတိုးဆိုင်အချို့ ရှိပြီး လမ်းရဲ့ညာဘက် တစ်လျောက်မှာတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မာန်ဘရာဘုန်းကြီ:ကျောင်း ၊ ရွှေစေတီဘုရားဝင်း၊ ဇောတိက ဘုန်းကြီ:ကျောင်း တို့ ရှိပါတယ်။ ဇောတိက ဘုန်းကြီးကျောင်းမှာ တစ်မြို့လုံး နီးပါး ကြားနိုင်လောက်တဲ့ အသံချဲ့စက်နဲ့ ချိန်ပြီး တပ်ဆင်ထားတဲ့ တိုင်ကပ်နာရီတစ်လုံး ရှိပါတယ်။ မြို့ကြီးပြကြီ:တွေလို နာရီစင် မဟုတ်ပေမယ့် ဘုန်းတော်ကြီ:ကျောင်းက နာရီဟာ တစ်မြို့လုံး အတိုင်းအတာနဲ့ ဘယ်နှနာရီထိုးပြီဆိုတာ အမြဲတစေ မဟုတ်တောင် မကြာခဏ သတိထား နားထောင်မိကြတဲ့ အချိန်မှန် ရေဒီယိုတစ်လုံးပါပဲ။ ဇောတိက ဘုန်းကြီ:ကျောင်းနဲ့ ကပ်လျက် လမ်းတစ်ခုခြားပြီးတော့ မြို့မစျေးကို တွေ့ရပါမယ်၊ စည်ပင်သာယာစျေးကြီ:ပေါ့။ အနယ်နယ်…

  • ကျွန်တော့်ဇာတိမြို့လေး (၁)

    ယင်းမာပင်မြို့ အကြောင်းကို သူ့ရဲ့ မြို့သူ/သားတွေ ပြန်ရေးတာကို ဖတ်ကြည့်ရင် မြို့လေးရဲ့ သရုပ်က ပိုပြီး ပီပြင်လာတယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် ယင်းမာပင်မြို့ အကြောင်းကို အန်တီ မိမိလေး ရေးတာဖတ်တယ်၊ အလင်းနစ် ရန်ကုန်မှာ နေတုန်းက ရေးသွားတဲ့ စာတွေ ပြန်ဖတ်တယ်။ ယင်းမာပင်မြို့လေးကို တမာပင်နဲ့ တွဲမြင်တဲ့ သူတို့ အတွေးတွေ တူတယ်၊ တမာတန်းနဲ့ လမ်းလေးကို ချစ်တာချင်း တူတယ်။ သူတို့က ကိုယ်မမြင်တဲ့ အချက်လေးတွေကို တွေ့တယ်၊ ဥပမာ− အန်တီ မိမိလေးက မြို့လေးရဲ့ လုံခြုံမှုကို မြင်တယ်၊ အလင်းနစ်က ဇောတိက ဘုန်းကြီးကျောင်းက တစ်နာရီထိုးတိုင်း တစ်ခါမြည်တဲ့ နာရီကို မြင်တယ်။ အန်တီ မိမိလေးပြောတဲ့ လုံခြုံမှုဆိုတာကို မလုံခြုံတဲ့…

  • တစိမ်းဆန်တဲ့မုံရွာ

    ၆-၁၁-၂၀၁၂ အော်ဒီနေ့က အလှူငွေထည့်တဲ့ အမတစ်ယောက်ရဲ့ငွေကို မုံရွာဘဏ်မှာ သွားထုတ်ရမယ်။ အကိုတစ်ယောက်နဲ့ ချိန်ပြီး စောစော ထွက်ဖြစ်တယ်။ဦးဘဲဥ လို့ခေါ်တဲ့ မော်တော်ပီကယ် ဖမ်းမှာစိုးလို့ ပိုးမျှင်တက်နေတဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းလို့ မုံရွာမြို့ကြီးကို မစီးရတာကြပြီဖြစ်တဲ့ ဆိုင်ကယ်လေးနဲ့ ချီတက်ခဲ့ပါတော့တယ်။ ကျောင်းသားဘဝက သွားနေကျဖုန်အလိမ်းလိမ်း(အခုတော့ မထတော့ပါဘူး)နဲ့တံတားဘက်က သွားရင်ကြာမှာ စိုးလို့ အောက်ကူးတို့က ပတ်သွားမှ ပိုဆိုးတော့တယ်။ အဲ့ဒီမှာ စတွေ့တာဘဲ။ အတက်အဆင်းအတွက်က တစ်ခုဘဲ ရှိတယ်။ တက်ရမဲ့ ဆိုင်ကယ်တွေနဲ့ ဆင်းလာတဲ့ဆိုက်ကယ်တွေနဲ့ ပိတ်နေလို့ တစ်နာရီလောက် ကြာသွားတယ်။ အရင်ကဆို မုံရွာဖက်ကို သွားဖို့အတွက် အတော်အချိန်ယူရတယ်။ အနည်းဆုံး တစ်နေ့လောက် အချိန်ပေးရတာကိုး။ အခုကျတော့ မုံရွာကို ဟိုနားဒီနားသွားသလို ဆိုင်ကယ်အားကိုးနဲ့ သွားနိုင်ကြပြီ။မုံရွာဘက်ရောက်တော့ နည်းနည်းစောသေးလို့ ဘုရားကြီးပွဲကို လျှောက်လည်ဖြစ်သေးတယ်။ မနက်ပိုင်းထက် စာရင်…

  • ဘယ်မြို့ပုံသာပါလိမ့်

    ပေးသမျှ ပြန်မရလို့ မျက်နှာမပျက် စိတ်မကွက်တတ်သူ သူ့ရင်ဘတ်ပုစိ‌ကွေး‌လေးထဲကို ‌ဘော်ဒါ‌ဆောင်‌တွေ ပစ်ထည့်ရင်း အာဆီယံလမ်းမကြီးကို မျက်စပစ်လို့ မျက်စိသူငယ် နားသူငယ် အွန်လိုင်းပေါ်တက်ရင်း ခါးချိတ်ဖုန်းတွေ လမ်းဘေးမှာ ခွေးဖြစ်မယ့်နေ့ကို စောင့်လို့။ ‌ရေကို ‌ငွေလိုသုံးရင်း အတင်းအဓမ္မ လုပ်အားပေးဖူးသလို သားရေနား စားသူတွေလည်း တွေ့ခဲ့ဖူးတယ် ရောက်မလာတဲ့ မနက်ဖြန်ကို နေပူက ရပ်စောင့်ရင်း ယင်းမာပန်းတွေ ပွင့်ခဲ့တယ် တမာပန်းတွေ ဝေခဲ့တယ် ဥသြလေးတွေ တွန်ခဲ့တယ် ချိုးဖြူလေးတွေ ကူခဲ့တယ် ခရုလေးတွေ ခုန်ခဲ့တယ် လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်သလောက်ပါပဲ အပင်ကိုသတ်တဲ့ သစ်သီးတွေအတွက် အပြုံးမပျက်သလို အခက်ချိုးသူတွေကိုလည်း မိတ်မဖျက်ခဲ့ဘူး ဒါတွေအားလုံးဟာ သူ့ရဲ့ကိုယ်ပိုင် ဖောမက်* တွေချည်းပဲ။ အရင်က လွတ်လပ်ရေးနေ့တိုင်း ဘော်လီဘောပုတ်တယ် ချောတိုင်တက်တယ်၊ စာစီစာကုံးရေးတယ် ခု…

  • ကျွန်တော်တော်တော်ညံ့ခဲ့တယ်။

    ဂျူးကတော့နိုင်ငံနဲ့ချီပြီးပြောသွားတယ်။ကျွန်တော်ကတော့ကျွန်တော့်အကြောင်းလေးဘဲပြောပါမယ်။ နာမည် အိမ်ကအဒေါ်ကခေါ်တော့ငဆော့တဲ့။ကျောင်းကအထက်တန်းဆရာမကတော့ကုတ်ကမြင်းတဲ့။တက္ကသိုလ်ရောက်တော့ ဆရာမက အိုဘားမားတဲ့။သူငယ်ချင်းတွေကတော့…။နာမည်တွေကလည်း ထူးဆန်းတယ်ဗျာ။သူငယ်ချင်းအချင်းချင်း နာမည်ရင်းတွေကို တောင် မေ့နေကြတယ်။နာမည်ပြောင်တွေကိုဘယ်တော့မှမမေ့ကြဘူး။တခြားနာမည်တွေကြားရင်ပိုတောင်ဆန်းသေးတယ်။ ဆယ်ပြား၊ချပ်ပြား၊လုံးစိ၊စုတ်ချီး၊ခိုကြီး၊ပြောင်ကြီးတို့ဆိုပြီးရှိသေးတယ်။အဓိပ္ပါတယ်တော့မပြောပြတော့ပါ။တော်ကြာရွာတောင် ပြန်မရမှာစိုးလို့ပါ။ စာအုပ်စာပေ ငယ်ငယ်တုန်းကတော့စိမ်းလန်းသစ်ပင်လေးစဖွင့်ခါစတော့ရောက်ဖြစ်သေးတယ်။နောက်ပိုင်းတော့မရောက်ဖြစ်တော့ဘူး။ အဲဒီ တုန်းက ဒေါ်မိမိလေးစာပေဟော်ပြောပွဲနေ့မှာ စင်ပေါ်တက်စကားပြောရင်း ငိုတာကိုဘာကြောင့်မှန်းမသိဘူး။ အခုမှနာလည်လာ တယ်။ ကိုယ်မြို့ကိုယ်ရွာအတွက်ဘယ်လောက်များ ၀မ်းသာလိုက်မလဲလို့။ စာဖတ်အားကောင်းပုံကြွားရဦးမယ်။ ဒဂုန်တာရာနဲ့ တာရာမင်းဝေကသားအဖလား။ကြည်အေးဆိုတာယောက်ျားလေး၊မိန်းကလေးတောင်မကွဲဘူး။ဒါပေမဲ့ချစ်ဦးညိုလောက်တော့ မဆိုးသေးပါဘူး။သူကျတော့ သူနာမည်ကို မော်တော်နာမည်ဆိုပြီး အထင်ခံရတာ။တိုတဲ့တုတ်နဲ့သွားတိုင်းရတာပေါ့ဗျာ။ နွားခြေရာခွက်ထဲကစာကလေး သူများတွေတော့မသိဘူး။ကျွန်တော်တို့ကျောင်သားဘ၀တုန်းကအားကျစရာသိပ်မရှိလှဘူးဗျာ။ကျောင်းစာဆိုလည်း အထင်မကြီး ကြဘူး။ စာကျက်နိုင်တဲ့သူကအမှတ်များကြတာ၊ကျက်ဖြေ”ဆိုပြီးကျောင်းသားတိုင်းရဲ့အကြောင်းပြချက်လေးပေါ့ ဗျာ။ကျောင်းသား၊ ကျောင်းသူတွေက ဗိုလ်ချုပ်ရဲ့မွေးနေ့သာမသိသာနေမယ်။ ချစ်သူများနေကြသိကြတယ်။ ပညာရေး ဆရာလယ်တွင်သားစောချစ်ပြောသလိုပထမဆိုတဲ့တံခါးကိုဘယ်တော့မှမခေါက်ခဲ့ပါဘူ။ကိုယ်ဟာကိုယ်နောက်မှဘဲနေတာပါ။ ဒါတောင်နောက်တန်းရဖို့လုရသေးတယ်။နောက်တန်းကလွတ်လပ်တာကို။တစ်ခါတော့ ပညာလိုချင်စိတ်လေး ဖြစ်ခဲ့ဖူးတယ်ဗျာ။ မရှိတာစာရရင်တော့တော်သေးတာပေါ့နော်။ကိုးတန်းကဆရာတစ်ယောက်ပါ။ကျောင်းခန်းထဲ၀င်၀င်ချင်းမင်းတို့တွေ Think Power ရှိရမယ်ဆိုပြီး၊ပညာရဲ့တန်ဖိုးတွေပါပြောသွားတယ်။ အားကစား “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့အသံချဲစက်ကအသံလေးကြားရင်မြို့ကလေးလည်းဆောင်း ရာသီမနက်ခင်းလေးမှာ နိုးထလာခဲ့ပါပြီး။တချို့လည်းသူငယ်ချင်းတွေနဲ့၊တချို့လည်းမိသားစုနဲ့အဖွဲ့လိုက်လမ်းလျှောက်ကြပါတယ်။ အများအားဖြင့်ရွာသာယာ၊လည်ငေါက်ဘက်များပါတယ်။စုရပ်ရောက်ရင်ထမင်းနှဲ၊ကောက်ညှင်းတို့ဝေလေ့ရှိတယ်။တစ်ချို့လည်း…

  • ပြည်တော်ပြန် (၁)

      ငယ်မူပြန်ချင်တာလေး တစ်ခုနဲ့ပဲ ဘုရားသခင်ဆီသွားတဲ့ ခရီးစဉ်ပေါ့ ‌မျှော်လင့်ချက်ကို လက်ခံဖို့ တမာနံ့ကလေးကို ပြန်စို့ဖို့ တစ်‌ကျော့နှစ်‌ကျော့ ‌တေးကိုသီရင်း ဓားကိုသွေးရင်း ကျားကိုကျွေးရင်း အမေကြီးရဲ့ မြေးတွေ လူလားမြောက်ခဲ့ပြီ။ ဒီတစ်ခါ ယင်းမာပင်ကို ပြန်ရတာ ‌တော်‌တော်‌လေး စိတ်ထဲမှာ ‌လေးလံ‌နေမိတယ်၊ ဘာဖြစ်လို့လဲဆို‌တော့ (၃)ရက်‌လောက်ပဲ ‌နေခွင့်ရတဲ့ အတွက်ရယ်၊ လုပ်ချင်တာ‌တွေ များ‌နေတာရယ်‌တွေ ‌ကြောင့်ပါပဲ။ အွန်လိုင်း‌ပေါ် ပြန်တက်ပြီး လုပ်ချင်တဲ့ ဟာ‌လေး‌တွေလည်း ရှိ‌တော့ ‌တော်‌တော်‌လေး အချိန်ကသီလွန်း‌ နေတယ်။ ‌နောက်ဆုံး တစ်ချက်က‌တော့ အချစ်ဆုံးသူငယ်ချင်း ‌နောက်တစ်‌ယောက်ပါ စွံသွားခြင်းပါပဲ။ ကျွန်‌တော် ‌မျှော်လင့်ထားသလိုပါပဲ… ဒီနှစ်ထဲမှာပဲ တစ်‌ယောက်ပြီး တစ်‌ယောက် အစွံထုတ်ကုန် ကြပါ‌တော့တယ်။ ‌နောက်ဆုံးမှာ‌တော့ ကျွန်‌တော်နဲ့ ‌ကျော်ခိုင် နှစ်‌ယောက်သာ ကျန်ခဲ့ပါ‌တော့တယ်။ ကျွန်‌တော်ပြန်လာမယ်…