Sunday, September 8, 2024
HomeChindwinလက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲ

လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲ

လက်ပံတောင်းတောင်နှင့်ချင်းတွင်း အလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲကိုတော်ဝင်နှင်းဆီခန်းမ(သီရီခန်းမ) ရန်ကုန်မြို့ ၃၀-၉-၂၀၁၂ ကျင်းပခဲ့ပါတယ်။အခုပွဲလေး
ကိုတော့ အဖွဲအစည်းအသီးသီးမှ လူများတက်ရောက်ခဲ့ကြပါတယ်။  ၈၈ မျိုးဆက်ကျောင်းသားများ၊အနုပညာရှင်များ၊ Media အသီးသီးမှလူများ၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ပညာရှင်များ တက်ရောက်လာကြပါတယ်။
လက်ပံတောင်းတောင်ဒေသခံ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းရင်နင့်ဖွယ်ရာ ခံစားချက်များကိုလည်း တက်ရောက်လာသူများ မျက်မြင်ကိုယ်တွေ့နားဆင်ခဲ့ရပါတယ်။ နယ်ပယ်အသီးသီးမှ ပညာရှင်များကလည်း ဝင်ရောက်ဆွေနွေးခဲ့ကြပါတယ်။

အခမ်းအနားအစီအဉ်များကို
အစီအစဉ်(၁)
အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း။

အစီအစဉ်(၂)
၈၈ မျိုးဆက်ကျောင်းသားများအဖွဲမှ တောင်သူလယ်သမားများရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်မှ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခြင်း။

အစီအစဉ်(၃)
၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းနှင့် မုံရွာ ခရိုင် ဗ.က.သ များအဖွဲ့ချုပ်မှ ကိုနွေဦးကိုတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ၏အခြေအနေများကို ဓာတ်ပုံများဖြင့်ရှင်းလင်းတင်ပြခြင်း။

အစီအစဉ်(၄)
ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက လက်ရှိရင်ဆိုင်နေရသော အခက်အခဲများအား ရှင်းလင်းပြောကြာခြင်း။

အစီအစဉ်(၅)
ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်ဇံမှာ အတွေ့ကြုံများရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၆)
ကံကုန်းကျေးရွာမှ ဦးတင့်အောင်စိုးက ကြေးနီစီမံကိန်းကြောင့် ရွာနှင့်ယာခင်းများ ပျက်စီးသွားပုံကို ရှင်းလင်းပြောခြင်း။

အစီအစဉ်(၇)
မြန်မာ့ အစိမ်းရောင်ကွန်ယက်မှ ဒေါ်ဒေဝီသန့်ဇင်က သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အ    ခြေအနေများ ရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၈)
ဆည်းတည်းကျေးရွာ အောင်မြေမြင်သာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တနန္ဒာစာရ က     လယ်တီဆရာတော်ဘုရားကြီး၏ အမွေအနှစ်များနှင့်ပက်သက်၍  ရှင်းလင်းမိန့်ကြားခြင်း။

အစီအစဉ်(၉)
Eco Dex မှ ဒါရိုက်တာဦးဝင်းမျိုးသူက လယ်ယာကဏ္ဍနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေအား ရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၁၀)
ရှေနေကွန်ယက်မှ ရှေ့နေကြီးဦးကြီးမြင့်က ဥပဒေရေးရာရှုထောင့်မှ ရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၁၁)
“The Innovative” မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်မျိုးအောင်မှ လူအခွင့်အရေးရှုထောင့်မှ  ရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၁၂)
မုံရွာ ဒေသခံ ကဗျာဆရာကြီး ဦးအံမောင်မှ ဒေသ၏ ခံစားမှုများအား ရှင်းလင်းပြောကြားခြင်း။

အစီအစဉ်(၁၃)
နှီးနှော ဖလှယ်ပွဲတက်ရောက်လာသူများ၏မေးမြန်းချက်များအားသက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ဆွေနွေးကြားခြင်း။

အစီအစဉ်(၁၄)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားနှင့်နဂုံးချုပ်စကားပြောကြားခြင်း။

အစီအစဉ်(၁၅)
အခမ်းအနားအစီအစဉ်ပြီးဆုံးကြောင်းကြေငြာခြင်း။

အခုလိုပွဲလေးကိုစီစဉ်ပေးတဲ့အတွက် ဒေသခံများတွေရဲ့ ခံစားချက်များကို ရန်ကုန်မြို့အထိ ပဲ့တင်ရိုက်ခတ် ကျန်ရစ်စေလိုပါ။စီစဉ်ပေးတဲ့ တာဝန်ရှိသူ အသီးသီးကို နယ်သားတစ်ယောက်အနေနှင့် အထူး ကျေးဇူးတင်မိပါတယ်။

 

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular