Category: ကဗျာ

  • ရွာလေးဆီက ကဗျာပဲ့တင်သံ

    အခုတလော အလုပ်များတာနဲ့ တစ်လတစ်ခါတင်နေကျ ပိုစ့်လေတောင် မတင်ဖြစ်တော့ဘူး။ သ င်္ကြန်တုန်းက အစ်ကိုတစ်ယောက်ဆီက ရခဲ့တဲ့ တမာပင်ခွ ကဗျာစာအုပ်လေးထဲက ကဗျာလေးကိုဘဲ မျှဝေပေးချင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ အရင်က ကဗျာအနုပညာနဲ့ အလှမ်းဝေးတယ်လို့တောင် ပြောလို့ရပါတယ်။အခုကျွန်တော်အတွက်ကတော့ ကဗျာစာအုပ်တွေထဲမှာ ရည်စားဦးလို့ ခေါ်နိုင်မယ့် စာအုပ်လေးဖြစ်လာပါပြီ။ဘာဖြစ်လိုလဲဆို တော့ ဒီကဗျာစာအုပ်လေးကိုစဖတ်ပြီးမှ ကဗျာလေးတွေကို ခံစားနိုင်သွားလို့ပါ။ ခေတ်သစ်ငဘ ကမ္ဘာပေါ်မှာ မြန်မာပြည် တိုင်းထဲမှာ စစ်ကိုင်းတိုင်း မြို့နယ်ထဲမှာ ယင်းမာပင် ရွာထဲမှာ တမာပင်ခွ လူထဲမှာ မင်းအချောဆုံး အစ်ကိုဖုန်းရဲ့စကား မှတ်သားဖူးပါရဲ့။ ဆယ်တန်းလည်း မအောင်ဘူး နိုင်ငံရေးလည်း မလုပ်ဖူးဘူး ထောင်လည်း မကျဖူးဘူး ဆယ်တန်းမှမအောင်တာ ထောင်က ဘယ်လက်ခံမှာတုန်း။ ငယ်ငယ်တုန်းက နိုင်ငံရေး ဒို့အရေးလည်း လုပ်ဖူးတယ် ကားအလကားစီးပြီး မုံရွာဘုရားကြီးလည်း ဖူးရ ထမင်းထုပ်လည်း…

  • ယင်းမာပင်

    ယင်းမာပင်မြို့ ၊ စစ်ကိုင်းတိုင်း ။ မြန်မာနိုင်ငံအတွင်းမှာ ယင်းမာပင်ဆိုတဲ့ နာမည်တူနဲ့ မြို့နှစ်မြို့ ရှိပါတယ်၊ တစ်မြို့ကတော့ ကျွန်တော်ရဲ့ ဇာတိမြို့ဖြစ်တဲ့ အညာက ယင်းမာပင်မြို့လေးပါ။     ယင်းမာပင်မြို့၊ ယင်းမာပင်မြို့နယ်၊ မုံရွာခရိုင် ၊ စစ်ကိုင်းတိုင်း။ ယင်းမာပင်ကို သွားဖို့ တစ်လမ်းပဲ ရှိပါတယ်၊ ရန်ကုန် – မန္တလေး – မုံရွာ လမ်းပါ။ ယင်းမာပင်မြို့ဟာ မုံရွာမြို့ အနောက်ဖက် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကနေ (၁၇) မိုင်ခန့် ဆက်သွားရပါတယ်။ မုံရွာမြို့ ကနေ ယင်းမာပင်ကို သွားဖို့ ဆိုရင်တော့ ချင်းတွင်းမြစ်ကို ဇက်ကူးတို့နဲ့ ဖြတ်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်းကနေ တဆင့် သွားတဲ့လမ်းနဲ့ ချင်းတွင်းတံတားကနေ ဖြတ်ပြီး သွားတဲ့လမ်းဆိုပြီး လမ်းနှစ်ခု ရှိပါတယ်။…