Sunday, September 8, 2024
HomeYinmarbinယင်းမာပင်မြို့ ဆေ:ရုံသတင်း

ယင်းမာပင်မြို့ ဆေ:ရုံသတင်း

ယင်းမာပင်မြို့တွင် မြို့နယ်ဆရာဝန်ကြီးထံမှ ဆေးပစ္စည်းများလူနားများမှအဆမတန် ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြ
ချက်များကို တင်ပြလိုက်ရပါသည်။

ယင်းမာပင်မြို့နယ်ဦးထွန်းဝင်းသည် ဆေရုံတက်ရောက်နေသော လူနားများနှင့် ခွဲစိတ်မှု ပြုလုပ်မည့် လူနာများကို လိုအပ်သောဆေး
ဝါးများအား သူ၏နေအိမ်တွင်သာ ဝယ်စေပြီး အပြင်ဆေးဆိုင်များထက်သုံးဆခန့် ပေးဝယ်နေရသည်။သူအိမ်တွင်ဆေးမဝယ်သော
လူနာများနှင့် ဆေးမဝယ်ရန် မညွှန်းသောဝန်ထမ်းများအား အမျိုးမျိုး စိတ်အနှောက်အယှက် ပေးပါတော့သည်။ ရံဖန်ရံခါတွင်
မူးရစ်သောက်စားပြီး လူနားများအား ကြည့်ရှုခြင်း၊ ဆူပူအော်ဟစ်နေပါသည်။

မြိုနယ်ဆရာဝန်ကြီးဦးထွန်းဝင်းမှ ခွဲစိတ်ခန်း ပြုပြင်စရိတ်ဟုဆိုကာ ခွဲစိတ်လူနာများအား ငွေကျပ် (၄၀၀၀၀) နှင့် ဆေးရုံဆင်းသည်
အခါတွင် အလှူငွေ (၁၀၀၀၀) တောင်းခံသောလူနာများမှ တိုင်ကြားသောကြောင့်ဆေးရုံကြီးကြပ်ရေးကော်မတီ အစည်း အဝေးတွင်
အဆိုပါငွေကြေးများကောက်ခံခြင်း မပြုရန် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံကြီးကြပ်မှုကော်မတီမှ တားမြစ်ပြီးသည့်နောက်နေ့မှာပင်
ဆရာဝန်ကြီးထံမှ ရောင်းချသည့် ဆေးဖိုးသည် (၃)ဆခန့် ခုန်တက်သွားသည်ဟု ဒေသခံများမှ ပြောကြားသည်။

ဆရာဝန်ကြီး ဦးထွန်းဝင်းသည် ဒေသခံများ၏ မကျေနပ်မှုများကြောင့်မကြာခဏ အတိုင်ခံရသည့်အပြင် ပြည်တွင်းသတင်ဂျာနယ်နှင့်
အသံလွင့်ဌာနများမှ တဆင့် မကြာခဏတိုင်ကြားခံရသော်လည်း အရေးယူအပြစ်ပေးခံရခြင်းမရှိကြောင်း သိရပါသည်။

ယင်းအကြောင်းအရာများနှင့် မြို့နယ်ဆရာဝန်ကြီးထံ ကိုယ်တိုင်မေးမြန်ခဲ့သည်များကို ဆရာဝန်ကြီးဦးထွန်းဝင်းမှ  အခုလို အချိန်ပေးပြီး
ပြန်လည် ဖြေကြားခဲ့ပါသည်။

YMB။  ။Hello…ဆရာဦးထွန်းဝင်းနဲ့ပြောချင်လို့ပါ

ဆရာဦးထွန်းဝင်း။ ။ဟုတ်ကဲ့ ဆရာဦးထွန်းဝင်းကိုယ်တိုင်ပြောနေပါတယ်။

YMB။  ။ဟုတ်ကဲ့ ဆရာ။ ကျွန်တော်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေဆရာ။
ကျွန်တော်က ယင်းမာပင်မြို့က အဝေးရောက် ကျောင်းသားဟောင်းတစ်ယောက်ပါဆရာ။ အဝေးရောက်ကျောင်းသားဟောင်းတွေစုပြီး
အင်တာနက်မှာ ယင်းမာပင်ဆိုက်လေးလည်း လုပ်ထားပါတယ်ဆရာ။အခုယင်းမာပင်ဆေးရုံသတင်လေးမေးချင်လို့ပါဆရာ။ဆရာဆီမှာ
ဆေးပစ္စည်းတွေကို စျေးကြီးပေးပြီး ဝယ်နေရတယ်လို့ကြားသိရပါတယ်။ဆရာရဲ့ ထင်မြင်ချက်လေးကိုသိချင်လို့ပါဆရာ။

ဆရာဦးထွန်းဝင်း။ ။ကျွန်တော် အဲဒီလောက်ထိ မတင်ပါဘူး။(၁၀) ရာခိုင်နုန်းဘဲ
တင်တာပါ။ကျွန်တော်ကို ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့ သူတွေက ပြောကြတာပါ။ ကျွန်တော်လည်းသီးတင်းကျွတ်ပြီးရင် ပြောင်းဖို့
စဉ်းစားထားပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။အကောင်းလည်း မမြင်ဘူးဖြစ်နေတယ်။ကျွန်တော်တော်တော်များများ
အခြားမြို့ နယ်ဆရားဝန်များထက်စာရင် မြို့တိုးတက်အောင်၊ဆေးရုံတိုးတက်အောင် လည်း အတတ်နိုင်ဆုံး၊အစွမ်းဆောင်နိုင်ဆုံး၊
တိုးတက်အောင်လုပ်ခဲ့ပါတယ်။

YMB။  ။ဆရာကကျွန်တော်တို့နယ်သားလို့လည်း သိရပါတယ်။

ဆရာဦးထွန်းဝင်း။ ။ဟုတ်ပါတယ်။လက်တောင်းကြီးကျေးရွာကပါ။အမျိုးသမီးက
ယင်းမာပင်မြို့နယ်က ဆင်စွယ်သူလေ။ဒါနဲ့ အခုသတင်းတွေကို အင်တာနက်ပေါ်ရော တင်ပြီးပြီလား။

YMB။  ။အခုသတင်းကတော့ အတင်ရသေးဘူးဆရာ။အရင်တုန်းက ယင်းမာပင်မြို့နယ်
သတင်းမှန်သမျှကိုတော့ တင်ထားပါတယ်ဆရာ။

ဆရာဦးထွန်းဝင်း။ ။တကယ်လို့တင်မယ်ဆိုရင်တော့ အပြုသဘောနဲ့ တင်စေချင်တယ်။
ကျွန်တော်ကို ပြောလို့ပြောတာမဟုတ်ပါဘူး။ မတင်စေချင်လို့လည်း မဟုတ်ပါဘူး။ အခြားဌာနတွေလည်း ထိုနည်းလည်းကောင်းဘဲ။
ဝန်ထမ်းကမြို့မှာ မပျော်ဘူးဆိုလိုရှိရင် ဒီမြို့ဘဲနစ်နာမှာ။ ကျွန်တော်အမျိုးသမီးရဲ့မြို့ခံဖြစ်တဲ့အတွက် ခင်ဗျာတို့ဘက်ကလည်း ထိန်းလို့ရချင်
ထိန်းစေချင်တယ်။ ကျွန်တော် သဘောနဲ့ချည်း လုပ်နေတာမဟုတ်ပါဘူး။လစဉ် ဆေးရုံကြီးကြပ်ရေးကော်မတီနဲ့မြို့နယ်အုပ်ချုပ်ရေးမှုးတို့ကို
ညှိနှိုင်းတိုင်ပင်ပြီးမှ အလုပ်လုပ်နေတာပါ။ အစည်းအဝေးခေါ်တယ်။ဝန်ထမ်းတွေကိုလည်း ဖိတ်ပေးတယ်။ကျွန်တော်တို့မှာ အစည်းအဝေး
ဆုံးဖြတ်ချက်နဲ့ဘဲ အလုပ်လုပ်နေတာပါ။

ကျွန်တော်ကို မနာလိုတဲ့သူတွေ နည်းနည်းလေးရှိတယ်။နည်းနည်းလောက်မှားတာနဲ့တိုင်မယ့်လူတွေရှိတယ်။ကျွန်တော်ကတော့ ပြောင်းဖို့
ဆုံးဖြတ်ပြီးသားဘဲ။ဒါပေမဲ့အကောင်းဆုံးတော့လုပ်သွားမှာပါ။ကျွန်တော်အမျိုးသမီးရဲ့မြို့နယ်ဆိုတော့ကျွန်တော်မြို့နယ်ပါဘဲ။ဒီမြို့နယ်က
အတိုင်အတောထူးတယ်လို့ဆိုရင် နောက်ပိုင်း မဟုတ်တဲ့ ဝန်းထမ်းတွေရောက်လာရင်  ဒီမြို့နယ်ဘဲ နစ်နာမှာ။ကျွန်တော်ရှာတဲ့ အလှူငွေတွေ
ဆိုတာကလည်းဆေးရုံအတွက်ပါဘဲ။အခုဆိုဆေးရုံမှာ Sky-Net ၊ Air-con ဆင်ထားတယ်။ (၃၂)လက်မ TV ရောတပ်ဆင်ထားပါတယ်။

YMB။  ။ဟုတ်ပါတယ်ဆရာ။ကျွန်တော်တို့ငယ်ငယ်ကဆို ဘာမှ မရှိ သေးဘူးဆရာ။

ဆရာဦးထွန်းဝင်း။ ။ကျွန်တော်က လူနာတွေရဲ့ အလှုငွေနဲ့ ကောက်ပြီးဒါတွေ လုပ်ရတာပါ။
ဆေးရုံကြီးကြပ်ရေးကော်မတီနဲ့ကျွန်တော်က ဆေရုံလူနာတွေဆီကနေ မရမက အတိုက်အခံလုပ်ပြီး အလှုငွေကောက်ခံတာဆိုတော့ သူများတွေက
မုန်းကြရောဗျာ။ကောက်ခံလို့ရတဲ့ အလှူငွေကို ဆေးရုံကြီးကြပ်ရေးကော်မတီကို အပ်တယ်။ဆေးရုံကြီးကြပ်ရေးကော်မတီကနေ ဆေးရုံတိုးတက်အောင်
လုပ်တယ်။အလှုငွေမကောက်ဘူးဆိုလိုရှိရင် အရင် ဆေးရုံဆရာဝန်တွေလို ဆေးရုံက နဂိုဒီအတိုင်းဘဲ ဖြစ်နေမှာပါ။လူနာရှင်တွေက ကြည်ဖြူတယ်။

ဆေးရုံအတွက် ဆို နိုင်ငံတော်က (၅၀) ရာခိုင်နုန်း၊ ပြည်သူက (၅၀) ရာခိုင်နုန်းဆိုတော့ ပြည်သူတွေဆီက ရနိုင်တာ အလှူငွေဘဲရှိတာပါ။ကျွန်တော်ဘဲ
အလှူးခံပြီးကောက်နေတာပါ။တခြားဆေးရုံနဲ့ယှဉ်လိုက်ရင် ဒီမှာ တစ်သိန်းကုန်ရင် အခြားဆေးရုံတွေမျာ နှစ်သိန်း၊သုံးသိန်းလောက်ကုန်တယ်။

YMB။  ။ ဆရာလည်းအင်တာနက်သုံးဖြစ်လားမသိဘူး။သုံးဖြစ်တယ်ဆိုရင် ယင်းမာပင် ဆိုက်လေးကို
အလည်လာဖို့ ဖိတ်ခေါ်ပါတယ်ဆရာ။လိပ်စာက www.yinmarbin.org ပါဆရာ။

ဆရာဦးထွန်းဝင်း။ ။ကျွန်တော်လည်း အလုပ်နည်းနည်း များနေလို့အခုတလောတော့ မသုံးဖြစ်သေးဘူး။
အခုဘယ်လိုဖြစ်နေလဲဆိုတော့ တိုးတက်အောင်လုပ်နေတဲ့သူကို လုပ်တာကို မချီးမွမ်းဘူး။ကျေးဇူးမတင်ဘူး။ဥပမာအားဖြင့် အလုပ်တစ်ရာလောက်လုပ်တယ်။
ဒါပေမဲ့ အဲဒီထဲ က သုံးခုလောက်မှားမယ်။မှားတာလေးကို ဘဲ ပုံကြီးချဲ့ထောက်ပြပြီတော့ ကျန်တဲ့ ကောင်းတာလုပ်တာကို မမြင်တော့ဘူး။

ကျွန်တော်အကြောင်းကိုလည်း မြို့ထဲမှာလည်း စုံးစမ်းကြည့်လိုရပါတယ်။လူနာရှင်တွေက ကျွန်တော်ကိုကြည်ဖြူပါတယ်။နှစ်သောင်း၊တစ်သောင်း၊ငါးထောင်
ဒီအတိုင်း ကန်တော့တာလေးတွေတော့ ရှိတာပေါ့။ ကျွန်တော်အရင်လုပ်တဲ့ ဆရာဝန်တွေ ကျေးရွာတွေမှ မရောက်ဘဲ။ကျွန်တော်ဆို စိုင်းလျား၊ ပေါက်တိုက်၊
သမင်သတ်…ကျွန်တော်မရောက်တဲ ရွာဆိုတာမရှိသလောက်ပါဘဲ။

အမျိုးသမီးကလည်း ဆင်စွယ်ကဆိုတော့ ကပိုင်ဆို ခဏခဏဘဲရောက်ဖြစ်တယ်။အလောင်တော်ကဿပ ဆိုရင် ဝန်ကြီးခရီစဉ်အတွက် (၅)ခေါက်လောက်ကို
ရှိပြီ။ ခရီးစဉ်အတွက် ဘယ်လောက်ကုန်သလဲဆိုရင်(၈) သိန်းလောက်ကုန်တယ်။ အဲဒီငွေကို ကိုယ်ဟာကိုယ်ရှာရတာပါ။ကျန်းမာရေးဌာနမျာ ကျွန်တော်က
အကြီးဆုံးဆိုတော့ ဒီငွေကို ခေါင်းခံပြီး ရှာရတာပေါ့ဗျာ။တိုက်နယ်ဆေ:ရုံဖွင့်တာတို့၊ ခွဲစိတ်ဆောင်လုပ်တာတို့ပြင်တာတို့၊စာရွက်စာတမ်းကြေးနဲ့ဆို သိန်းကဏန်း
လောက်ရှိတယ်။ ကုန်ကျစရိတ်ငွေရှာတာကို တစ်ချို့တွေကကျွန်တော် အိတ်ကပ်ထဲထည့်တယ်လို့ထင်ကြတာ။နောက်ဆုံးပြောချင်တာက သတင်းကို အတတ်နိုင်ဆုံး၊
အကောင်းဆုံးအပြုသဘောနဲ့ လုပ်စေချင်တယ်။

ကျွန်တော်တို့ အင်တာဗျူးလေးကို ဒီမှာနားလိုက်ပါတော့တယ်။

RELATED ARTICLES

1 COMMENT

  1. ယုံပေါင် တစ်ခါခွဲရင် ၅ဝဝဝဝ
    (ငါးသောင်း)ဆိုတာ လူနာတိုင်း
    သိတယ်။ဆရာဝန်ကြီးကို အကြံ
    ပေးပါရစေ.. လူနာဆိုတာ ဆရာ
    ဝန်တစ်ယောက်ရဲ့အားပေးစကား
    ကြောင့်ရောဂါတစ်ဝက်ပျောက်ရ
    သူတွေပါ ။ ဒါ့ကြောင့်မကုနိုင်ရင်
    နေ အဲ..မဟောက်ပါနဲ့လို့။
    မေတတာရပ်ခံပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular