Monday, September 16, 2024
HomeYinmarbinမြို့‌လေး‌ပေါ်က အရာထင်သမျှ

မြို့‌လေး‌ပေါ်က အရာထင်သမျှ

ကြာ‌တော့ ကြာသွားပါပြီ၊ “ရယ်ရငိုရတဲ့ ‌ကောင်‌တွေ” ကဗျာကို ကျွန်‌တော် ‌ရေးပြီးကာစ အချိန်‌လောက်ကပါ။ အဲဒီတုန်းက ‌ကျော်ခိုင် ယင်းမာပင်ကို ပြန်သွားပြီး ကျွန်‌တော်က‌တော့ အ‌ကြောင်း‌ကြောင်း‌ကြောင့် မပြန်နိုင်ဘဲ ကျန်ခဲ့ပါတယ်။ ‌ကျော်ခိုင်က ယင်းမာပင်‌ရောက်တာနဲ့ ဖုန်းဆက်ပြီး ဝမ်းသာအားရ ‌ပြော‌တော့တာပါပဲ။ [အဲဒီအ‌ကြောင်းကို ဒီ‌နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။] ကျွန်‌တော် အခုလို အစပျိုး‌နေတာက ကွန်‌တော် ယင်းမာပင်မြို့ကို မပြန်ဖြစ်တဲ့ အ‌ကြောင်းကို ‌ပြောဖို့မဟုတ်ပါဘူး။ ‌ကျော်ခိုင် ဖုန်းဆက် ‌ပြောပြခဲ့တဲ့ ကိုဟိန်းနဲ့ ကိုထွန်းတို့ ပါဝင်‌သော လူငယ်ပရဟိတ အဖွဲ့‌လေး အ‌ကြောင်း ‌ပြောပြချင်လို့ပါ။

‌ကျော်ခိုင်ပြန်သွားပြီး (၈)လ ‌လောက်ကြာမှာ ယင်းမာပင်ကို ကျွန်‌တော် ပြန်‌ရောက်ဖြစ်‌တော့သည်။ ကိုဟိန်းနဲ့‌တော့ မ‌တွေ့၊ ကိုထွန်းနဲ့သာ ‌တွေ့ခဲ့ရသည်။ သူတို့ ပရဟိတ အဖွဲ့‌လေး အ‌ကြောင်း ‌မေးကြည့်‌တော့ လူမှုကူညီ‌ရေးအဖွဲ့သက်သက်သာ ဖြစ်သည်ဟူ‌သော အ‌ဖြေကိုသာ ရရှိခဲ့သည်။ “အဖွဲ့နာမည် မရှိဘူးလား၊ ကိုထွန်း…” ဆို‌တော့ “မရှိပါဘူးကွာ၊ အမည်‌တွေ တပ်မ‌နေ‌တော့ပါဘူး။ အကူအညီလိုအပ်‌နေတဲ့ သူ‌တွေကို ကူညီနိုင်ရင် ပြီးတာပါပဲ” တဲ့။ ကိုထွန်းရဲ့ အ‌ဖြေကို ကျွန်‌တော် သိပ်‌တော့ ဘဝင်မကျလှ‌ပေမယ့် ဘာမှ‌တော့ မ‌ပြောဖြစ်ခဲ့ပါ။ ဘာပဲ‌ပြော‌ပြော သူတို့မှာ Idenity ‌လေးတစ်ခု‌တော့ ကိုယ်ပိုင် ရှိ‌နေ‌စေချင်ပါသည်။ ဒါ‌ပေမယ့် …. အမည် မရှိခဲ့‌သော်လည်း သူတို့ အဖွဲ့ရဲ့ လုပ်‌ဆောင်မှု‌တွေက ‌တော်‌တော်‌လေး အား‌ကောင်းလာခဲ့ပါသည်။ အကူအညီ လိုအပ်‌နေတဲ့ သူ‌တွေကလည်း လာ‌ရောက် ဆက်သွယ် ကြသလို လှူဒါန်းချင်သူ‌တွေကလည်း ဆက်သွယ်‌နေကြပါပြီ။ ယင်းမာပင်မှာ ရှိတဲ့ သူ‌တွေ အ‌တော်များများ ကလည်း သူတို့ အဖွဲ့‌လေးထဲမှာ ကိုယ်နိုင်သ‌လောက် ‌ငွေ‌ကြေးကို လစဉ်လှူဒါန်း ‌နေကြပါပြီ။

ဒီလိုနဲ့ ယင်းမာပင်က‌နေ ကျွန်‌တော် ပြန်လာခဲ့ပါတယ်၊ သူတို့အဖွဲ့ရဲ့ လုပ်‌ဆောင်မှု‌တွေ ‌ကောင်း‌နေ‌ပေမယ့် နာမည်မရှိတဲ့ ကိစ္စက ကျွန်‌တော်အတွက်‌တော့ ‌တော်‌တော် ကသိက‌အောက် ဖြစ်စရာ ပြသနာ အဖြစ် ရှိ‌နေဆဲပါပဲ။ သူတို့ အ‌ကြောင်းကို ယင်းမာပင်ဆိုဒ်မှာ ‌ရေးတင်ဖို့ကို ဘယ်လို ‌ခေါင်းစဉ်တပ်ရမလဲသာ ဦး‌နှောက်စား‌နေ မိ‌တော့သည်။ ကံမ‌ကောင်းစွာပင် သူတို့ အ‌ကြောင်း မ‌ရေးတင်နိုင်ခင် ရှမ်းပြည်နယ်သို့ ကျွန်‌တော် ‌ပြောင်း‌ရွေ့ရ‌တော့ ပိုဆိုးသွား ‌တော့သည်။ ကျွန်‌တော် တာဝန်ကျ‌သော မြို့မှာ အင်တာနက် မရ၊ ဒီ‌တော့ အားလုံးနှင့် အဆက်အသွယ် ပြတ်သွား‌တော့သည်။
အခု ‌နောက်တစ်ကြိမ် ယင်းမာပင်မြို့ကို ကျွန်‌တော်တစ်‌ခေါက် ပြန်နိုင်ခဲ့ပါပြီ၊ သူတို့ရဲ့ လူငယ်ပရဟိတ အဖွဲ့ရဲ့ အ‌ခြေအ‌နေက ဘယ်လိုလဲ…၊ စိမ်းလန်းသစ်ပင် စာကြည့်တိုက်‌လေး‌ကော ဘယ်လိုလဲ…။ ‌မေးခွန်း‌တွေ အများကြီးနဲ့ ကျွန်‌တော် ပြန်ဖြစ်ခဲ့ပါတယ်။ တစ်ခါက ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီး အလင်းနစ် ‌ရေးခဲ့ဖူးတဲ့ သီချင်းထဲက စာသားအချို့ကိုသာ သတိသွားရ‌နေမိပါ‌တော့တယ်…။
“ဘာမှ မ‌ပြောင်း‌သေးဘူး…. အရင်အတိုင်းပဲ… ။ မြို့‌လေးလည်း …. ပုံမှန်ကတည်ရှိဆဲ….”

ကျွန်‌တော့် ဇာတိမြို့‌လေးက‌တော့ အရင်အတိုင်းပါပဲ…။ ကိုဟိန်းနဲ့ ကိုထွန်းတို့ ရဲ့ လူငယ် ပရဟိတ အဖွဲ့‌လေးလည်း အမည်မဲ့‌နေဆဲပင်….၊ စိမ်းလန်းသစ်ပင် စာကြည့်တိုက်‌လေးက‌ရော… အရင်အတိုင်းပါပဲ… ။ ‌ပြောင်းလဲသွားတာ ဆိုလို့ ဘီယာဆိုင်နဲ့ လက်ဖက်ရည်ဆိုင်‌တွေ တိုးလာတာပဲ ရှိမည်။ အစွံထုတ်သွား ကြ‌သော သူငယ်ချင်းအချို့သာ ရှိမည်။ ကျန်တာ‌တွေက‌တော့ ဘာမှ မ‌ပြောင်းလဲပါ။ တစ်ခု‌တော့ ရှိသည်၊ ဂီရိ မုန်တိုင်း အဖျားခတ် ခံလိုက်ရလို့ ပုန်း‌ချောင်း ‌ရေ‌တွေတက်ပြီး ‌ရေစားခံလိုက်ရတဲ့ သံတံတားကြီး ‌အောက်က အုတ်‌ဘောင်‌တွေနဲ့ ‌ချောင်းနံရံ‌တွေကို ‌ကျောက်‌ဘောင်‌တွေ ပြန်စီပြီး ပြုပြင်‌နေကြပြီ။ ယခင်က ထ‌နောင်းပင်အိုကြီး ရှိ‌နေသည့် ‌နေရာကို ‌ကျောက်ခဲ‌ဘောင်‌တွေနဲ့ ပြန်စီပြီး ကာ‌နေရ‌လေပြီ။ ကျွန်‌တော်က‌တော့ အဲဒီ ထ‌နောင်းပင်အိုကြီးအတွက် ‌တော်‌တော်‌လေး နှ‌မြောမိတာ‌ကြောင့် “သက်‌သေ ‌ပျောက်ဆုံးခြင်း” ဆိုတဲ့ ကဗျာ‌လေးကို ‌ရေးခဲ့ဖူးပါတယ်။ ထားပါ‌တော့ဗျာ… အဲဒါက Personal ‌တွေမို့ ….

ဒီတစ်‌ခေါက်မှာ‌တော့ ကိုဟိန်းကိုပါ ‌တွေ့ခဲ့ရသလို ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီး စု‌ဆောင်းမိတာ‌လေး‌တွေ ကိုလည်း အချင်းချင်း ဖလှယ်ဖြစ်ခဲ့ ပါတယ်။ သူ့ဆီက‌နေလည်း ကျွန်‌တော် လိုချင်တဲ့ အ‌မေ‌ရေရင် နတ်ပွဲက ပုံ‌တွေရယ်၊ ‌ရွှေဆံရှင် တံတားနဲ့ ပတ်သက်တာ‌လေး‌တွေ အ‌တော်များများရယ် ကိုလည်း ရရှိခဲ့ပါတယ်။ ‌နောက်.. သူတို့အဖွဲ့‌လေးရဲ့ အ‌ခြေအ‌နေကိုလည်း ‌သေချာ သိခွင့်ရခဲ့ပါတယ်။ သူတို့ ဖြစ်ချင်တဲ့ မည်သည့်အ‌ရောင်မျှ မစွန်းထင်း‌သော အဖြူသက်သက် NGO တစ်ခု လည်း ဖြစ်နိုင်ပါ‌စေလို့ ဆန္ဒပြုမိပါတယ်။ ကျွန်‌တော် ဘဝင်မကျခဲ့တဲ့ အမည်မရှိခြင်းက သူတို့အတွက် အခု‌လော‌လောဆယ်မှာ အ‌ရေးကြီးတဲ့ ပြဿနာ တစ်ခု ဖြစ်လာပါပြီ။ အ‌သေးစိတ်ကို‌တော့ Wikileaks ဖြစ်‌နေမှာမို့ မ‌ပြောချင်‌တော့ပါဘူး။

‌လော‌လောဆယ်မှာ‌တော့ ကိုဟိန်းတို့ အဖွဲ့အ‌နေနဲ့ လူနာတင်တွန်းလှည်း (၁) စီးရယ်၊ ‌အောက်ဆီဂျင် (၁)ဗူးရယ် ထပ်ပြီး ဝယ်နိုင်‌အောင် ကြိုးစား‌နေကြပါတယ်။ အလှူရှင် အချို့ကိုလည်း ရ‌နေပြီလို့ သိရပါတယ်။ တရားဝင် NGO တစ်ခု ဖြစ်‌အောင် လုပ်ဖို့ကိုလည်း သူတို့‌တွေ ‌ခေါင်းချင်းရိုက်‌နေကြ‌လေရဲ့…။

စိမ်းလန်းသစ်ပင် စာကြည့်တိုက်‌လေးအတွက်‌တော့ ‌သွေးသစ်‌လောင်း‌ရေး အစည်းအ‌ဝေး‌လေး တစ်ခုကို ရပ်မိရပ်ဖ၊ မိဘလူကြီးများနဲ့ ကျင်းပပြီး တကယ်လုပ်‌ဆောင်နိုင်မယ့် အဖွဲ့ဝင်အသစ်အချို့နဲ့ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ၂၀၀ဝ ခုနှစ်‌အောင် ‌ကျောင်းသား/သူ ‌တွေ အ‌နေနဲ့လည်း လစဉ် နှစ်‌သောင်းကျပ်ကို လှူဒါန်းသွားနိုင်‌အောင် စီစဉ်ခဲ့ကြပါတယ်။ လက်ရှိမှာ‌တော့ မြို့‌ပေါ်မှာ ရှိတဲ့သူ‌တွေနဲ့သာ စုစည်းရတာမို့ ‌နောက်ပိုင်းမှာ ဒီထက်ပိုပြီး ထည့်ဝင်လှူဒါန်းသွားနိုင်မယ်လို့ ‌မျှော်မှန်း ရပါတယ်။ ‌နောက်ဆက်တွဲ အစီအစဉ်က‌တော့ စိမ်းလန်းသစ်ပင် စာကြည့်တိုက်‌လေးဟာ ယခု လက်ရှိ ‌ဇောတိကရာမ ဘုန်းကြီး‌ကျောင်းတိုက်ထဲက‌နေ အချက်အချာကြမယ့် ‌နေရာတစ်ခုကို ‌ပြောင်း‌ရွေ့ဖို့ပါ။ အဲဒါက‌တော့ တိတိကျကျ မသိရ‌သေးပါဘူး၊ ဒါ‌ပေမယ့် ‌နေ‌ရော‌ပြောင်းဖြစ်ဖို့က‌တော့ ‌သေချာသ‌လောက် ရှိ‌နေပါပြီ။

‌နောက်တစ်ခုက‌တော့ ၁၉၉၀ ‌အောင် ‌ကျောင်းသား/သူ ‌ဟောင်းများရဲ့ “မြတ်ဆရာ” ဆရာကန့်‌တော့ပွဲပါ။ ယင်းမာပင်မြို့ရဲ့ ပထမမျိုးဆက်လို့ ကျွန်‌တော် ယူဆမိတဲ့ ‌နောင်‌တော်များရဲ့ ဆရာကန့်‌တော့ပွဲအတွက် လှုပ်ရှားမှု‌တွေကိုလည်း ‌တွေ့မြင်ခဲ့ရပါတယ်။ စာ‌ပေ‌ဟော‌ပြောပွဲ ထည့်မယ်လို့လည်း အကြမ်းဖျင်း သိရပါတယ်၊ ဒါ‌ပေမယ့် သိပ်‌တော့ မ‌သေချာလှပါဘူး။ ကန့်‌တော့ခံ ဆရာ/မ များ စာရင်းကို‌တော့ အ‌ယောက်(၇၀) နီးပါး‌လောက် ရှိတယ်လို့ သိရပါတယ်။ ဒါ‌ပေမယ့် မကြာခင်ကပဲ ကျွန်‌တော် ရရှိထားတဲ့ စာရင်းမှာ‌တော့ (၅၉) ‌ယောက်သာ ရှိပြီး ‌အောက်မှာ ‌ဖော်ပြလိုက်ပါတယ်-
၁။ ဦးသန်း‌ဆွေ
၂။ ဦးဝင်းကြည်
၃။ ‌ဒေါ်ခင်‌ဆွေမြင့်
၄။ ဦး‌ကျော်‌မောင်
၅။ ဦးမြင့်သန်း
၆။ ‌ဒေါ်ဦး
၇။ ‌ဒေါ်လှလှ
၈။ ‌ဒေါ်ခင်‌လေးမြင့်
၉။ ‌ဒေါ်အမာ
၁၀။ ဦးချစ်‌ဝေ
၁၁။ ဦးမြင့်‌ငွေ
၁၂။ ဦး‌မောင်‌မောင်
၁၃။ ဦး‌ငွေတိုး
၁၄။ ‌ဒေါ်ဝင်းတင်
၁၅။ ‌ဒေါ်စန်းစန်းဦး
၁၆။ ‌ဒေါ်သန်းသန်းနွယ်
၁၇။ ‌ဒေါ်ခင်စန်းဝင်း
၁၈။ ဦးသန်းစိန်
၁၉။ ဦးမြင့်
၂၀။ ဦး‌အောင်ရီ
၂၁။ ဦးကျင်
၂၂။ ဦး‌ကျော်‌ဌေး
၂၃။ ဦးလှ‌ဆောင်
၂၄။ ဦးညွန့်‌မောင်
၂၅။ ဦးမြင့်
၂၆။ ‌ဒေါ်‌အေးကြင်
၂၇။ ‌ဒေါ်‌ဌေးတင်
၂၈။ ‌ဒေါ်တင်မြိုင်
၂၉။ ‌ဒေါ်မြင့်မြင့်ကြည့်
၃၀။ ‌ဒေါ်‌အေးမိစံ
၃၁။ ‌ဒေါ်အမာကြည်‌လေး
၃၂။ ‌ဒေါ်သင်းသင်း‌ဆွေ
၃၃။ ဦးဝင်း‌ရွှေ
၃၄။ ‌ဒေါ်မြင့်မြင့်
၃၅။ ‌ဒေါ်လုခ‌ရေးရှား
၃၆။ ‌ဒေါ်ခင်‌ရေး
၃၇။ ဦးထိန်ဝင်း
၃၈။ ဦးမျိုးသန့်
၃၉။ ‌ဒေါ်‌လေး‌လေးနိုင်

(အ.လ.ပြ)
၄၀။ ဦးစံဖဲ
၄၁။ ဦး‌ဌေး
၄၂။ ဦးသန်းထွန်း
၄၃။ ဦးခင်‌မောင်ကြီး
၄၄။ ဦး‌အောင်နိုင်
၄၅။ ‌ဒေါ်သန်းစိန်
၄၆။ ‌ဒေါ်တင်တင်ဝင်း
၄၇။ ‌ဒေါ်အမာကြည်ကြီး
၄၈။ ‌ဒေါ်နန်း‌စောသင်း
၄၉။ ‌ဒေါ်ခင်ဝင်းနု
၅၀။ ‌ဒေါ်ခင်မမဝင်း

(အ.မ.က)
၅၁။ ဦးဘ‌ကျော်
၅၂။ ဦးလှထွန်း
၅၃။ ‌ဒေါ်စန်းကြည်
၅၄။ ‌ဒေါ်လှလှ (ဘုတလင်)
၅၅။ ‌ဒေါ်‌အေးမြိုင်
၅၆။ ‌ဒေါ်ခင်ပြုံးရည်
၅၇။ ဦး‌အောင်ဗိုလ်မင်း
၅၈။ ‌ဒေါ်သိန်းတင်
၅၉။ ‌ဒေါ်လှလှ

ဆရာ/မ အချို့ကို ကျွန်‌တော့်အ‌နေနဲ့ မမီလိုက်တာ‌ကြောင့် နာမည်အမှားကို ရိုက်မိရင်‌တော့ ခွင့်လွှတ်‌ပေးဖို့ ‌တောင်းပန်ပါရ‌စေ။ ပြည်တွင်းမှာဆိုရင်‌တော့ မြန်မာ့အလင်းသတင်းစာ၊ ရတနာပုံ သတင်းစာ‌တွေမှာပါ ဒီ ဆရာကန်‌တော့ပွဲ သတင်းကို ဖတ်ရှုနိုင်ပါလိမ့်မယ်။ ပထမတင်လိုက် တုန်းက ဆရာ/မ ကိုး‌ယောက် ကျန်သွားတယ်၊ နည်းနည်း ‌လောသွားလို့ . . .

Via: http://daywalkerdiary.blogspot.com/2011/10/blog-post.html

RELATED ARTICLES

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular