Sunday, September 8, 2024
Homeကဗျာယင်းမာပင်

ယင်းမာပင်

ယင်းမာပင်မြို့ ၊ စစ်ကိုင်းတိုင်း ။

မြန်မာနိုင်ငံအတွင်းမှာ ယင်းမာပင်ဆိုတဲ့ နာမည်တူနဲ့ မြို့နှစ်မြို့ ရှိပါတယ်၊ တစ်မြို့ကတော့ ကျွန်တော်ရဲ့ ဇာတိမြို့ဖြစ်တဲ့ အညာက ယင်းမာပင်မြို့လေးပါ။     ယင်းမာပင်မြို့၊ ယင်းမာပင်မြို့နယ်၊ မုံရွာခရိုင် ၊ စစ်ကိုင်းတိုင်း။

ယင်းမာပင်ကို သွားဖို့ တစ်လမ်းပဲ ရှိပါတယ်၊ ရန်ကုန် – မန္တလေး – မုံရွာ လမ်းပါ။ ယင်းမာပင်မြို့ဟာ မုံရွာမြို့ အနောက်ဖက် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကနေ (၁၇) မိုင်ခန့် ဆက်သွားရပါတယ်။ မုံရွာမြို့ ကနေ ယင်းမာပင်ကို သွားဖို့ ဆိုရင်တော့ ချင်းတွင်းမြစ်ကို ဇက်ကူးတို့နဲ့ ဖြတ်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်းကနေ တဆင့် သွားတဲ့လမ်းနဲ့ ချင်းတွင်းတံတားကနေ ဖြတ်ပြီး သွားတဲ့လမ်းဆိုပြီး လမ်းနှစ်ခု ရှိပါတယ်။ အညာမြို့လေး ဖြစ်တဲ့အတွက် ရာသီဥတုဟာ ခြောက်သွေ့ပါတယ်၊ အခြား အညာဒေသ တွေထက်စာရင် ရေပေါတယ်လို့ ပြောနိုင်ပါတယ်။

ယင်းမာပင်မြို့ ၊ ရှမ်းပြည်နယ် ။

နောက်တစ်မြို့ ကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ မြို့ပါ။ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားဖို့ လမ်း (၃) လမ်း ရှိပါတယ် – ပထမ (၁) လမ်းက ရေဆင်း-ပင်လောင်း လမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လမ်းကို ပိတ် ထားပါတယ်။ ဒုတိယ လမ်းကတော့ ပျော်ဘွယ်-ယင်းမာပင် လမ်း ဖြစ်ပါတယ်။ ဒီလမ်းကတော့ ဖြတ်လမ်းပါ။ တတိယလမ်း ဖြစ်တဲ့ သာစည်-ကလော လမ်းကို ပေါက်ပြီး တောင်ကြီးကို တိုက်ရိုက် သွားလို့ရပါတယ်။ အရင်တုန်းကတော့ ကလော နဲ့ တောင်ကြီးကို သွားဖို့ တစ်ခုတည်းသော လမ်းဟာ သာစည် – ကလော လမ်း ဖြစ်ပါတယ်။
အခု ဒုတိယ လမ်းကတော့ ပရံကစု မှာ သာစည်က လာတဲ့ လမ်းနဲ့ သွားဆုံပါတယ်။ ရှမ်းပြည်နယ် ယင်းမာပင်မြို့ရဲ့ ရာသီဥတုဟာ အညာက ယင်းမာပင်မြို့နဲ့ ဆန်ကျင်ဘက်ပါ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ထဲကို ဝင်သွားတဲ့ အတွက် အေးပါတယ်။

မြို့ကလေးရဲ မြကန်သာ

ယင်းမာပင်မြို့ရဲ့ မြို့၀င်ရှု့ခင်းထက် မြို့ထွက်ရှု့ခင်းက ပိုပြီးဆွဲဆောင်အား ကောင်းပါတယ်။ အခုနောက်ပိုင်း ဖွင့်လှစ်လိုက်တဲ့ အမျိုးသမီးအိမ်တွင်းမှု့ ကျောင်းကလည်း မြို့အထွက် နားမှာ ဆိုတော့ လှပြီးသား မြို့ထွက် ရှု့ခင်းလေးနဲ့ ပိုပြီး ပနံရသွား သလိုပါပဲ။ ( ဒီကျောင်း နေရာက အရင် စက်မှု့လယ်ယာ ရုံး၀င်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီးတွေ နေရာ မှာပါ…. )

ထို အိမ်တွင်းမှု့ကျောင်းနဲ့တစ်ဆက်တည်း မြို့အထွက်ဖက် လမ်းဘယ်ညာမှာ ယိမ်းထိုးကွေ့ကောက် နေတဲ့ တမာပင်တန်းလေးဟာ ကြည့်လို့ အလွန်လှတဲ့ နေရာလေး ဖြစ်နေပါတယ်။ ဒါ…. ယင်းမာပင်လို့ ပြောရမယ့် နေရာလေးလည်း ဖြစ်နိုင်ပါတယ်… (ကျွန်တော့် အမြင်ပါ….) ။ ပြီးတော့ နောင်တစ်ချိန်မှာ အဲဒီ ပတ်၀န်းကျင် နေရာလေးဟာ စည်ကားမှု့ အတန်အသင့် ရှိလာနိုင်ပါတယ်။အဲဒီနေရာလေး ကနေ  မြောက်ဖက် (မြို့အထွက် ဖက်) ကို ဆက်သွားလိုက်မယ် ဆိုရင် ယင်းမာပင်မြို့ထွက် ဆိုင်းဘုတ်လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဆိုင်းဘုတ်လေး ကနေ အရှေ့ဖက် (ဘယ်ဖက်) ကို ကွေ့လိုက်မယ် ဆိုရင် R.1 ဆိုတဲ့ ရေကန်ဆီ သွားရာ ယူကလစ်ပင်တွေ ဘယ်ညာ တန်းစီ စိုက်ပျိုးထားတဲ့ မြေနီလမ်းလေးကို တွေ့ရမှာပါ။ R.1 ရေကန်ဟာ ယင်းမာပင် မြို့နယ်ရှိ (၉၉)ကန် လို့ ခေါ်တဲ့ ရေကန်တွေ အားလုံးထဲမှာ ဟစ်အဖြစ်ဆုံး ရေကန်လို့ ပြောနိုင်ပါတယ်။ ယင်းမာပင် မြို့ကို လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေကို လိုက်ပို့လေ့ ရှိတဲ့ နေရာတွေ ထဲက တစ်ခုပေါ့ …… ။ R.1 ရေကန်ဆီသွားရာ မြေနီလမ်းနဲ့ ဘေးဘယ်ညာက ယူကလစ်ပင်တန်းတွေဟာ မြင်ရသူတိုင်းကို ဆွဲဆောင်စည်းရုံးဖို့ အမြဲ အသင့် ရှိနေတတ်ပါတယ်။ ဖြူဖွေးနေတဲ့ ပင်စည်နဲ့ ယူကလစ်ပင် ရှည်ရှည်တွေဟာ တစ်ခုခုကို သတိရစေ သ
လိုပါပဲ … ။

တကယ်လို့ သင်ကိုယ်တိုင် အဲဒီမြေနီလမ်းလေးပေါ်မှာ ဖြတ်လျှောက်ဖြစ်ခဲ့မယ် ဆိုရင်တော့ ယူကလစ် ပင်စည်တွေ ပေါ်က ကွန်ပါဒေါက်/ဓါး တို့နဲ့ ရေးခြစ်ထားတဲ့ ခံစားချက် စာတန်းအချို့ကို သတိပြုမိ သွားပါလိမ့်မယ်။ တစ်ချို့ကျောင်းသား စုံတွဲ၊ ချစ်သူတွေ အတွက် ဒီနေရာလေးဟာ ဆုံမှတ် ဖြစ်ခဲ့ကြပြီး ဒီနေရာလေးမှာပဲ လမ်းခွဲခဲ့ ကြရပုံပေါ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ “ယူကလစ်စာ” တွေက သက်သေ ပြနေလို့ ပါပဲ။ (တက္ကသိုလ် ကျောင်းတွေမှာ သစ်ပုတ်ပင်ကြီး ကို အသိသက်သေ ထားပြီး ကွန်ပါဒေါက်/ဓါး တွေနဲ့ ပင်စည်ပေါ်မှာ စာရေးကြ သလိုပေါ့)။ကျွန်တော်ကတော့ အိမ်တစ်ခေါက် ပြန်တိုင်း အဲဒီနေရာလေးကို အနည်းဆုံး တစ်ခေါက်တော့ ရောက်ဖြစ် ပါတယ်။ ဆယ်တန်း ကျောင်းသား/သူ တွေလို့ ခန့်မှန်းရတဲ့ “ယူကလစ်စာ” ရေးသူ တွေရဲ့ ဘ၀၊ အချစ်၊ ရည်မှန်းချက် စတဲ့ ခံစားချက် လေးတွေကို ယူကလစ် ပင်စည် တွေပေါ်မှာ လျှောက်ဖတ်ရတာ …. တစ်ခါတစ်လေ ရယ်စရာလိုလို ….၊ ချီးကျူးချင်စရာ လိုလို …၊ လေးစားချင်စရာ လိုလို …. ပါပဲ ။

ဘာပဲ ဖြစ်ဖြစ်ပါ၊ R.1 ရေကန်လေးဟာ “ပုဂံခေတ်ရဲ့ မြကန်သာ” မဟုတ်ပေမယ့်လည်း ယခုခေတ် “ယင်းမာပင် မြို့ကလေးရဲ့ မြကန်သာ” လေးပါ…။ အခွင့်သင့်ရင် အလည်လာခဲ့ ဖို့လည်း တစ်ခါတည်း ဖိတ်ခေါ် လိုက်ပါရစေဗျာ …. “ယူကလစ်စာ” တွေ ဖတ်ကြတာပေါ့ ….. ။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular