Sunday, September 8, 2024
HomeYinmarbinစာကြည့် တိုက်

စာကြည့် တိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ရွာသာကျေးရွာ  သုတရောင်ခြည်  စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို   ဇွန်၂၄ရက် နံနက်ပိုင်းတွင် အဆိုပါစာကြည့်တိုက်၌ ကျင်းပရာ  ပြည်သူ့လွတ်တော် အားကစား၊  ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး  ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ သူရဦးအေးမြင့် ၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် စာကြည့် တိုက်ကော်မတီဥက္ကဋ ဦးကံလှိုင်တို့က သုတရောင်ခြည်စာကြည့်တိုက်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နတ်ကြီးကျေးရွာ မြသွေးရွေရည်စာကြည့် တိုက်သစ်ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ     တိုင်းဒေသကြီးလွတ်တော် ဥက္ကဋဦးသင်းလှိုင်၊တိုင်းဒေသကြီး  လွတ်တော်ကိုယ်စားလှယ် ဦးဇေယျနှင့် အလှူရှင်ဦးတင်ငွေတို့က စာကြည့် တိုက်သစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋဦးသိန်းစိုးက စာကြည့်တိုက် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးသာအေးထံ  အလှူရှင်ဦးတင်ငွေကစာကြည့်တိုက် တည်ဆောက်မှုကုန်ကျငွေ ကျပ်သိန်း ၁၈ဝ ကို ပေးအပ်လှူဒါန်းသည်။

ထို့နောက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ     ခုံရုံးဥက္ကဋဦးသိန်းစိုး၊ ပြည်သူ့လွတ်တော်ကော်မတီဥက္ကဋ သူရဦးအေးမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးတို့က စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များ၊ဂျာနယ်/စာစောင်များပေးအပ်ကာ စာကြည့်တိုက်အတွင်း  ကြည့် ရှု စစ်ဆေး ကြသည်။ ဆက်လက်၍   နတ်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဝန်ထမ်းအိမ်ရာကို   ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက်   နတ်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)သီရိမွန်နှစ်ထပ်   ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ၊ ပြည်သူ့လွတ်တော်ကော်မတီဥက္ကဋ၊     တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုတရားလွတ်တော်ချုပ်တရားသူကြီး ဦးသာဌေးနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးကြပြီး အမွေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

အမှာစကားပြောကြား

ထို့နောက်  ကျောင်းဆောင်သစ်အတွက် အလှူငွေပေးအပ်ပွဲနှင့် ဝန်ထမ်းအိမ်ရာလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ၊    ပြည်သူ့လွတ်တော်ကော်မတီဥက္ကဋ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကြသည်။ ယင်းနောက် အလှူရှင်များက အလှူငွေများပေးအပ်ကြပြီး ပြည်သူ့လွတ်တော်ကော်မတီဥက္ကဋ   သူရဦးအေးမြင့်က ကျောင်း(ခွဲ)အတွက်  ဘိလပ်မြေအိတ်(၂ဝဝ)နှင့်   အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                      (သတင်းစဉ်)

RELATED ARTICLES

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular