Monday, September 16, 2024
HomeYinmarbinမုံရွာမှ ကလေးသို့ မီးရထားလမ်း ဖောက်မည်

မုံရွာမှ ကလေးသို့ မီးရထားလမ်း ဖောက်မည်

မုံရွာမြို့မှနေ၍ ကလေးမြို့သို့ မီးရထားလမ်းသစ် စီမံကိန်းတစ်ခုကို မကြာမီ စတင် ဖောက်လုပ်တော့မည် ဟု သိရသည်။ အဆိုပါ မီးရထားလမ်းဟာ မုံရွာ − ယာကြီး − ကလေးဝ − ကလေး မီးရထားလမ်းပိုင်း ဖြစ်ပြီး ရထားလမ်းအရှည် (၁၃၅) မိုင်ရှိကာ ချင်းတွင်းမြစ်ကူးတံတား အပါအဝင် တံတား အစင်းပေါင်း (၆၇၅) စင်း တည်ဆောက် ဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီ မီးရထားလမ်းကို ကနီမြို့နယ်၊ ယားကြီးချောင်၊ ဆည်ရွာချောင်၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင် စတဲ့ ရွာပေါင်း (၆၀) ကျော်နဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဒေသများသို့ အဓိကသွားလာ အသုံးပြုနိုင်မယ့် မီးရထားလမ်း ဖြစ်သည်။ မုံရွာ − ယာကြီး − ကလေးဝ − ကလေး ကားလမ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ် မေလအတွင်း ကားများ စတင်ပြေးဆွဲ နိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ကားလမ်းသည် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် သွားလာ၍ မရဘဲ မိုးရာသီတွင် မုံရွာမြို့နှင့် မန္တလေးမြို့များသို့ ဂန့်ဂေါလမ်းမှ သွားလာရကြောင်း သိရသည်။ ကလေးမြို့မှ ဂန့်ဂေါမြို့အထိ ရထားလမ်း ရှိပြီး ခရီးသွားသူများဖြင့် စည်ကားလျက်ရှိသော မီးရထားလမ်း ဖြစ်သည်။ ဂန့်ဂေါမြို့မှ ပခုက္ကမြို့အထိ မီးရထားဖြင့် တိုက်ရိုက် သွားလာနိုင်ကြောင်း သိရသည်။ "မိုးရာသီမှာ မုံရွာ − ယာကြီး − ကလေးဝ − ကလေး ကားလမ်းက တောင်တွင်းချောင်၊ မြို့မအထိ တော့ ကားသွားလို့ ရတယ်။ ကာလမ်း အရှည်ကတော့ ၁၁၅ မိုင် ရှည်တယ်။ အခု မုံရွာ − ယာကြီး ကားလမ်းကို BOT စနစ်နဲ့ မုံရွာအုပ်စု တည်ဆောက်ရေး ကုမ္ပဏီက ပြုပြင် တည်ဆောက်နေတယ်။ ကားလမ်းကလည်း မကြာခင် ကောင်းတော့မှာပါ။ မီးရထားလမ်းလည်း ဖောက်တော့မှာ ဆိုတော့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဒေသမှာ အားထားရမယ့် မီးရထားလမ်းကြီး ဖြစ်လာနိုင် ပါတယ်။ မုံရွာ − ယာကြီး − ကလေးဝ − ကလေး ကားလမ်းလည်း အာဆီယံ လမ်းမကြီး အဖြစ် ဖောက်လုပ်နေတာ ဆိုတော့ အိန္ဒိယနယ်စပ်အထိ သွားလာနိုင်တဲ့ လမ်းမကြီးလည်း ဖြစ်နိုင်ပါတယ်" ဟု ကလေးမြို့ခံ တစ်ဦးက ပြောသည်။ "အရင်တုန်းက ကားတောင် မြင်ဖူးတာ မဟုတ်ဘူး၊ မုံရွာ − ယာကြီး − ကလေးဝ − ကလေး ကားလမ်း ဖောက်လုပ်ပြီးမှ ကားတွေသွားလာပြီး ဒေသလည်း ဖွံဖြိုးလာတယ်" ဟု တောင်တွင်းချောင် ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။
ရန်ကျော် Via : (အမည်မမှတ်မိ) ဂျာနယ် တစ်စောင်မှာ ခရီးသွားရင်း တွေ့လို့ ဓါတ်ပုံရိုက်ယူထားတာ၊ ဒီသတင်းကို ရေးတဲ့ သတင်းထောက် နာမည်ပဲ ပါလာတယ်။
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular