Monday, September 16, 2024
HomeYinmarbinအာဆီယံ လမ်းမကြီး

အာဆီယံ လမ်းမကြီး

AseanHighwayRoads in Myanmar


အာဆီယံ လမ်းမကြီး ဆိုပြီး ကျွန်တော်တို့ ဆီကခေါ်ကြတဲ့ Asean Highway အကြောင်းကို ယင်းမာပင်ပြန်ရင်း နည်းနည်း စိတ်ဝင်စားမိလို့ ရှာကြည့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွက်တော့ အာဆီယံလမ်းမကြီးကို AH1, AH2, AH3, AH14 ဆိုပြီး လမ်းပိုင်း လေးခုရှိတာကို တွေ့ရပါတယ်။ အောက်က ပုံလေးကို ကြည့်လိုက်ရင် ပိုရှင်းသွားပါ လိမ့်မယ်။ ပုံပေါ်ကို ကလစ်နှိပ်လိုက်ရင် ဆိုဒ်အကြီးနဲ့ ရှင်းရှင်းလင်းလင်း ကြည့်နိုင်ပါလိမ့်မယ်။
AsiaHighway in Myanmar
(Click on the image to See Large Size One! ပုံပေါ်တွင်ကလစ်နှိပ်၍ ပုံအကြီးကို ကြည့်ရန်)
အဓိက ကတော့ မြန်မာနိုင်ငံ အနေနဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့ကို ဆက်သွယ်တဲ့ လမ်းမကြီးတွေလို့လည်း ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြတ်သွားမယ့် လမ်းပိုင်း လေးခုထဲက ကျွန်တော်တို့ ယင်းမာပင်မြို့နယ် နဲ့ သက်ဆိုတဲ့ AH1 လမ်းပိုင်းထဲက မန္တလေး − မူဆယ် ကြားထဲက လမ်းတွေအကြောင်းကိုပဲ ရေးလိုက်ပါတယ်။ AH 1 (166 KM): မြဝတီ (ထိုင်း မြန်မာ နယ်စပ်မြို့) – သထွန် – ပရကြီး ( – ရန်ကုန်) – တောင်ငူ – မိတ္ထီလာ – မန္တလေး – ဂန့်ဂေါ – ကလေး – မူဆယ်။ မန္တလေး ကနေ တမူးမြို့အထိ ဖြစ်ပြီး စုစုပေါင်း (၁၆၆ ကီလိုမီတာ) ရှည်ပါတယ်။ တမူးမြို့ဟာ နယ်စပ်မျဉ်းအရှည် (၆၀၄) ကီလိုမီတာ ထိစပ်နေတဲ့ မြန်မာ – အိန္ဒိယ နယ်စပ်မြို့တစ်ခုလည်း ဖြစ်ပါတယ်။ အရှည် (၈၀ ကီလိုမီတာ) ရှိတဲ့ မန္တလေး – မုံရွာ လမ်းပိုင်းဟာ နှစ်လမ်းသွား ကတ္တရာလမ်းမ ဖြစ်ပေမယ့် လမ်းအရှည် (၂၀၀ ကီလိုမီတာ) ရှိတဲ့ မုံရွာ – ပုလဲ – ဂန့်ဂေါ လမ်းပိုင်းကတော့ တစ်လမ်းသွား ကတ္တာရာလမ်းပဲ ရှိနေတာကြောင့် နှစ်လမ်းသွား အဖြစ်ချဲထွင် သွားရမှာ ဖြစ်ပါတယ်။ ဂန့်ဂေါမြို့ကနေ တမူးမြို့အထိ လမ်းအရှည် စုစုပေါင်း (၃၂၄) ကီလိုမီတာ ရှိတဲ့အနက် ဂန့်ဂေါ – ကလေးမြို့ လမ်းပိုင်းဟာ အရှည် (၁၈၀) ကီလိုမီတာ ရှည်တဲ့ မြေခင်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမြို့တမူးမြို့ လမ်းပိုင်းကတော့ (၁၄၄) ကီလိုမီတာ ရှည်တဲ့ နှစ်လမ်းသွား ကွန်ဂရစ်ခင်း ကတ္တရာလမ်း ဖြစ်ပါတယ်။ (ဘယ်လို ဖြစ်တာပါလိမ့်၊ ဂန့်ဂေါ – ကလေး ကားလမ်းက မြေလမ်း ဖြစ်ပြီး၊ ကလေး – တမူး ကြမှ ကွန်ဂရစ်လမ်း ဘာလို့ ဖြစ်နေတာလဲ လို့ တွေးမိကောင်း တွေးမိမယ် ထင်ပါတယ်၊ ဒီလမ်းပိုင်း ဒီလောက် ကောင်းရတဲ့ အကြောင်းက အိန္ဒိယအစိုးရကနေ လက်ဆောင်အဖြစ် ခင်းပေးထားတဲ့ လမ်းမို့ပါ။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ မှာ ဖွင့်လှစ်ခဲခြင်း ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော တမူးမြို့နဲ့ ကပ်လျက် တစ်ဖက်ကမ်းမှာ အိန္ဒိယ နယ်စပ်မြို့ Moreh ရှိနေတာကြောင့် ပါပဲ။ AH 2 (807 KM) : တာချီလိတ်(ထိုင်း မြန်မာ နယ်စပ်မြို့) – ကျိုင်းတုံ – တောင်ကြီး – မိတ္ထီလာမြို့ – မန္တလေး – တမူး (အိန္ဒိယ မြန်မာ နယ်စပ်မြို့)။ AH 3 (93 KM) : ကျိုင်းတုံ – မွန်ဂလ (တရုတ် မြန်မာ နယ်စပ်မြို့)။ AH 14 (451 KM) : မူဆယ် (တရုတ် မြန်မာ နယ်စပ်မြို့) – လားရှိုး – မန္တလေး။ မူဆယ် ကနေ မန္တလေးထိ ဖြစ်ပြီး စုစုပေါင်း (၄၅၁) ကီလိုမီတာ ရှည်ပါတယ်။ အာရှအနေနဲ့ ကြည့်မယ်ဆိုရင် Great Asian Highway ဆိုပြီး လူသိများတဲ့ Asian Highway (AH) ပရောဂျက်ဟာ အာရှ၊ ဥရောပ မှာရှိတဲ့ နိုင်ငံတွေနဲ့ အမေရိကန်၊ အာရှ ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်ကမရှင် (ESCAP) တို့ ပူပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခုပါ။ ဒီပရောဂျက်ဟာ အာရှ ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ဖွံဖြိုးမှု ပရောဂျက် Asian Land Transport Infrastructure Development (ALTID) ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း သုံးခုထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလောက်မှာပဲ ရပ်ထားလိုက်တော့မယ်၊ အချိန်ရရင်တော့ Asian Highway (AH) ပရောဂျက်နဲ့ ပတ်သက်တာတွေကို ဆက်ရေးပါ့မယ်။ ဒါပေမယ့် အဲဒီအကြောင်းတွေကိုတော့ ကျွန်တော့် Personal Blog (Ðiabolic Ðiary) မှာပဲ တင်ဖြစ်လိမ့်မယ် ထင်တယ်။ ခုလို လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးပါဗျာ…

Ref : http://en.wikipedia.org/wiki/Asian_Highway_Network http://en.wikipedia.org/wiki/Trans-Asian_Railway Asian Highway and Trans-Asian Railway routes through Myanmar-India-China Asian Highway Through Bangladesh : The Role Of Myanmar Strengthening Regional Transport Connectivity among BCIM Countries

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular