Sunday, September 8, 2024
HomeEssayသံတံတားကြီး(၂)

သံတံတားကြီး(၂)

 

အဲ… ဒီခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု တင်ထားတာရှိပြီးသားပါ၊ ဒါပေမယ့် ခုမှ သံတံတားကြီးရဲ့ဓါတ်ပုံတွေကို “ဒုက္ခာဦး”ဆီကနေထပ်ရ လာလို့ သံတံတားကြီး(၂)ဆိုပြီး ထပ်ရေးတင်လိုက်ပါတယ်။ အရင်ပိုစ့်အဟောင်းမှာ ရေးထားတဲ့ သံတံတားကြီးပေါ်က စာသားတွေ ကို ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ။ အောက်မှာ တစ်ချက်ကြည့်လိုက်ပါ။

P &W.MACLELLAN LTD
BURMA PROV.P.W.D
CONSTRACT NO.R6872
1915
CLUTHAWORKS.CLASSCOW


 

ယခင်ပို့စ်အဟောင်းမှာ ရေးထားတဲ့ သံတံတားကြီးပေါ်က စာသားအမှားအချို့ကို ပြင်ဆင်ရင်းကျွန်တော့်မှာရှိတဲ့ ဓါတ်ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ နောက်… “ဒုက္ခာဦး”ဆီက ရောက်လာတဲ့ ပုံတွေထဲကနေ သံတံတားကြီးပုံအချို့ကိုလည်း ထပ်တင်လိုက် ပါတယ်။

 

 

ဒါကတော့ သံတံတားကြီး အနောက်ဘက် မြို့လယ်ခေါင်ထဲကို သွားတဲ့ တံတားကြီးအဆင်းလမ်း မြင်ကွင်း ဖြစ်ပါတယ်။ဒီလမ်းမ အတိုင်းဆက်သွားလိုက်မယ် ဆိုရင် မြို့လယ်ခေါင်က ယင်းမာပင်မြို့မစျေး၊ လွတ်လပ်ရေးကျောက်တိုင်နဲ့ ဇောတိကစာသင်တိုက် တို့ကို ရောက်ရှိမှာဖြစ်ပြီး အဲဒီကနေ ဆက်သွားမယ် ဆိုရင်တော့ ကုလားတန်းလို့ခေါ်တဲ့ (ဂ)ရပ်ကွက်ဘက်ကို ရောက်ရှိမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ကတော့ မုံရွာဘက်ကနေလာတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါ အဝေးပြေးလမ်းမကိုပဲ အစွဲပြုပြီး သံတံတားကြီး အရှေ့ ဘက်ကို “တံတားကြီး အတက်”၊ သံတံတားကြီး အနောက်ဘက်ကို “တံတားကြီးအဆင်း” လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။

 

 

ဒီအောက်က ပုံလေးကတော့ သံတံတားကြီး အရှေ့ဘက် (တံတားကြီး အတက်) လမ်း မြင်ကွင်းလေး ဖြစ်ပါတယ်။ ဒီလမ်းအတိုင်း ဆက်လိုက်သွားမယ် ဆိုရင်တော့ အသစ်တိုးချဲ့ထားတဲ့ “တိုးချဲ့ကွက်သစ်ပိုင်း” (အရှေ့တိုးချဲ့လို့ ကျွန်တော်တို့က ခေါ်ပါတယ်) ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ပုံမှာမြင်နေရတဲ့ လမ်းညာဘက်ပိုင်းကို (ခ)တိုးချဲ့လို သတ်မှတ်ပြီး လမ်းဘယ်ဘက်ကို (ဂ) တိုးချဲ့ လို့ သတ်မှတ်ခေျဝေါ် ကြပါတယ်။

 

 

ဒီပုံကတော့ သံတံတားကြီးအရှေ့ဘက် (သံတံတားကြီး အတက်) ပိုင်းပါ…၊ ပုံမှာမြင်ရတဲ့ သံတံတားကြီးနားက သရက်ပင်ကြီးဟာ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသွားရင်း ခဲနဲ့ထုပြီး သရက်သီးခြွေစားနေကြပေါ့ဗျာ။ ခုတော့ သူ လည်း အသက်တော်တော်ကြီးလာလို့ သရက်သီး သီးနိုင်သေးရဲ့လားမသိဘူး။

 

စကားချပ် – ပုံတွေက သိပ်တော့မကောင်းပါ၊ “ဒုက္ခာဦး”က ညနေခင်းကြီးကျမှ အိပ်ယာကထပြီး ကယောင်ကတမ်းနဲ့ ရိုက်ယူလာပုံ ရပါတယ်…. :D/ နေနဲ့ မျက်နှာချင်းဆိုင်ပြီး ရိုက်ယူထားတဲ့ ဓါတ်ပုံများကို ဘယ်လိုမှ အလင်းချိန်မရပါ။ ကျွန်တော် တောင်းလိုက်တဲ့ ယင်းမာပင်ဓါတ်ပုံတွေသာ အလင်းအမှောင် ချိန်မကောင်းတာ… တခြားသူရိုက်ချင်တဲ့ပုံတွေကျ အယူအဆတွေမှန်လို့ ဘာ မှတောင် ပြင်စရာမလိုဘူး။ “ဒုက္ခာဦး”… မင်း မတရားဘူးနော်… ဟင်း ….

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular