Monday, September 16, 2024
HomeYinmarbinယင်းမာပင်မြို့နယ်တွင် လေဆင်နှာမောင်းငယ်နှစ်ခု တစ်ပြိုင်နက်တိုက်ခက်

ယင်းမာပင်မြို့နယ်တွင် လေဆင်နှာမောင်းငယ်နှစ်ခု တစ်ပြိုင်နက်တိုက်ခက်

မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်မွန်းလွဲ ၃နာရီအချိန် ကောင်းကင်ယံတွင် လေဆင်နှာမောင်းငယ်နှစ်ခု တစ်ပြိုင်နက်တည်း တိုက်ခတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

“ကောင်းကင်မှာ မိုးတွေအုံ့ဆိုင်းနေတဲ့အချိန် မိုးတိမ်တွေကြားက အနက်ရောင်တိမ်ကြောင်းလေးတစ်ခု အောက်ဘက်ကိုဆင်းနေ တာ စတွေ့တယ်။ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး လေဆင်နှာမောင်းအသွင် အောက်ကနေအထက်ကို ဝဲကတော့ထိုးတက်နေ တယ်။ လေဆင်နှာမောင်းက မြေကြီးအထိတော့မရောက်ဘူးလေ။ လေထဲမှာပဲ ကောင်းကင်ပေါ်ပြန်တက်သွားတယ်။လေဆင်နှာမောင်းတစ်ခုက မိုးတိမ်တိုက်အောက်ကို ငါးမိနစ်နဲ့ပျောက်ကွယ်သွားတယ်။ လေဆင်နှာမောင်း နည်းနည်းကြီးတာ ကတော့ ဆယ်မိနစ်ကျော်ကျော် မြင်တွေ့ခဲ့ရတယ်။ လေဆင်နှာမောင်းနှစ်ခုလုံး စက်တင်ဘာလ ၃၀ ရက်မွန်းလွဲ ၃ နာရီခွဲမှာ တစ်ပြိုင်နက်တည်း မြင်တွေ့ခဲ့တယ် ” ဟု ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

“စက်တင်ဘာလ ၂၈ ရက်မွန်းလွဲပိုင်းမှာလည်း ကောင်းကင်မှာ လေဆင်နှာမောင်းလို လေပြင်းတိုက်တဲ့ဝဲဂယက်ကြီး တွေ့ခဲ့ရ တယ်။  အခု စက်တင်ဘာလ ၃၀ ညနေပိုင်းမှာလည်း လေဆင်နှာမောင်းငယ်နှစ်ခုကို ကောင်းကင်နှစ်ခုကို ကောင်းကင်မှာ မြင်ခဲ့ ရတယ်။ လေဆင်နှာမောင်း လို ဝဲဂယက်တွေကြောင့် မြေပြင်မှာ အပင်တွေလဲ အိမ်တွေပြိုနဲ့ ကြုံတွေ့ရမယ်လို့ ထင်နေတာ။ အခု ကောင်းကင်မှာ လေပြင်းတိုက်တာဆိုတော့ မြေပြင်မှာ ပျက်စီးသွားတာကတော့ မကြားမိသေးဘူး။ မိုးတော့ သည်းတယ်” ဟု ယင်းမာပင်မြိုနယ်အတွင်း လေဆင်နှာမောင်းငယ်နှစ်ခု တစ်ပြိုင်နက် တိုက်ခက်မှုကို နယ်ကျေးရွာဒေသခံတစ်ဦးက မျက်မြင် ကြုံတွေ့ ခဲ့ရပုံ ကို ပြောသည်။

အဆိုပါကောင်းကင်ယံမှ လေဆင်နှာမောင်းငယ်နှစ်ခု တိုက်ခတ်မှုကြောင့် မြေပြင်တွင် လေပြင်းတိုက်ခတ်ခြင်း၊ အပင်နှင့်လူနေ အိမ်များ လဲပြိုပျက်စီး ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း သိရသည်။

Via: 7 Day News Journal

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular